AFF Cup ပြိုင်ပွဲ အုပ်စု(က)တွင် အင်ဒိုနီးရှားအသင်း အဖွင့်လှပြီး ဖိလစ်ပိုင်အသင်း နိုင်ပွဲစတင်ရရှိ

 

၂၀၂၂  AFF Cup ပြိုင်ပွဲ အုပ်စု (က) ဒုတိယနေ့ကို  ဒီဇင်ဘာ ၂၃ ရက်က အင်ဒိုနီးရှားနိုင်ငံနှင့်   ဖိလစ်ပိုင် နိုင်ငံ၌   ဆက်လက်ကျင်းပရာ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်အသင်း အိမ်ကွင်း၌ အနိုင်ရရှိခဲ့သည်။

 


ဒုတိယနေ့တွင်  အိမ်ကွင်း၌ ကစားရသည့်     နှစ်သင်းစလုံး အမှတ်ပြည့်ရခဲ့ပြီး  ကမ္ဘောဒီးယား အသင်းမှာမူ    ယခင်ကထက် များစွာ          တိုးတက်လာပြီး အင်ဒိုနီးရှားကို      အဝေးကွင်း၌ ဂိုးပြန်သွင်းနိုင်သည့်အပြင် ကျဉ်း မြောင်းသည့်ရလဒ်ဖြင့်သာ အရေး နိမ့်ခဲ့သည်။    အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ  ဘန်ကာနိုကွင်း ၌ကျင်းပသည့်ပွဲတွင် အင်ဒိုနီးရှား အသင်းက ကမ္ဘောဒီးယားအသင်း ကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ သည်။ အုပ်စုအဖွင့်ပွဲတွင် ဖိလစ်ပိုင် ကို  အိမ်ကွင်း၌ အနိုင်ကစားထား သည့် ကမ္ဘောဒီးယားအသင်းသည် အင်ဒိုနီးရှားကို    အဝေးကွင်း၌ အရေးနိမ့်ခဲ့သည်။   

 


ဖိလစ်ပိုင်နိုင်ငံ   မနီလာမြို့ရှိ  ရီဇယ်လ်မန်မိုရီယယ်    ကွင်း၌ ကျင်းပသည့်ပွဲတွင်    ဖိလစ်ပိုင် အသင်းက ဘရူနိုင်းအသင်းကို ငါးဂိုး - တစ်ဂိုး ဖြင့် အနိုင်ရခဲ့သည်။ အုပ်စုပထမပွဲတွင် အရေးနိမ့်ထား သည့်     ဖိလစ်ပိုင်အသင်းသည် အိမ်ကွင်း၌  နိုင်ပွဲပြန်ရှာတွေ့ခဲ့ပြီး ဂိုးပြတ်နိုင်ပွဲရရှိခဲ့သည်။ 

 


ယခုပွဲအပြီးတွင်  အုပ်စု (က) ၌ ထိုင်းနှင့် အင်ဒိုနီးရှားအသင်းက တစ်ပွဲကစား တစ်ပွဲနိုင်  သုံးမှတ်၊ ကမ္ဘောဒီးယားနှင့်    ဖိလစ်ပိုင် အသင်းက နှစ်ပွဲကစား  တစ်ပွဲနိုင်၊ တစ်ပွဲရှုံး  သုံးမှတ်စီရရှိထားကာ ဘရူနိုင်းအသင်းမှာမူ  နှစ်ပွဲစလုံး ရှုံးနိမ့်ပြီး အမှတ်မရသေးကြောင်း သိရသည်။                      

ရဲရင့်လွင်