အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူတို့၏ အခန်းကဏ္ဍ 

Type

 

 

မောင်မင်းဇံ

 

ပြည်သူတို့ ပူးပေါင်းပါဝင်ရေး
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးမှ လုပ်ဆောင်လျက်ရှိပြီး အဂတိလိုက် စားမှုတိုက်ဖျက်ရေးဆိုင်ရာ   အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်တစ်ခုဖြစ်သည့်    “ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်း”တွင် အဖွဲ့ဝင်နိုင်ငံများအဖြစ်   ဝင်ရောက်၍   ပူးပေါင်း ဆောင်ရွက်လျက်ရှိကြသည်။ မိမိတို့နိုင်ငံသည်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူလျက် လုပ်ဆောင်လျက် ရှိရာ ထိုက်သင့်သောအောင်မြင်မှုများ ရရှိနေသည်ကို တွေ့မြင်နေရသည်။ အဂတိလိုက်စားမှု တိုက်ဖျက် ရေးကို    လုပ်ဆောင်ရာတွင်   လက်တွေ့ကျသော လုပ်ငန်းစဉ်များ၊ ခိုင်မာအားကောင်းသောဥပဒေများ နှင့် တာဝန်ခံဆောင်ရွက်ပေးမည့်  အဖွဲ့အစည်းများ ဖြင့်   ဖွဲ့စည်းဆောင်ရွက်သွားနိုင်မည့် မူဝါဒများချ မှတ်ဆောင်ရွက်နိုင်မှသာ စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ဖြေရှင်းသွားနိုင်မည်ဖြစ်ပါသည်။ အဂတိ လိုက်စားမှု      တိုက်ဖျက်ရေးလုပ်ဆောင်ရာတွင် တာဝန်ရှိသော အဖွဲ့အစည်းများက တာဝန်ယူဆောင် ရွက်ခြင်းသည် အဓိကကျသည့်   အခန်းကဏ္ဍဖြစ် သကဲ့သို့    ပြည်သူလူထုနှင့်    အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၏  ပူးပေါင်းပါဝင်မှုသည်လည်း  အရေး ကြီးပါသည်။  ထို့ကြောင့်   အဂတိလိုက်စားမှုတိုက် ဖျက်ရေးအတွက် မူဝါဒများချမှတ်လုပ်ဆောင်ရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး  အဖွဲ့အစည်းများ၊ တရားစီရင်ရေး   အဖွဲ့အစည်းများနှင့် အခြားသော တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများကဲ့သို့သော အဓိကတာဝန်ရှိသည့်    အဖွဲ့အစည်းများဖြင့်သာ တာဝန်ယူလုပ်ဆောင်ရန်   ရေးဆွဲချမှတ်ခြင်းသည် လုံလောက်မှုမရှိဘဲ  ပြည်သူလူထုနှင့်   အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပူးပေါင်းပါဝင်မှု၏ အရေးပါ ပုံကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။
ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်
မြန်မာနိုင်ငံမှ ၁၆၅ ခုမြောက်  အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၁၂ ခုနှစ်တွင် ဝင်ရောက်ထားသော ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး  ကွန်ဗင်းရှင်း၏ အပိုဒ် ၁၃(၁)တွင်  “အဖွဲ့ဝင်နိုင်ငံတိုင်းသည် အဂတိ လိုက်စားမှုကို တားဆီးကာကွယ်ခြင်းနှင့်   ဆန့်ကျင် တိုက်ဖျက်ခြင်းပြုရာတွင်  လူ့အဖွဲ့အစည်း၊  အစိုးရ မဟုတ်သော  အဖွဲ့အစည်းများနှင့်  