အစ္စရေးတွင် ကာကွယ်ဆေးနှင့်ပတ်သက်၍  စိုးရိမ်မှုများရှိလာသော်လည်း  ဗြိတိန်နိုင်ငံတွင်မူ ကန့်သတ်ချက်များ ဖြေလျှော့ပေးတော့မည် 

Type
11


 

နှင်းမိုးအိမ်

 

ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က အင်္ဂလန်၏ နေရာအစိတ်အပိုင်းအများစုတွင် ကိုဗစ် -၁၉ ကန့်သတ်ချက်များကို ဖြေလျှော့ပေးတော့မည်ဟု ဇူလိုင် ၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ဇူလိုင် ၁၉ ရက်မှစတင်ကာ ပါးစပ်၊ နှာခေါင်းစည်းဝတ်ဆင်ခြင်းနှင့် လူအချင်းချင်းခပ်ခွာခွာနေခြင်းတို့အပါအဝင် အခြားသောကန့်သတ်ချက်များကို ဖြေလျှော့ပေးတော့မည်ဖြစ်သည်။

ဖြေလျှော့ပေးတော့မည်
အစိုးရ၏အမိန့်ညွှန်ကြားချက်များထက်  မိမိ တို့     တာဝန်သိစိတ်ဖြင့်     လိုက်နာခြင်းကိုသာ တိုက်တွန်းမည်ဟု      ပြောကြားခဲ့သည်။ အစ္စရေး နိုင်ငံတွင်မူ      ကိုဗစ် - ၁၉  ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့်   ထိုးပေးနေသော်လည်း အန္တရာယ်များပြားလှသည့်  ကိုဗစ် - ၁၉ ဗီဇပြောင်း ဒယ်လ်တာကို   တိုက်ဖျက်ပေးရာတွင်မူ   အကျိုး အာနိသင် နည်းပါးနေသည်ဟု အစ္စရေးမှ ကျွမ်းကျင် ပညာရှင်များကပြောသည်။ ယင်းသို့ အခြေအနေ မျိုးနှင့်   ကြုံတွေ့နေရသည့်   အခိုက်အတန့်တွင် ဗြိတိန်ဝန်ကြီးချုပ်က နိုင်ငံအတွင်း  ကိုဗစ် - ၁၉ ကန့်သတ်ချက်အများစုကို ဖြေလျှော့ပေးတော့မည် ဟု ကြေညာခဲ့ခြင်းဖြစ်သည်။ 
ရွှေ့ဆိုင်းပေးခဲ့ရ
အာဖရိကတစ်လွှားတွင်လည်း  ကိုဗစ် - ၁၉  ကူးစက်မှုများ    စံချိန်တင်   များပြားနေသည်ဟု အေအက်ဖ်ပီက  ကောက်ယူထားသည့်  အချက် အလက်များအရ  သိရသည်။ လွန်ခဲ့သည့်လအတွင်း ကလည်း  ဇွန် ၁၂ ရက်တွင်  သွားလာမှုများကို ကန့်သတ်ထားခြင်းမှ  အပြည့်အဝ  ဖယ်ရှားပေး မည့်အစီအစဉ်ကို   ဗြိတိန်ဝန်ကြီးချုပ်  ရွှေ့ဆိုင်း ပေးခဲ့ရသည်။      ကူးစက်မြန်        ဒယ်လ်တာ၏    ကြောက်မက်ဖွယ်ကူးစက်မှုများ          ပြန်လည် ပေါ်ပေါက်လာသည့်အတွက်ကြောင့်  ဖြစ်သည်။ ယခုအခါ     အဆိုပါဗိုင်းရပ်စ်ကူးစက်မှုမှာ   ဗြိတိန် နိုင်ငံတစ်လွှားတွေ့ရှိနေရပြီဖြစ်သည်။ 
အချိန်လိုသေးသည်
