အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အခန်းကဏ္ဍ

Type

အဂတိလိုက်စားမှုသည် လူ့အဖွဲ့အစည်း၏ နယ်ပယ်အားလုံးတွင် ဆိုးရွားသောသက်ရောက်မှုများ  ဖြစ်ပေါ်စေပြီး   ဒီမိုကရေစီစနစ်နှင့်  တရားဥပဒေစိုးမိုးရေးကို    အနှောင့်အယှက်  အဟန့်အတားဖြစ်စေခြင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အရည်အသွေးကျဆင်းစေခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်စေခြင်း၊ ဈေးကွက်စီးပွားရေးစနစ်များကို ပျက်ယွင်းစေခြင်းနှင့် အုပ်စုဖွဲ့ပြစ်မှုကျူးလွန်ခြင်းများ  ဖြစ်ပေါ်စေခြင်း စသည့်ဆိုးကျိုးများကို   ဖြစ်စေပါသည်။   အဂတိ လိုက်စားမှုများကို အချိန်မီတားဆီးကာကွယ်ခြင်းဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုအားကောင်းလာကာ အစိုးရနှင့် ပြည်သူအကြား ယုံကြည်မှု ပိုမိုခိုင်မြဲ လာပြီး ဒီမိုကရေစီစနစ်ရှင်သန်မှုနှင့်အတူ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသောအစိုးရတစ်ရပ်ကို ဖန်တီးပုံဖော်နိုင်မည် ဖြစ်ပါသည်။


နည်းပညာတိုးတက်လာမှုနှင့်အတူ   အဂတိ လိုက်စားမှုများသည် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်း ၌သာဖြစ်ပွားသည့် ပြစ်မှုအသွင်မှသည် နိုင်ငံဖြတ် ကျော်ဖြစ်ပွားသော  ဂိုဏ်းဖွဲ့ကျူးလွန်သည့်ပြစ်မှု များအသွင်   ပြောင်းလဲလာပြီဖြစ်ပါသည်။    အဂတိ လိုက်စားမှု         တိုက်ဖျက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာနိုင်ငံများအလိုက်  ပြည်တွင်းဥပဒေ/နည်းဥပဒေများရေးဆွဲခြင်း၊    အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ  အာဏာပိုင်အဖွဲ့အစည်းများ ဖွဲ့စည်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်း များဆောင်ရွက်ခြင်း၊ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အစီအမံများချမှတ်ဆောင်ရွက် ခြင်း     စသည့်နိုင်ငံတွင်းဆောင်ရွက်မှုများဖြင့်    လုံလောက်မှုမရှိတော့သဖြင့်  ဒေသတွင်းပူးပေါင်း ဆောင်ရွက်ခြင်းနှင့်   အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်လာကြပါ သည်။


မက္ကဆီကိုနိုင်ငံ မာရီဒါမြို့တွင် ကျင်းပ


ကမ္ဘာတစ်ဝန်း     သိသာစွာဆိုးရွားလာသည့် အဂတိလိုက်စားမှုများ၊ ယင်းနှင့်ဆက်စပ်သည့် နိုင်ငံ  ဖြတ်ကျော်မှုခင်းများ၊ ငွေကြေးခဝါချမှုများ စသည် တို့ကို တားဆီးကာကွယ်ရန်နှင့် အရေးယူဆောင်ရွက် နိုင်စေရန်ရည်ရွယ်လျက်   ကမ္ဘာ့ကုလသမဂ္ဂက  ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သော   ကုလသမဂ္ဂအထွေထွေညီလာခံ၏   ဆုံးဖြတ်ချက်အမှတ်   ၅၈/၄  အရ ကုလသမဂ္ဂ  အဂတိလိုက်စားမှု   တိုက်ဖျက်ရေးကွန်ဗင်းရှင်းကို ၂၀၀၃ ခုနှစ်    ဒီဇင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ     မက္ကဆီကိုနိုင်ငံ     မာရီဒါမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အဆင့်မြင့် နိုင်ငံရေးဆိုင်ရာ လက်မှတ်ရေးထိုးရေး  ညီလာခံတွင် သဘောတူလက်မှတ်ရေးထိုး၍ စတင် ပြဋ္ဌာန်းခဲ့ပါသည်။ 


ကွန်ဗင်းရှင်း အခန်း(၄)တွင် အပြည်ပြည်ဆိုင်ရာ  ပူးပေါင်းဆောင်ရွက်မှုနှင့်   စပ်လျဉ်း၍  အဖွဲ့ဝင်နိုင်ငံ များအနေဖြင့် ကွန်ဗင်းရှင်း  အပိုဒ်  ၄၄  မှ ၅၅ ထိပါ ပြဋ္ဌာန်းချက်များနှင့်အညီ    ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ပြီး အဂတိလိုက်စားမှုများနှင့်စပ်လျဉ်း၍   တရားမကြောင်းဆိုင်ရာ  ကိစ္စရပ်များနှင့် စီမံခန့်ခွဲ ရေးဆိုင်ရာ   ကိစ္စရပ်များ၌   စုံစမ်းစစ်ဆေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းများ    ဆောင်ရွက်ရာတွင်   မိမိနိုင်ငံ၏  ပြည်တွင်းဥပဒေစနစ်နှင့် ညီညွတ်သည့် အပြင် သင့်လျော်သည့်ကိစ္စရပ်များ၌   အဖွဲ့ဝင်နိုင်ငံ များအချင်းချင်း   အပြန်အလှန်အကူအညီပေးရန် ညှိနှိုင်းဆောင်ရွက်ရမည်ဟု   အဖွဲ့ဝင်နိုင်ငံများသို့ တိုက်တွန်းထားပါသည်။
မြန်မာနိုင်ငံ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို  ခေတ်အဆက်ဆက်တွင်  အစိုးရ အဆက်ဆက်က       ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။ လွတ်လပ်ရေးမရမီ  ၁၉၄၇  ခုနှစ်တွင်  ပြည်သူ့ ထောက်ပံ့ရေးပစ္စည်းများ  ခိုးယူခြင်းမှ  ကာကွယ် သည့် ကော်မတီ၊  ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး ကော်မတီနှင့်   ပြည်သူပိုင်ပစ္စည်း  ကာကွယ်ရေး ရဲအဖွဲ့တို့ကို ဖွဲ့စည်း၍ အင်္ဂလိပ်လက်ထက် ၁၈၆၁ ခုနှစ် ရာဇသတ်ကြီးပါ ပြဋ္ဌာန်းချက်အရ အရေးယူခဲ့ ကာ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်တွင် အဂတိ လိုက်စားမှုတားမြစ်ရေး  အက်ဥပဒေကို  ပြဋ္ဌာန်း၍ အရေးယူမှုများ ဆောင်ရွက်ခဲ့ပါသည်။ 


