
နေပြည်တော် ဩဂုတ် ၁၀
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက် ဆင်များရှင်သာသနာ့ ရိပ်သာမှ ဆရာတော်၊ သံဃာတော်များနှင့် ရပ်ကွက် အတွင်းရှိ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်း က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံ ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်ရှိ ဓမ္မာရုံ ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့ က သံဃာတော် ၅၆ ပါးနှင် ဒေသခံပြည်သူ ၆၄ ဦးတို့ အား သွေးတိုးရောဂါ၊ အဆစ်အမျက်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေး ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ် သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးဆိုင်ရာ အသိပညာ ပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးကာ ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သည့် လူနာများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင် ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို မန္တလေးတပ်နယ် မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်