ဆေးရုံတက်ရောက်ကုသရမှုများ၊  သေဆုံးမှု များတိုးလာသည့်အတွက် ကာကွယ်ဆေးအစုလိုက် ထိုးပေးခြင်းများကို  ရပ်တန့်ထားရသည်။ အဆိုပါ ကပ်ရောဂါကြီးမှာ ပြီးဆုံးရန် အချိန်လိုသေးသည်ဟု ဘောရစ်ဂျွန်ဆင်ကပြောသည်။    ကိုဗစ် - ၁၉ ကြောင့်   သေဆုံးမှုများ    များပြားလာနိုင်သည့် အတွက်   မိမိကိုယ်ကို  သက်သာရာရအောင် ကြိုးပမ်းရမည်ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။    သို့သော်လည်း    ဗြိတိန်တွင်    ထိရောက်သည့်   ကာကွယ်ဆေးထိုးနှံပေးမှုများကြောင့် ကန့်သတ်ထားရှိမှုများကိုဖြေလျှော့နိုင်ရေး ဦးတည်လျက်ရှိ သည်ဟု ၎င်းကဆက်ပြောသည်။ 
တဖြည်းဖြည်းချင်း  ဖြေလျှော့ပေးမည်
တရားဝင်ကန့်သတ်ချက်များကိုဖြေလျှော့ပေးပြီး  ပြည်သူများအနေဖြင့်  မိမိတို့အသိစိတ်ဓာတ် ဖြင့်သာ   လိုက်နာသွားကြရန်   တိုက်တွန်းမည် ဖြစ်သည်။ ဗြိတိန်ဝန်ကြီးချုပ်၏ ကြေညာချက်မှာအင်္ဂလန်အတွက်ဖြစ်ပြီး ကျန်းမာရေးအခြေအနေများတိုးတက်လာသည့်အတွက် ယခုလိုကြေညာ ခဲ့ခြင်းဖြစ်သည်။   စကော့တလန်၊   ဝေလနယ်နှင့် မြောက်အိုင်ယာလန်တို့တွင်မူ       ကိုဗစ် -၁၉ ကန့်သတ်ချက်များကို       တဖြည်းဖြည်းချင်း ဖြေလျှော့ပေးမည်ဖြစ်သည်။  အစ္စရေးနိုင်ငံတွင် ကိုဗစ် -၁၉     ကာကွယ်ဆေးထိုးပေးရာတွင် ဦးဆောင်နေသည့်  ကျွမ်းကျင်ပညာရှင်များက ၎င်းတို့၏   စိုးရိမ်ပူပန်မှုကို ဇူလိုင်  ၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ 
၆၄ ရာခိုင်နှုန်းသို့ထိုးကျ 
ဖိုက်ဇာကာကွယ်ဆေးများမှာ   အပျော့စား ဖျားနာမှုကို ကာကွယ်ပေးရာတွင် အကျိုးသက် ရောက်မှုနည်းကောင်းနည်းနိုင်သည်ဟု ပြောကြား ခဲ့သည်။ နိုင်ငံတစ်ဝန်းဒယ်တာ  ဗိုင်းရပ်စ်   ပျံ့နှံ့ သည့်အချိန်တွင် ကာကွယ်ဆေး၏စွမ်းဆောင်ရည် မှာ ၆၄  ရာခိုင်နှုန်းသို့      ထိုးကျသွားသည်ဟု သုတေသနပြုချက်များက   ပြသလျက်ရှိကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ သည်။ သို့သော်လည်း ကိုဗစ် -၁၉ ကြောင့် ဆိုးဆိုး ရွားရွား ဖျားနာခြင်းနှင့် ဆေးရုံတက်ရောက်ကုသရမှုနှုန်းကိုမူ ၉၃ ရာခိုင်နှုန်းအကာအကွယ်ပေးဆဲ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ရုန်းကန်နေရဆဲဖြစ်
ဗီဇပြောင်းဒယ်လ်တာကူးစက်မှုမှာ      အရှိန် အဟုန်ဖြင့်ပျံ့နှံ့နေသည်ဟု   အစ္စရေးဝန်ကြီးချုပ် နာ့ဖ်တာလီဘန်နက်က  ဇူလိုင် ၃ ရက်တွင် သတိ ပေးပြောကြားခဲ့သည်။ ထို့ကြောင့်  အစ္စရေးနိုင်ငံ တွင်ပြီးခဲ့သည့်လအတွင်းက ဖြေလျှော့ပေးခဲ့သည့် ကိုဗစ် -၁၉ ကန့်သတ်ချက်များကို    ပြန်လည် ကျင့်သုံးနေရသည်။ ချမ်းသာသည့် နိုင်ငံကြီးများ တွင်  ကာကွယ်ဆေး  အင်တိုက်အားတိုက်ထိုးပေးနိုင်ခြင်းကြောင့် အကျိုးရလဒ်များခံစားနေရသော် လည်း ကမ္ဘာ့ တခြားအစိတ်အပိုင်းဒေသများတွင်မူ ကာကွယ်ဆေးရရှိရေးအတွက် ရုန်းကန်နေရဆဲဖြစ် သည်။ 
