အောင်လအန်ဆန်နှင့် ဖန်ယုံပွဲစဉ်ပါဝင်မည့် ONE Fight Night-10 ပြိုင်ပွဲကျင်းပမည်

 

ONE Championship အဖွဲ့အစည်းသည် မေ ၅ ရက် (မြန်မာစံတော်ချိန် မေ ၆ ရက် နံနက်ပိုင်း) တွင်    အမေရိကန်နိုင်ငံ၌   ONE Fight Night-10 ပြိုင်ပွဲကျင်းပမည်ဖြစ်ပြီး တွဲဆိုင်း ၁၁ ဆိုင်း ပါဝင်မည်ဖြစ်သည်။

 


 ယင်းပြိုင်ပွဲတွင် မြန်မာ   MMA  ဖိုက်တာ အောင်လအန်ဆန်နှင့် တရုတ်နိုင်ငံသား ဖန်ယုံတို့ ယှဉ်ပြိုင်ထိုးသတ်မည့် စိန်ခေါ်ပွဲပါဝင်မည်ဖြစ်ပြီး Main Event တစ်ပွဲ၊     Co-Main Event နှစ်ပွဲနှင့် စိန်ခေါ်ပွဲ ရှစ်ပွဲ  ထည့်သွင်းကျင်းပမည်ဖြစ် သည်။  အောင်လအန်ဆန်သည် ယခုနှစ်အတွင်း ဒုတိယမြောက်ပွဲ ထိုးသတ်ရခြင်းဖြစ်ပြီး   ယခုပွဲ ထပ်မံအနိုင်ရပါက  ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲ  ထိုးသတ်ခွင့်ရဖွယ်ရှိနေ သည်။   အောင်လအန်ဆန်သည် ယခုနှစ်ဆန်းပိုင်းက ထိုးသတ်သည့် ဘရာဇီးနိုင်ငံသား ဂယ်ဗိုနှင့်ပွဲတွင် ပထမအချီ၌   အလဲထိုးအနိုင်ရခဲ့ သည်။   အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း  ကမ္ဘာ့ချန်ပီယံ ခါးပတ် လက်လွှတ်ခဲ့ရပြီး နောက်ပိုင်း  ချန်ပီယံဆု စိန်ခေါ်ခွင့်မရသေးဘဲ ယခုပွဲအနိုင်ရပါက ယင်းအခွင့်အရေး ရလာဖွယ်ရှိနေသည်။

 


ယင်းပြိုင်ပွဲတွင် အဓိကတွဲဆိုင်း အဖြစ် ဖလိုင်းဝိတ်တန်း   ကမ္ဘာ့ ချန်ပီယံလုပွဲ     ကျင်းပမည်ဖြစ် ပြီး   လက်ရှိချန်ပီယံ   ဂျွန်ဆင် (အမေရိကန်) နှင့် စိန်ခေါ်သူ အက် ဒရီယာနို  (ဘရာဇီး)   ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်သည်။  Co-Main Event များအဖြစ် မွေထိုင်းဖလိုင်း ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် လက်ရှိချန်ပီယံ ရော့ထောင်း (ထိုင်း) နှင့် စိန်ခေါ်သူ အက်ဂါ (မက္ကဆီကို)၊ ဖလိုင်းဝိတ်တန်း  Submission Grappling ကမ္ဘာ့ချန်ပီယံလုပွဲတွင် လက်ရှိချန်ပီယံ မစ်ကီ (အမေရိကန်) နှင့်    စိန်ခေါ်သူ    အိုဆင်မန် (အီဂျစ်)  တို့ ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။    စိန်ခေါ်ပွဲများအဖြစ် စတန့် (ထိုင်း) နှင့်   အန်ဒါဆင် (အမေရိကန်)၊   ရော်ဘာတို  (ခရို အေးရှား) နှင့် ဇီဘာတီယန်  (ဆွီဒင်)၊ အောင်လအန်ဆန်    (မြန်မာ) နှင့် ဖန်ယုံ (တရုတ်)၊ ဆာဂီ (အမေရိကန်) နှင့်    အာမက်     (ပါကစ္စတန်)၊  ဘန်တန် (အမေရိကန်) နှင့် မာတင်  (သြစတြေးလျ)၊ ဒီရစ်ဒါ (နယ်သာ လန်) နှင့် ရော့တိုလို (အမေ ရိကန်)၊ ကီရာယတ်   (ကာဇက်စတန်) နှင့် ရီဆီမက္ကလာရင် (သြစတြေးလျ)၊ လိုဝန် (အမေရိကန်) နှင့် အော့ရေး ယွန် (တောင်ကိုရီးယား) တို့ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်သည်။ စိန်ခေါ်ပွဲ များတွင် အမျိုးသမီးတွဲဆိုင်း နှစ်ပွဲ ပါဝင်မည်ဖြစ်ပြီး      ဒီရစ်ဒါနှင့် ရော့တိုလိုတို့ပွဲကို မစ်ဒယ်ဝိတ်တန်း Submission Grappling ပွဲစဉ်အဖြစ် ကျင်းပမည်ဖြစ်သည်။  


ရဲရင့်လွင်