မြန်မာနိုင်ငံအနေဖြင့်      အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို  ဆောင်ရွက်ရာတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၏ အခန်းကဏ္ဍ ကို     မြှင့်တင်နိုင်ရန်အတွက်      ကုလသမဂ္ဂအဂတိ လိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းသို့ ၂၀-၁၂-၂၀၁၂      ရက်နေ့တွင်     အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပါသည်။    ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို         ပိုမိုဆောင်ရွက်လာနိုင်ခဲ့ပြီး ၈-၁-၂၀၁၃ ရက်နေ့တွင်     နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ်   (၉/ ၂၀၁၃)    ဖြင့် လာဘ်ပေးလာဘ်ယူမှု    အရေးယူဆောင်ရွက်ရေး လုပ်ငန်းကော်မတီကို   ဖွဲ့စည်းခဲ့ပါသည်။    အဂတိ လိုက်စားမှု    တိုက်ဖျက်ရေးလုပ်ငန်းများကို     ပိုမို ထိရောက်စွာ  ဆောင်ရွက်နိုင်ရေးအတွက် ၇-၈-၂၀၁၃ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို   ပြဋ္ဌာန်းခဲ့ကာ   ၂၅-၂-၂၀၁၄   ရက်နေ့တွင် လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးကော်မရှင်ကို အဖွဲ့ဝင်  ၁၅  ဦးဖြင့်  စတင်ဖွဲ့စည်းခဲ့ပြီး   အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးကို ၁၀-၃-၂၀၁၄     ရက်နေ့တွင်    စတင်ဖွင့်လှစ်ခဲ့ပါသည်။  ၄-၈-၂၀၁၄    ရက်နေ့တွင်    လာဘ်ပေးလာဘ်ယူမှု  ပပျောက်ရေးကော်မရှင်ကို     အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖြစ်  အမည်ပြောင်းလဲ  သတ်မှတ်ခဲ့ပါသည်။   ၂၃-၁၁-၂၀၁၇    ရက်နေ့တွင်  အဂတိလိုက်စားမှု      တိုက်ဖျက်ရေးကော်မရှင်ကို  အဖွဲ့ဝင်    ၁၂  ဦးဖြင့်     ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ  ၂၀ ရက်နေ့တွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို    ကော်မရှင် အဖွဲ့ဝင်  ၁၁ ဦးဖြင့် ပြန်လည်ဖွဲ့စည်း တာဝန်ပေးအပ် ခဲ့ပြီး ယခုအခါ ကော်မရှင်အဖွဲ့ဝင် ၁၂ ဦးဖြင့်  အဂတိ လိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို   အမျိုး သားရေးတာဝန်တစ်ရပ်အနေဖြင့်    ဆောင်ရွက်လျက် ရှိပါသည်။

 


ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ်များ


ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ    ဖြစ်သည်နှင့်အညီ  ကွန်ဗင်းရှင်း         အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေး    လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ ပြန်လည်သုံးသပ်ရေး လုပ်ငန်းစဉ်  ပထမစက်ဝန်း ၂၀၁၀-၂၀၁၅ အတွက် မြန်မာနိုင်ငံ၏   ကွန်ဗင်းရှင်း   အကောင်အထည် ဖော်ဆောင်မှုအပေါ်  ထိုင်းနိုင်ငံနှင့်  ဘူရွန်ဒီနိုင်ငံ တို့က သုံးသပ်ခဲ့ပြီး မြန်မာနိုင်ငံနှင့် တိုဂိုနိုင်ငံတို့က ကမ္ဘောဒီးယားနိုင်ငံ၏     အကောင်အထည်ဖော် ဆောင်မှုအပေါ် သုံးသပ်ခဲ့ပါသည်။ ပထမစက်ဝန်း အတွက်  မြန်မာနိုင်ငံ၏  အကောင်အထည်ဖော် ဆောင်ရွက်မှုအပေါ်  သုံးသပ်မှုအစီရင်ခံစာပါ  အကြံ ပြုချက်များနှင့်အညီ  အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေအား  ပြင်ဆင်ခြင်းကို ဆောင်ရွက်နိုင်ခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး      လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ခဲ့ပါသည်။
ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ်     ဒုတိယ စက်ဝန်း   ၂၀၁၆-၂၀၂၀   အတွက်   မြန်မာနိုင်ငံ၏ ကွန်ဗင်းရှင်း အကောင်အထည်ဖော်ဆောင်မှုအပေါ် အီရတ်နိုင်ငံနှင့်    ဥဇဘက်ကစ္စတန်နိုင်ငံတို့က    သုံးသပ်ခဲ့ပြီး      မြန်မာနိုင်ငံအနေဖြင့်  အိုင်ဗရီကို့စ် နိုင်ငံနှင့်ပူးပေါင်း၍ နိုင်ဂျီးရီးယားနိုင်ငံ၏ အကောင် အထည်ဖော်ဆောင်မှုအပေါ်တွင်    လည်းကောင်း၊ ကူဝိတ်နိုင်ငံနှင့်ပူးပေါင်း၍          ယူအေအီးနိုင်ငံ၏   အကောင်အထည်   ဖော်ဆောင်မှုအပေါ်တွင်လည်း ကောင်းသုံးသပ်ခဲ့ပါသည်။ ဒုတိယစက်ဝန်းအတွက် မြန်မာနိုင်ငံ၏   အကောင်အထည်ဖော်ဆောင်ရွက်မှု အပေါ် သုံးသပ်မှုအနှစ်ချုပ်အစီရင်ခံစာ   ထွက်ပေါ် လာပြီဖြစ်ပြီး အစီရင်ခံစာပါ အကြံပြုချက်များနှင့် အညီ သက်ဆိုင်ရာကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲမှု များ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။


ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများညီလာခံ


ကွန်းဗင်းရှင်း     အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ   ညီလာခံ   (Confer- ence  of  the States Parties to the UNCAC - COSP) နှင့်  ဆက်စပ်အစည်းအဝေးများဖြစ်သော Implementation Review Group - IRG အစည်း အဝေးများနှင့် Open-ended Intergovernmental Working Group အစည်းအဝေးများသို့ ကော်မရှင်က ပါဝင်တက်ရောက်လျက်ရှိပါသည်။    ၂၀၂၁   ခုနှစ် မေလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် Special Session of the Conference of the States Parties to the UNCAC  သို့လည်းကောင်း၊    ၂၀၂၁ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့သည့်  Twelfth   Session   of the Implementation Review  Group အစည်းအဝေးနှင့် Twelfth  Session of the Open-ended   Intergo- vernmental Working Group on Prevention အစည်းအဝေးများသို့လည်းကောင်း၊ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့်  Resumed Twelfth Session of the Implementation Review Group အစည်းအဝေး၊ Fifteenth Session of the Open-ended Intergovernmental    Working Group on Asset Recovery  အစည်းအဝေးနှင့် Tenth Open-ended Intergovernmental expert meeting to Enhance International Cooperation အစည်းအဝေးများသို့လည်းကောင်း   ကော်မရှင်က အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်ခဲ့ပါသည်။ 


ကော်မရှင်အနေဖြင့်      အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၁၆(ဏ)ပါ “အဂတိလိုက် စားမှု တိုက်ဖျက်ရေးတွင် အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများ၊     ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများနှင့်       ပူးပေါင်းဆောင်ရွက်ခြင်း” လုပ်ငန်းစဉ်ကို    ပိုမိုတိုးမြှင့်   ဆောင်ရွက်နိုင်ရေး အတွက်   ၁၄-၁၁-၂၀၁၃   ရက်နေ့တွင်  ဒေသတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည့် အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့(ASEAN Parties Against Corruption - ASEAN-PAC) (ယခင်အရှေ့တောင်အာရှ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့-South   East   Asia   Parties Against Corruption - SEA-PAC) သို့ အဖွဲ့ဝင်အဖြစ်  ဝင်ရောက်ခဲ့ပါသည်။


အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ


အဖွဲ့ဝင်နိုင်ငံဖြစ်သည့်   အချိန်မှစ၍    နှစ်စဉ် ကျင်းပသည့်အဖွဲ့၏ အကြီးအမှူးအစည်းအဝေးနှင့် ရုံးအဖွဲ့အစည်းအဝေးများသို့   ပါဝင်တက်ရောက် လျက်ရှိပါသည်။   ၂၀၁၆   ခုနှစ်တွင်   ကျင်းပခဲ့သည့်   (၁၂) ကြိမ်မြောက် အကြီးအမှူးအစည်းအဝေးနှင့်  (၁၃) ကြိမ်မြောက် ရုံးအဖွဲ့အစည်းအဝေးတို့ကို မြန်မာနိုင်ငံ နေပြည်တော်၌    အိမ်ရှင်နိုင်ငံအဖြစ်    လက်ခံကျင်းပခဲ့ပါသည်။    ၂၂-၉-၂၀၂၁    ရက်နေ့က ကျင်းပခဲ့သည့်         အာဆီယံအဂတိလိုက်စားမှု   တိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption - ASEAN-PAC)၏ (၁၇)ကြိမ်မြောက် ရုံးအဖွဲ့အစည်းအဝေးသို့ မြန်မာနိုင်ငံအဂတိလိုက်စား မှုတိုက်ဖျက်ရေး ကော်မရှင်မှ     ခေတ္တညွှန်ကြားရေးမှူး ချုပ်တစ်ဦး ဦးဆောင်ကာ ပါဝင်တက်ရောက်ခဲ့ပါသည်။      


ထို့အပြင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ  ၃၀  ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအဂတိလိုက်စား မှုတိုက်ဖျက်ရေးအဖွဲ့  (ASEAN    Parties    Against Corruption - ASEAN-PAC) ၏ (၁၇)ကြိမ်မြောက်  အကြီးအမှူးအစည်းအဝေးသို့  မြန်မာနိုင်ငံ   အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ   ကော်မရှင် အဖွဲ့ဝင်တစ်ဦး    ဦးဆောင်၍   ပါဝင်တက်ရောက်ခဲ့ပြီး    “ဒေသတွင်း   အဂတိလိုက်စားမှု   တိုက်ဖျက်ရေး ဆိုင်ရာ   ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများ၊ မြန်မာနိုင်ငံ၏    အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်မှုများ”ကို ပါဝင်ဆွေးနွေးခဲ့ပါသည်။


နှစ်နိုင်ငံနားလည်မှုစာချွှန်လွှာများ

 


အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများ ကို ဆောင်ရွက်ရာတွင် “ကျွမ်းကျင်မှုနည်းပညာ အကူအညီများနှင့်   သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်နိုင်ရေးနှင့်    အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ  ကောင်းမွန်သော  အတွေ့ အကြုံများနှင့် အလေ့အကျင့်များကို ဖလှယ်နိုင်ရေး” ရည်ရွယ်၍  ဒေသတွင်းနိုင်ငံများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ   နှစ်နိုင်ငံနားလည်မှု စာချွှန်လွှာများကို  လက်မှတ်ရေးထိုး  ဆောင်ရွက် လျက်ရှိပါသည်။ ၂၀၁၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ Government Inspectorate of Vietnam (GIV) နှင့်လည်းကောင်း၊  ၂၀၁၇  ခုနှစ်တွင်  ထိုင်းနိုင်ငံ National Anti-Corruption Commission (NACC) နှင့်လည်းကောင်း၊  ၂၀၁၈  ခုနှစ်တွင်  လာအိုနိုင်ငံ State   Inspection   and   Anti-Corruption Authority(SIAA)နှင့်လည်းကောင်း၊   ၂၀၁၈ ခုနှစ် တွင် ကိုရီးယားနိုင်ငံ Anti-Corruption and Civil Rights Commission (ACRC) နှင့်လည်းကောင်း   နှစ်နိုင်ငံ နားလည်မှုစာချွှန်လွှာများကို လက်မှတ် ရေးထိုးခဲ့ပါသည်။  ဒေသတွင်းမှ  ကျန်ရှိသောနိုင်ငံ များနှင့် MoU ဆက်လက်ရေးထိုးရေး စီမံဆောင်ရွက် လျက်ရှိပါသည်။ ၂၀၁၉  ခုနှစ်တွင် ဒိန်းမတ်နိုင်ငံနှင့်      စစ်တမ်းကောက်ယူခြင်း၊ ဆန်းစစ်အကဲဖြတ်ခြင်းနှင့်  အခြားစွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းများတွင် နည်းပညာ   အကူအညီပေးရေးဆိုင်ရာ   Letter of Intent (LOI)    ကို   လက်မှတ်ရေးထိုးခဲ့ပြီး  စီးပွားရေးလုပ်ငန်းနယ်ပယ်တွင် အဂတိလိုက်စားမှု ဖြစ်ပွားမှုဆိုင်ရာ   စစ်တမ်းတစ်ခုကို   ကောက်ယူ နိုင်ခဲ့ပါသည်။


နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကယ်ဒမီ (International Anti-Corruption Academy - IACA) သို့ ၃၀-၁၁-၂၀၁၉  ရက်နေ့တွင် အဖွဲ့ဝင်အဖြစ်   ဝင်ရောက်ခဲ့ပြီး   IACA   အဖွဲ့မှ ကျင်းပသည့် အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲ များ၊  ညီလာခံများသို့  ပါဝင်တက်ရောက်လျက်ရှိ ပါသည်။ ၇-၁၀-၂၀၂၁  ရက်နေ့တွင် ကျင်းပခဲ့သည့် IACA ၏ (၁၀) ကြိမ်မြောက်   အဖွဲ့ဝင်များ   ညီလာခံ (10th Assembly of Parties _ 10th AOP)   သို့ ကော်မရှင်ရုံးမှ   အရာထမ်းများ    တက်ရောက်ခဲ့ ပါသည်။


ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ် ထားသည့်  နှစ်စဉ်   ဒီဇင်ဘာလ   ၉  ရက်နေ့တွင် ကျရောက်သော   အပြည်ပြည်ဆိုင်ရာ   အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနေ့  အခမ်းအနားကိုလည်း ကော်မရှင်အနေဖြင့်  ၂၀၁၇  ခုနှစ်မှစ၍  နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိပါသည်။  ၂၀၁၇  ခုနှစ်တွင် နေပြည်တော် Kempinski Hotel ၌လည်းကောင်း၊ ၂၀၁၈  ခုနှစ်တွင်  ရန်ကုန်မြို့  Rose Garden Hotel ၌လည်းကောင်း၊  ၂၀၁၉  ခုနှစ်တွင်  နေပြည်တော် MICC II ၌လည်းကောင်း၊   ၂၀၂၀   ပြည့်နှစ်တွင် နေပြည်တော်   အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၌ Online ဖြင့်လည်းကောင်း ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်  ဒီဇင်ဘာလ  ၉ ရက် နေ့တွင်  ကျရောက်သည့်   အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်မှာ “Your right, your role: Say no to corruption” ဖြစ်ပြီး “မည်သူမဆို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုများမှ  ရရှိလာသည့်  အသီး အပွင့်ရလဒ်များကို    ခံစားခွင့်ရှိသကဲ့သို့    မိမိ သက်ဆိုင်ရာအခန်းကဏ္ဍမှ     အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ပူးပေါင်းပါဝင်ဆောင်ရွက်ကာ အဂတိလိုက်စားမှုများကို လက်မခံကြောင်း ဖွင့်ဟ ဖော်ထုတ်ပြောဆိုနိုင်ခွင့်ရှိရမည်”  ဟု  ရည်ရွယ် ချမှတ်ထားခြင်းဖြစ်သဖြင့်  ကော်မရှင်အနေဖြင့် လည်း      အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ပြည်သူများ   ပူးပေါင်းပါဝင်  ဆောင်ရွက်လာစေနိုင် ရေး  ဦးတည်ကာ   အပြည်ပြည်ဆိုင်ရာ   အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနေ့    အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်၌ Online စနစ်ဖြင့် ကျင်းပခဲ့ပါသည်။


နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအခန်းကဏ္ဍ


ကော်မရှင်အနေဖြင့်      အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အဂတိလိုက်စားမှု  တိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်    ခံယူလျက် သန့်ရှင်းသောအစိုးရနှင့်       ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို     အကောင်အထည်ဖော်ရာတွင် အပြည်ပြည်ဆိုင်ရာ  အဖွဲ့အစည်းများ၊  ဒေသတွင်း အဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများနှင့်ပူးပေါင်းကာ နိုင်ငံတကာ  ပူးပေါင်းဆောင်ရွက်မှု  အခန်းကဏ္ဍကို မြှင့်တင်ပြီး နိုင်ငံတော်၏ “အဂတိပယ်ခွာ ပြည်သာ ယာပုံရိပ်” ကို  မြှင့်တင်လျက်ရှိပါကြောင်း  ရေးသား တင်ပြလိုက်ရပါသည်။      ။

ကိုးကား
(၁) အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ
(၂)    ကော်မရှင်၏  နှစ်ပတ်လည်
    လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများ
(၃) ကော်မရှင်ရုံး Website တွင်ဖော်ပြထားသည့်  အချက်အလက်များနှင့် အခြားအချက်အလက်များ