အကျိုးဆက်များပင်ဖြစ်
အာဖရိကတွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်း ကိုဗစ် -၁၉ကူးစက်မှုများ စံချိန်တင်များပြားခဲ့ပြီး တစ်ရက်အတွင်း  နောက်ထပ်အသစ်ကူးစက်မှု ၃၆၀၀၀ နှင့်ရင်ဆိုင်နေရသည်ဟု တရားဝင်အချက် အလက်များကို  အခြေခံကာ    အေအက်ဖ်ပီတွင် ဖော်ပြထားသည်။ အာဖရိကတစ်လွှား အဆိုးဆုံး ကိုဗစ် - ၁၉ ကူးစက်မှုဒဏ်ခံနေရသည့်  တိုင်းပြည် မှာ တောင်အာဖရိကပင်ဖြစ်သည်။      ပြီးခဲ့သည့် သီတင်းပတ်အတွင်း နောက်ထပ်ကူးစက်ခံရမှုပေါင်း ၂၆၀၀၀ နှင့် ကြုံတွေ့ခဲ့ရသည်။ ယင်းသို့ကူးစက် မှုများ      များပြားလာရခြင်းမှာ      ဗီဇပြောင်း   ဒယ်လ်တာ၏အကျိုးဆက်များပင်ဖြစ်သည်။ 
လူတိုင်းကျေနပ်ခြင်းမရှိ 
နောက်ထပ်ပြဿနာတစ်ခုမှာ  အာဖရိနိုင်ငံ များတွင် ကိုဗစ် -၁၉ ကာကွယ်ဆေးပြတ်လပ်မှု နှင့် ကြုံတွေ့နေရခြင်းပင် ဖြစ်သည်။ အေအက်ဖ်ပီ ၏  တွက်ချက်မှုအရ   လူအယောက်တစ်ရာလျှင်  ၃ ဒသမ၆၆ ရာခိုင်နှုန်းကာကွယ်ဆေးထိုးပေးပြီး ဖြစ်သည်။  ဥရောပတွင်မူ ၆၈ ဒသမ ၃ ရာခိုင်နှုန်းထိုးပေးနိုင်သည်ကိုတွေ့ရသည်။ ဗြိတိန်နိုင်ငံတွင်မူ အရွယ်ရောက်ပြီးသူ ၈၆ ရာခိုင်နှုန်းကိုအနည်းဆုံးကာကွယ်ဆေးတစ်ကြိမ်  ထိုးပေးပြီးဖြစ်သည်။ နှစ်ကြိမ်တိုင်တိုင် ကာကွယ်ဆေးထိုးပြီးသူ ၆၃ ရာခိုင်နှုန်းရှိသည်။ သို့သော်လည်း ယခု ဗြိတိန် ဝန်ကြီးချုပ်၏  ကြေညာချက်ကို  လူတိုင်းကျေနပ် ခြင်း  မရှိပေ။ 
သေဆုံးမှု မြင့်မားနေဆဲ 
အင်္ဂလန်ရှိဆေးဘက်ဆိုင်ရာ အကြီးအကဲဖြစ်သူ ခရစ်ဝှစ်တီကမူ     လူထူထပ်သည့်နေရာများကို သွားလာသည့်အခါနှင့်  အဆောက်အအုံအတွင်း နေထိုင်သည့်အခါမျိုးတွင် ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ဆဲဖြစ်သည်ဟု ပြောသည်။ 
အမေရိကန်သမ္မတ     ဂျိုးဘိုင်ဒင်ကလည်း  လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပစဉ်အတွင်း    ကိုဗစ် -၁၉ ကပ်ရောဂါ  ပြီးဆုံးရန်   အချိန်လိုသေး သည်ဟု ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံတွင် ကိုဗစ် - ၁၉  ကြောင့်    သေဆုံးသူ   ၆၀၅၀၀၀   ရှိပြီး   တခြားသောနိုင်ငံများနှင့်    နှိုင်းယှဉ်လျှင် သေဆုံးမှု မြင့်မားနေဆဲဖြစ်သည်။  ။   
ကိုးကား -အေအက်ဖ်ပီ