အောင်ဘာလေသိန်းထီကံစမ်းသူ မိဘပြည်သူများသို့ အသိပေးကြေညာချက်

 

၁။    ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆု ဌာနခွဲအနေဖြင့်   အောင်ဘာလေ သိန်းထီကံစမ်းသူ  မိဘပြည်သူ များမှ  ထီလက်မှတ်များကို  အဆင်ပြေချောမွေ့စွာ  ဝယ်ယူ ကံစမ်းနိုင်စေရေးအတွက်   အောင်ဘာလေသိန်းထီလက်မှတ် များအား လစဉ်ရောင်းချပေးလျက်ရှိပြီး ထီဖွင့်ပွဲများကိုလည်း လစဉ်လဆန်း (၁) ရက်နေ့တွင်  ကျင်းပပေးလျက်ရှိပါသည်။

 


၂။    အောင်ဘာလေသိန်းထီ    ဆုမဲများ      ခွဲဝေချီးမြှင့်ရာတွင် အောင်ဘာလေသိန်းထီ    အကြိမ်စဉ်အလိုက်     ထီလက်မှတ် ရောင်းရငွေ   စုစုပေါင်း၏  ၆၀  ရာခိုင်နှုန်းကို   ဆုမဲများအဖြစ် ခွဲဝေပေးလျက်ရှိပြီး  ကျန် ၄၀ ရာခိုင်နှုန်းကို အောင်ဘာလေ သိန်းဆုခွန်အဖြစ် နိုင်ငံတော်က ရယူလျက်ရှိပါသည်။

 


၃။    ထီဆုငွေထုတ်ယူခြင်းနှင့်   စပ်လျဉ်း၍   လက်ရှိကာလတွင် ငွေထုတ်ယူခြင်းဆိုင်ရာ    ကန့်သတ်ချက်များ     ရှိနေသော်လည်း ထီကံစမ်းသူများအနေဖြင့် ထီဆုငွေများကို အဆင်ပြေစွာထုတ်ယူ နိုင်စေရေးအတွက် ထီဆုငွေ ကျပ်သိန်းငါးရာအထိကို တစ်လုံး တစ်ခဲတည်း ထုတ်ပေးလျက်ပြီး ကျန်ဆုငွေများကို သတ်မှတ် ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိပါသည်။

 


၄။    ယခုအခါ     အောင်ဘာလေသိန်းထီကံစမ်းသူ   မိဘ ပြည်သူများအတွက် ဆုမဲအရေအတွက် ပိုမိုခွဲဝေပေးနိုင်ရန် နှင့် ထီဆုငွေများကို  ပိုမိုအဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင် စေရေးအတွက်  (၁-၉-၂၀၂၁)  ရက်နေ့တွင် ဖွင့်လှစ်မည့် အကြိမ် (၃၀) မြောက် အောင်ဘာလေသိန်းထီဖွင့်ပွဲမှစ၍ ထီဆုငွေပမာဏအား ထီလက်မှတ်ရောင်းရငွေ စုစုပေါင်း ၏ ၇၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ခွဲဝေပေးသွားမည် ဖြစ်ပါကြောင်း နှင့်    ထီဆုငွေများအားလုံးကို       ငွေထုတ်ကန့်သတ်ချက် မထားဘဲ    အပြည့်အဝ  ထုတ်ယူခွင့်ပြုသွားမည်   ဖြစ်ပါ ကြောင်း အသိပေးကြေညာအပ်ပါသည်။ 

                 ပြည်တွင်းအခွန်များဦးစီးဌာန      
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန