
ရန်ကုန် ဇန်နဝါရီ ၇
2022 AFF Cup ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ (ဒုတိယနေ့) ကို ဇန်နဝါရီ ၇ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ဘူကစ်ဂျာလီကွင်း၌ ကျင်းပရာ မလေးရှားအသင်းက လက်ရှိချန်ပီယံ ထိုင်းအသင်း ကို တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
လက်ရှိချန်ပီယံ ထိုင်းအသင်းသည် အဝေးကွင်း ၌ မလေးရှားအသင်းကို အရေးနိမ့်ခဲ့သဖြင့် ဗိုလ်လုပွဲ တက်ရောက်နိုင်ရန် ရုန်းကန်ရတော့မည်ဖြစ်သည်။ မလေးရှားအသင်းသည် ပုံစံကောင်းပြသနိုင်ခဲ့ပြီး အိမ်ကွင်း၌ ထိုက်ထိုက်တန်တန် အနိုင်ယူခဲ့ ခြင်းဖြစ်သည်။ မလေးရှားအသင်း က ၁၁ မိနစ်မှာပင် ဂိုးစတင်ရရှိခဲ့ ခြင်းဖြစ်သည်။ မလေးရှားအသင်း အတွက် အနိုင်ဂိုးကို အဗ္ဗဒူဟာ လင်မ်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ထိုင်းအသင်း က ချေပဂိုးရရန် ကြိုးပမ်းခဲ့သော် လည်း မလေးရှားအသင်းက အကောင်းဆုံးထိန်းချုပ်ကာ နိုင်ပွဲ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိချန်ပီယံ ထိုင်းအသင်း နှင့် မလေးရှားအသင်းတို့၏ ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို ဇန်နဝါရီ ၁၀ ရက်တွင် ထိုင်းနိုင်ငံ၌ ဆက်လက်ကျင်းပမည်ဖြစ်သည်။
ရဲရင့်လွင်၊ဓာတ်ပုံ-FAM