
ဝါရှင်တန် အောက်တိုဘာ ၁၂
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် အစ္စရေး-ပါလက် စတိုင်းပဋိပက္ခနှင့်ပတ်သက်ပြီး လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို ဝေဖန်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဆယ်စု နှစ်ပေါင်းများစွာ မကျေလည်မှုများ ဖြစ်ခဲ့ပြီးနောက် မကြာသေးမီက အစ္စရေးက ဂျနင်း မြို့ဒုက္ခသည်စခန်းကို ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့သဖြင့် ပါလက် စတိုင်း အနည်းဆုံး ၁၀ ဦး သေဆုံး ခဲ့သလို ပါလက်စတိုင်းတစ်ဦးက အစ္စရေးနိုင်ငံ တယ်လ်အဗီမြို့ ဈေးဝယ်စင်တာတစ်ခု၌ ကားနှင့် ဝင်တိုက်ခိုက်ခဲ့သဖြင့် လူခုနစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည့် အနက် သုံးဦးသေဆုံးခဲ့သည်။ ယင်းသို့ အပြန်အလှန်တစ်ဖက်နှင့် တစ်ဖက် အကြမ်းဖက်တိုက်ခိုက်မှု တွေဖြစ်ခဲ့ပြီးနောက် ယခုအခါတွင် အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ပြီး ပဋိပက္ခအသွင်ဆောင်လာခဲ့သည်။
ယခုလို ပါလက်စတိုင်း အစ္စ လာမ္မစ် စစ်သွေးကြွအုပ်စု ဟားမားစ်တို့၏ အစ္စရေးကို ဆန့်ကျင် တိုက်ခိုက်လာသည် အထိ ကြီးမားသောတိုက်ခိုက်မှု များ ဖြစ်ပေါ်လာသည့်အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ နိုင်ငံရေးမူဝါဒ ကျဆုံးခဲ့ပြီလား ဆိုပြီး တွေးဆထင်မြင်မိကြောင်း အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ပြစ်တင်ခဲ့ခြင်း ဖြစ်သည်။
ဖလော်ရီဒါပြည်နယ်ရှိ လူထု ထောက်ခံပွဲတစ်ခု၌ ထရမ့်က ဟားမားစ် ထောက်ခံအီရန်အပေါ် အရေးယူပိတ်ဆို့မှုတွေ လျှော့ချ လိုက်သည့် ဘိုင်ဒင်အစိုးရ၏ ဆုံးဖြတ်ချက်အပေါ် ထောက်ပြ ပြောဆိုခဲ့သည်။
မိမိ၏ ဦးဆောင်မှုအောက်တွင် အမေရိကန် ပြည်ထောင်စုသည် အကြမ်းဖက် အုပ်စုဖြစ်သည့် ဟားမားစ်တို့ကို အနိုင်ယူတိုက် ခိုက်ခဲ့ခြင်း၊ ဖျက်သိမ်းခဲ့ခြင်းနှင့် အမြဲတစေ ဖျက်ဆီးခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြင့် အစ္စရေးကို လုံးလုံးလျားလျား ထောက်ပံ့ပေးခဲ့ ကြောင်း ထရမ့်က ပြောသည်။
အမေရိကန် သတင်းမီဒီယာ များသည် အစ္စရေး-ပါလက်စတိုင်း အကြမ်းဖက်ပဋိပက္ခနှင့် ပတ်သက် ပြီး သတင်းများ တွင်တွင် ကျယ်ကျယ် ဖော်ပြလျက်ရှိသည်။
နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှုအတွင်း အစ္စရေး ဘက်မှ သေဆုံးသူပေါင်း ၁၃၀၀ အထိရောက်ရှိခဲ့ပြီး ၃၂၆၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ၄၄၃ ဦးမှာ ဆေးရုံ တင်ထားရဆဲဖြစ်သည်။
ထို့အတူ အစ္စရေးတို့၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၃၅၄ ဦး သေဆုံး ခဲ့ပြီး ၆၀၄၉ ဦး ဒဏ်ရာရရှိခဲ့ သည်။
ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