လူထုအခြေပြုအဖွဲ့အစည်းများကဲ့သို့သော အများပြည်သူဆိုင်ရာ ကဏ္ဍ၏ပြင်ပရှိ လူပုဂ္ဂိုလ်တစ်ဦးချင်းစီနှင့် အစုအဖွဲ့ များမှ    တက်ကြွစွာ    ပါဝင်ဆောင်ရွက်လာစေရေး မြှင့်တင်ဆောင်ရွက်ရန်သာမက      လူ့အဖွဲ့အစည်း အတွင်း အဂတိလိုက်စားခြင်းတည်ရှိနေမှု၊ ယင်းကို ဖြစ်ပေါ်စေသည့်အကြောင်းများ၊ ယင်း၏  ဆိုးရွား ပြင်းထန်မှုနှင့် ယင်းကိုဖြစ်ပေါ်စေသည့် ခြိမ်းခြောက် မှုများနှင့် စပ်လျဉ်း၍   အများပြည်သူသို့ အသိပညာ ပေးမှုများကို         အားပေးမြှင့်တင်ရန်အတွက် သင့်လျော်သည့်  အရေးယူဆောင်ရွက်မှုများကို မိမိ နိုင်ငံရှိ ပြည်တွင်းဥပဒေများ၏   အခြေခံမူ သဘော တရားများနှင့်အညီ တတ်နိုင်သည့်နည်းလမ်းများ အရ လုပ်ဆောင်ရမည်။”ဟု သတ်မှတ်ပြဋ္ဌာန်းထား ပြီး   အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပါဝင်လာစေခြင်းကို ခိုင်မာအား ကောင်းလာစေရန်အတွက် ဆောင်ရွက်ရမည့်အချက် များကိုလည်း သတ်မှတ် ဖော်ပြထားပါသည်။
ပြည်သူတို့၏အခန်းကဏ္ဍ
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက်  ပြည်သူ လူထု၏ ပူးပေါင်းပါဝင်မှုဆိုသည်မှာ လိုအပ်သော ကိရိယာတစ်ခုဖြစ်ပြီး ပြည်သူလူထုအနေဖြင့် အများ ပြည်သူအကျိုးဖြစ်ထွန်းရေးလုပ်ငန်းများတွင်  ပါဝင် လုပ်ဆောင်နိုင်ရန်အတွက် အခွင့်အလမ်းများရရှိခြင်း လည်းဖြစ်သည်။ ပြည်သူလူထု ပူးပေါင်းပါဝင်လာစေ ခြင်း၏ အဓိကရည်ရွယ်ချက်များမှာ ဆုံးဖြတ်ချက် ချမှတ်သည့် လုပ်ငန်းစဉ်များတွင် ပြည်သူလူထု၏ သဘောထားအမှန်ကို သိရှိ၍ ထည့်သွင်းနိုင်စေရန်၊ ပြည်သူလူထု၏  အတွေ့အကြုံ၊  ဗဟုသုတများကို ထည့်သွင်းအသုံးပြုခြင်းဖြင့် ဆုံးဖြတ်ချက်ချသည့်လုပ်ငန်းစဉ်များကို   ထိရောက်ကောင်းမွန်စေရန်၊ တရားမျှတမှုနှင့်   သာတူညီမျှရှိစေရေးအတွက် လူ့အဖွဲ့အစည်းမှ သဘောထားအသံများကို ကြား သိနိုင်စေရန်၊ အများပြည်သူဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်မှုများ တရားဝင်မှုမြင့်မားစေရန်နှင့် လိုအပ် ချက်များကို ဥပဒေနှင့်အညီ    ဆောင်ရွက်နိုင်ရန်တို့ ဖြစ်ပါသည်။ 
အဂတိလိုက်စားမှု     တိုက်ဖျက်ရေးဆောင်ရွက် မှုများတွင် တက်ကြွစွာဆောင်ရွက်နေကြသော နိုင်ငံ သားများ၏ အခန်းကဏ္ဍသည်လည်း အရေးပါသည်။ ၎င်းတို့သည်   အဂတိလိုက်စားမှု  ဖြစ်စဉ်များကို အလေးထားစောင့်ကြည့်ခြင်း၊ အဂတိလိုက်စားမှုများ အကြောင်းနှင့် ၎င်း၏ ဆိုးကျိုးသက်ရောက်မှုများ အား အခြားပြည်သူများသို့ လှုံ့ဆော်အသိပေးနိုင်ခြင်း နှင့်   နိုင်ငံရေးသမားများနှင့်     နိုင်ငံရေးပါတီများ၏ တာဝန်ယူမှုနှင့် တာဝန်ခံမှုများကို စောင့်ကြည့်အကဲ ဖြတ်ခြင်းများကို   လုပ်ဆောင်ကြပါသည်။   ထိုသို့ ပြုလုပ်ခြင်းအားဖြင့်    အဆိုပါ   နိုင်ငံရေးအလွှာရှိ လူပုဂ္ဂိုလ်များအား   အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ဆောင်သည့်    အပြုအမူ၊   အမူအကျင့်များကို မွေးမြူသည့်အလေ့အထများ        ဖြစ်ပေါ်စေပြီး ကျင့်ဝတ်နှင့်အညီ    နေထိုင်ရေးနှင့်    သန့်ရှင်းသော အစိုးရဖြစ်ပေါ်လာစေရေးတို့ကို ဦးတည် ဖြစ်ပေါ်စေ ပါသည်။
ပြည်သူတို့၏တာဝန်
အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ဆောင်ရာ တွင် ပြည်သူလူထု၏  ပူးပေါင်းပါဝင်မှုသည်  အခြား သော     အများပြည်သူဆိုင်ရာ   လုပ်ငန်းများတွင် ပူးပေါင်းပါဝင်သည့်ပုံစံနှင့် မတူညီဘဲ ကွဲပြားခြားနား ပါသည်။ အဂတိလိုက်စားမှုသည် ရေးဆွဲပြဋ္ဌာန်းထား သော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လွဲမှားစွာ အသုံးချမှုများ   ဖြစ်ပေါ်စေခြင်းနှင့်    တန်းတူအခွင့် အရေး   မရရှိစေခြင်းများကို     ဖြစ်ပေါ်စေသည်။ ထို့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်း များ ထိရောက်အောင်မြင်စေရေးအတွက်    အစိုးရ ဝန်ထမ်းများ၏အပြုအမူ၊ အနေအထိုင်နှင့် ဆုံးဖြတ် ချက်ချမှတ်မှုများကို စောင့်ကြည့်ခြင်း၊  အဂတိလိုက် စားမှုနှင့်   ဆက်နွှယ်နေသောပြစ်မှုများကို  သတင်းပေး တိုင်ကြားခြင်းနှင့် သင့်လျော်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာနည်းလမ်းများ  ချမှတ်ဆောင် ရွက်ပေးရန်    တောင်းဆိုမှုများပြုလုပ်ခြင်း စသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို လုပ်ဆောင်မည့် ပြည်သူလူထု၏ အသိအမြင်ကျယ်ပြန့်မှုနှင့် လူမှုရေး ဆိုင်ရာတာဝန်ယူမှုသည် အရေးကြီးပါသည်။ 
ဆောင်ရွက်ရမည့်နည်းလမ်းများ
ပြည်သူတစ်ဦးချင်းစီ     အဂတိလိုက်စားမှုတိုက် ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရန် အတွက်   အဂတိလိုက်စားမှုများကို  သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းထံ သတင်းပို့တိုင်ကြားစေခြင်း သို့မဟုတ် သတင်းမီဒီယာများမှတစ်ဆင့် ထုတ်ဖော် ပြောဆိုစေခြင်း၊ အဂတိလိုက်စားမှု လုံးဝမရှိစေရေး နှင့် ဖြောင့်မတ်တည်ကြည်မှုရှိသည့်   ယဉ်ကျေးမှု တစ်ရပ်ဖြစ်ထွန်းလာစေရေးအတွက် သင်တန်းများ ပေးခြင်း၊     စိတ်ဓာတ်နိုးကြားတက်ကြွစေမည့် စည်းရုံးလှုံ့ဆော်မှုများပြုလုပ်ခြင်းများ    စသည့် နည်းလမ်းများကို  လုပ်ဆောင်သွားရန်  လိုအပ်ပါသည်။ နည်းပညာတိုးတက်လာနေသည့်    ယနေ့ခေတ်တွင် အဂတိလိုက်စားမှုများကို သတင်းပေးတိုင်ကြားရာ တွင် အွန်လိုင်းအသုံးပြု၍ အီးမေးလ်ဖြင့်သော်လည်း ကောင်း၊ မိုဘိုင်းဖုန်းများမှတစ်ဆင့် SMS အသုံးပြု၍ ဖြစ်စေ၊ Application အသုံးပြု၍ဖြစ်စေ အလွယ်တကူ တိုင်ကြားနိုင်ပြီဖြစ်သည်။    နိုင်ငံတကာရှိ  အဂတိ လိုက်စားမှုတိုက်ဖျက်ရေး    အဖွဲ့အစည်းများ   အနေ ဖြင့် Website   များ   တည်ထောင်၍  သတင်းပေး တိုင်ကြားခြင်းများကို      လက်ခံရုံသာမက  အဂတိ လိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပြည်သူ  လူထု ပူးပေါင်းပါဝင်လာစေရေးအတွက်  အများ ပြည်သူ       အသိပညာပေးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။    အဂတိလိုက်စားမှုကို ထိထိရောက်ရောက်    တိုက်ဖျက်နိုင်ရန်အတွက် ပြည်သူလူထု      ပူးပေါင်းပါဝင်မှု     ရှိလာစေရေး ဆောင်ရွက်ရာတွင် ပြည်သူလူထုအနေဖြင့် တာဝန် သိစိတ်ဖြင့်   တာဝန်ယူမှုရှိစေရေးသာမက   ထိုသို့ ပူးပေါင်းပါဝင်   ဆောင်ရွက်လာစေရန်အတွက် လိုအပ်သည့် ပတ်ဝန်းကျင်ဖြစ်လာစေရန် ဆောင် ရွက်ပေးရမည် ဖြစ်ပါသည်။ 
ပြည်သူလူထု၏ မျှော်လင့်ချက်
လူ့အဖွဲ့အစည်း၊   နိုင်ငံများအလိုက်    အဂတိ လိုက်စားမှုတိုက်ဖျက်ရေးတွင်     ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုပုံစံသည် ၎င်းတို့၏ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်    နိုင်ငံရေးအခြေအနေပေါ်မူတည်၍ ကွဲပြားခြားနားလေ့ရှိသည်။      ပြည်သူလူထု၏ အစိုးရရုံးဌာနများအပေါ် မျှော်လင့်ထားသည့်အချက် မှာ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကျင့်ဝတ် နှင့်မလျော်ညီသည့်    အပြုအမူများ   မပြုလုပ်ဘဲ တာဝန်ယူမှု၊ တာဝန်ခံမှုများရှိရေးပင်ဖြစ်ပြီး အပြန် အလှန်အားဖြင့် အစိုးရရုံးဌာနများအနေဖြင့်လည်း အများပြည်သူ၏   ယုံကြည်မှုကို ရရှိထိန်းသိမ်းရန် ကျင့်ဝတ်နှင့်အညီ    လုပ်ဆောင်ပြီး  တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ကို  လုပ်ဆောင်ပေးရန်လိုအပ်သည်။ အစိုးရရုံးဌာန များအပေါ်  ပြည်သူလူထု၏  ယုံကြည်မှုများရရှိရန် ခက်ခက်ခဲခဲအချိန်ယူ   လုပ်ဆောင်ရသော်လည်း ယုံကြည်မှု  ပျောက်ဆုံးရန်အတွက်မူ   လွယ်ကူလှ သည်ကို သတိပြုရမည်ဖြစ်သည်။ ပြည်သူလူထု၏ ယုံကြည်မှု ပျောက်ဆုံးသွားလျှင် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင်    ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်မှုများ   လျော့နည်းသွားပြီး   အဂတိ လိုက်စားမှုများဆီသို့       ဦးတည်သွားနိုင်သည်။ ထိုနည်းတူစွာ အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများ သည်လည်း   အောင်မြင်နိုင်မှု    နည်းပါးသွားနိုင်ပါ သည်။
အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု
တိုးတက်ပြောင်းလဲလာသော   ယနေ့နည်းပညာ ခေတ်တွင်   အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် ရပ်ကွက်၊ ကျေးရွာ၊ မြို့အတွင်း   ဖွဲ့စည်းထားခြင်းသာ မဟုတ်ဘဲ နိုင်ငံအဆင့်၊ နိုင်ငံတကာအဆင့် ချိတ် ဆက်ဆောင်ရွက်လျက်ရှိသည်။  ထို့ကြောင့် အရပ် ဘက်လူမှုအဖွဲ့အစည်းများသည် စီးပွားရေး၊ လူမှုရေး နှင့် သဘာဝပတ်ဝန်းကျင်   ထိန်းသိမ်းရေးစသည့် အကြောင်းအရာများတွင်   ၎င်းတို့အခန်းကဏ္ဍ၏ အရေးပါမှုတိုးလာပြီး   အုပ်ချုပ်မှုဖြစ်စဉ်များအပေါ် လွှမ်းမိုးမှုရှိလာသည်။  အဂတိလိုက်စားမှုတိုက်ဖျက် ရေး လုပ်ဆောင်ရာတွင် အရပ်ဘက်လူမှုအဖွဲ့အစည်း များအနေဖြင့်     ပူးပေါင်းဆောင်ရွက်နိုင်သည့် နည်းလမ်းများမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆိုင်ရာ အသိပညာပေးခြင်းနှင့် သုတေသန ပြုလုပ် ခြင်းများ၊ အဂတိလိုက်စားမှုဖြစ်ပွားနိုင်ခြေရှိသည်များကို စောင့်ကြည့်ခြင်း၊        
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ     အကြံဉာဏ် ပေးခြင်း စသည့်နည်းလမ်းများစွာရှိသည်။ 
အချို့သော        အရပ်ဖက်လူမှုအဖွဲ့အစည်းများ သည် ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များ၏ လှူဒါန်း ထောက်ပံ့ငွေများဖြင့်  ရပ်တည်နေရသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင် ရာတွင် အလှူရှင်များအလိုကျ  လိုက်ပါဆောင်ရွက် ခြင်းမျိုးများ   ရှိနိုင်ပြီး ထိထိရောက်ရောက်လုပ် ဆောင်နိုင်ခြင်းမရှိသည်များ   ဖြစ်နိုင်သည်။  ထို့သို့ အယောင်ပြအဂတိလိုက်စားမှု တိုက်ဖျက်ရေး အရပ် ဖက်လူမှု အဖွဲ့အစည်းများရှိနေခြင်း၏ နောက်ဆက် တွဲဆိုးကျိုးအဖြစ်   မှန်မှန်ကန်ကန်လုပ်ဆောင်နေ သော အခြားအရပ်ဖက် လူမှုအဖွဲ့အစည်းများအပေါ် ပြည်သူလူထု၏   ယုံကြည်မှုများ လျော့နည်းကျဆင်း လာနိုင်သည်။
နိုင်ငံအများစုတွင် ရောဂါတစ်ခုကဲ့သို့ နှစ်ကာလ ကြာမြင့်စွာ    အမြစ်တွယ်နေပြီး   နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ဆုံးရှုံးနစ်နာမှုများကို ဖြစ်ပေါ် စေသည့် အဂတိလိုက်စားမှုများကို ပပျောက်သွား အောင်    နိုင်ငံတော်မှ    အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်မှုများ တွင်  ပြည်သူလူထုနှင့်  အရပ်ဖက်လူမှုအဖွဲ့အစည်း များအနေဖြင့်     ပူးပေါင်းပါဝင်လုပ်ဆောင်ကြရာ၌ ထိရောက်အောင်မြင်မှုရှိစေရန်အတွက် နိုင်ငံတော် မှ ချမှတ်ပြဋ္ဌာန်းထားသော   မူဝါဒများ၊  ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ     စိတ်ဝင်တစား အလေးထား     ပါဝင်ဆောင်ရွက်ကြပါရန်    ဆန္ဒပြု တိုက်တွန်းလိုက်ရပါသည်။  
(ကုလသမဂ္ဂအဂတိလိုက်စားမှု   တိုက်ဖျက်ရေး ကွန်ဗင်းရှင်းနှင့်    ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှု ဆိုင်ရာရုံး ( UNODC) မှ ထုတ်ဝေသော  E4J University Module Series: Anit-Corruption မှ  Anti-Corruption Module 10: Citizen Partici-pation  in   Anti-Corruption   Efforts   တို့အား ကိုးကားပါသည်။)