AFF Cup ပြိုင်ပွဲ အုပ်စု (ခ) ဒုတိယနေ့အဖြစ် စင်ကာပူနှင့် မြန်မာ၊ မလေးရှားနှင့် လာအို ယနေ့ကစားမည်

 

၂၀၂၂ AFF Cup  ပြိုင်ပွဲ    အုပ်စု (ခ) ဒုတိယနေ့ကို    ဒီဇင်ဘာ  ၂၄  ရက်  (ယနေ့) ဆက်လက်ကျင်းပ မည်ဖြစ်ပြီး စင်ကာပူနှင့်   မြန်မာ၊   မလေးရှားနှင့် လာအိုအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 


စင်ကာပူနှင့်  မြန်မာပွဲအတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို  ဒီဇင်ဘာ ၂၃ ရက်က စင်ကာပူနိုင်ငံ၌ ကျင်းပသည်။ မြန်မာအသင်းနည်းပြချုပ် အန်တွမ် နီဟေး က    “ကျွန်တော်တို့အသင်းက   ပြီးခဲ့တဲ့ ပြိုင်ပွဲတွေ  ယှဉ်ပြိုင်ခဲ့တဲ့   အသင်းမဟုတ်တော့ဘဲ    အခုအချိန်မှာ    အပြောင်းအလဲအများကြီး    ပြုလုပ် ထားပါတယ်။ မလေးရှားနဲ့ပွဲမှာ    အရေးနိမ့်ခဲ့ပေမယ့် မိနစ် ၉၀ ကျော်   ကစားအားမကျဘဲ  ကစားနိုင်ခဲ့ပါ တယ်။     အုပ်စုပထမပွဲမှာ  အရေးနိမ့်ခဲ့တဲ့အတွက် လက်ကျန်ပွဲတွေမှာ အများကြီးရုန်းကန်ရမှာပါ။ ရမှတ် ခုနစ်မှတ်ရဖို့  အုပ်စုတက်ဖို့ မျှော်လင့်နိုင်မှာဖြစ်လို့ အဝေးကွင်းပွဲတွေက အရေးကြီးပါ တယ်။ အနိုင်သုံးမှတ်ရဖို့  ကြိုးစားမှာဖြစ်ပြီး  တစ်သင်းလုံး ဒဏ်ရာ  ပြဿနာ ကင်းစင်ပါတယ်။ ဒါပေမယ့်မြက်ခင်းတုကွင်းမှာ ကစားရမှာဖြစ်လို့ ခက်မှာပါ။ မြက်ခင်းတုကွင်းက  ကစားသမားတွေ ဒဏ်ရာရ လွယ်ကူလို့ဖြစ်ပါတယ်”ဟုပြောကြားသည်။  ယနေ့ကစားမည့်  လေးသင်းအနက် စင်ကာပူအသင်းမှာ ပထမဆုံးပွဲကစားရခြင်းဖြစ်ပြီး ကျန်သုံးသင်းမှာမူ ဒုတိယပွဲကစားရခြင်းဖြစ်သည်။

 

အုပ်စုပထမပွဲတွင် အနိုင်ရထားသည့် မလေးရှားအသင်းအနေဖြင့်  အိမ်ကွင်း၌  လာအိုအသင်းနှင့်  ကစား ရမည်ဖြစ်သောကြောင့်   နိုင်ပွဲဆက်ရန်   အခြေအနေကောင်းနေပြီး    မြန်မာအသင်းမှာမူ  နောက်တစ်ဆင့်တက်ရောက်ရေး  မျှော်လင့်ချက် အတွက် ယခုပွဲတွင် ရလဒ်ကောင်းရယူနိုင်ရန် လိုအပ်နေသည်။

 


အုပ်စု (ခ)  ဒုတိယနေ့အဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲတွင် စင်ကာပူနိုင်ငံရှိ ဂျလန်ဘီဆာကွင်း၌ စင်ကာပူအသင်းနှင့် မြန်မာအသင်း၊   မြန်မာစံတော်ချိန်   ည ၇ နာရီတွင်   မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ဘူကစ်ဂျာလီကွင်း၌ မလေးရှားအသင်းနှင့် လာအို အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။                                

 ရဲရင့်လွင်