အဂတိပယ်ခွာ ပြည်သာယာမို့ နိုင်ငံ့ဂုဏ်ကို မြှင့်တင်စို့

Type

မောင်ချစ်အေး
=======

 

နိုင်ငံတကာနှင့် အဂတိ
ကုလသမဂ္ဂအထွေထွေညီလာခံက  ၂၀၀၃  ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့    ဆုံးဖြတ်ချက် အမှတ် ၅၈/၄ အရ   ဒီဇင်ဘာလ   ၉   ရက်နေ့ကို  အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက် ရေးနေ့အဖြစ်  သတ်မှတ်ခဲ့ပါသည်။   ပြည်သူများ အတွက်      အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိအမြင်များ  ကျယ်ပြန့်လာစေရေး၊    အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနှင့်   တားဆီးကာကွယ် ရေးကဏ္ဍများတွင် အလေးထားပူးပေါင်းဆောင်ရွက် လာနိုင်ရေးတို့အတွက် ကမ္ဘာတစ်ဝန်းတွင်  အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနေ့အခမ်းအနားများကို သိသိမှတ်မှတ်   ကျင်းပပြုလုပ်လျက်ရှိပါသည်။ နိုင်ငံတကာတွင် အဂတိလိုက်စားမှုများ  လျော့ပါး ကင်းစင်ပြီး ပြည်သူတို့၏  လူမှုဘဝဖွံ့ဖြိုးတိုးတက် စေရန် ကုလသမဂ္ဂက “၂၀၃၀ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုပန်းတိုင်”တစ်ခုအနေဖြင့် “ ငြိမ်းချမ်း၍  အားလုံးပါဝင်နိုင်သော အဖွဲ့အစည်းများ တိုးတက် စေရေး၊ တရားမျှတရေးနှင့် တာဝန်ခံမှု၊ တာဝန်ယူမှု ရှိသော    လူတိုင်းပါဝင်သည့်   အဖွဲ့အစည်းများ ထူထောင်ရေး” ဖော်ဆောင်လျက်ရှိပါသည်။


သန့်ရှင်းသောအစိုးရ


စည်းကမ်းကောင်းမွန်၍ ဒီမိုကရေစီပြည့်ဝ သော နိုင်ငံတော်တည်ဆောက်ရာတွင်  သန့်ရှင်း  သော အစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်များ လိုအပ်ပါသည်။ ကောင်းမွန်သောအုပ်ချုပ်ရေး စနစ်ကို    ဖော်ဆောင်ရာတွင်   အဂတိလိုက်စားမှု ကင်းစင်ရန် လိုအပ်ပါသည်။ နိုင်ငံရေး၊ စီးပွားရေး နှင့်    အုပ်ချုပ်မှုနယ်ပယ်အသီးသီးတွင်   အဂတိ  လိုက်စားမှုပုံစံအမျိုးမျိုးနှင့် ဆက်နွှယ်လျက် ရှိတတ် ကြပါသည်။ အဂတိလိုက်စားမှုဆိုရာတွင် တိုင်းပြည် ဘဏ္ဍာငွေကြေးပစ္စည်းများကို  အလွဲသုံးစားပြုမှု သာမဟုတ်ဘဲ  နိုင်ငံရေးတွင်  လုပ်ပိုင်ခွင့်အာဏာ များကို အလွဲသုံးစားပြုခြင်း၊ မလျော်ဩဇာသုံးခြင်း များလည်း ပါဝင်ပါသည်။
နိုင်ငံတကာမှ သင်ခန်းစာများ


တောင်ကိုရီးယား  သမ္မတဟောင်းဖြစ်သူ ပတ်ဂွန်ဟီးကို တောင်ကိုရီးယားတရားလွှတ်တော်  ချုပ်က အဂတိလိုက်စားမှုများနှင့်    လုပ်ပိုင်ခွင့် အလွဲသုံးစားပြုမှုများအတွက် ၁၄-၁-၂၀၂၁ ရက် နေ့တွင် ထောင်ဒဏ်နှစ် ၂၀ နှင့်  ငွေဒဏ်  ဝမ် ၁၈ ဘီလီယံ ပြင်ဆင်ချမှတ်ခဲ့ပါသည်။ ပြစ်မှုဆိုင်ရာ စွဲချက် ၁၈ ချက်နှင့် တရားစွဲဆိုခဲ့ပြီး ၁၆ ချက်မှာ ပြစ်မှုထင်ရှားခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ၏  ပထမဆုံးသော  အမျိုးသမီးခေါင်းဆောင်ဖြစ်ပြီး ရွေးကောက်ပွဲဥပဒေ  ချိုးဖောက်မှုအတွက်လည်း သီးခြားထပ်မံ၍ ထောင်ဒဏ်နှစ်နှစ်   ချမှတ်ခံခဲ့ရ သည်။ သူမသည် ယခင်သမ္မတဟောင်း ပတ်ချွန်ဟီး  ၏ သမီးဖြစ်သည်။ သူမသည် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ     တာဝန်ထမ်းဆောင်ခဲ့သည့်ကာလ အတွင်း ဆမ်ဆောင်းအပါအဝင် ကုမ္ပဏီအချို့ထံမှ  ဒေါ်လာ သန်းပေါင်းများစွာအား  သူမ၏သူငယ်ချင်း ဖြစ်သူနှင့် ပူးပေါင်းကြံစည်မှုအတွက် ပြစ်မှုထင်ရှား သဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ပါသည်။ ၂၀၁၇ ခုနှစ်တွင်    တောင်ကိုရီးယားသမ္မတနိုင်ငံတွင် အချိန်ကြာမြင့်စွာစစ်ဆေးခဲ့သည့်   ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှုနှင့်     အဂတိလိုက်စားမှုကြီး ဖြစ်ခဲ့ပါသည်။


မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်


မလေးရှားတရားရုံးက    ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် (ယခုအသက် ၆၉ နှစ်)ကို မလေးရှား နိုင်ငံဖွံ့ဖြိုးရေးရန်ပုံငွေများမှ   မလေးရှားရင်းဂစ်  ၄၂ မီလီယံကို ကြားခံကုမ္ပဏီများမှတစ်ဆင့် နာဂျစ်၏  ကိုယ်ပိုင်ဘဏ်ငွေစာရင်းများသို့ လွှဲပြောင်းပေးခဲ့မှုများနှင့်စပ်လျဉ်း၍   စွဲချက် ခုနစ်ခုအပေါ်  ပြစ်ဒဏ်  ထောင်ဒဏ် ၁၂ နှစ်နှင့် ဒဏ်ငွေ ရင်းဂစ်သန်း ၂၁၀  ချမှတ်ခဲ့ပါသည်။ နာဂျစ်သည်   အီတလီနိုင်ငံတွင် လက်ဝတ်ရတနာများဝယ်ယူရာတွင် ယူရို ၆၂၀၀၀၀ နှင့် ဟာဝိုင်ရီတွင် ယူရို ၈၄၀၀၀၀  သုံးစွဲထားသည် တို့ကိုလည်း စိစစ်တွေ့ရှိခဲ့ရသည်။ ဆော်ဒီတော်ဝင် မိသားစုက လှူဒါန်းငွေများကိုလည်း ၎င်း၏ဘဏ် စာရင်းတွင်    ထည့်ထားခဲ့ကြောင်း  ဖော်ထုတ်နိုင်ခဲ့ သည်။ နာဂျစ်၏ဇနီးအပါအဝင် ၎င်း၏နိုင်ငံရေးပါတီ UMNO ပါတီဝင်များကိုလည်း အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံခဲ့ကြရသည်။  နိုင်ငံရေးလေ့လာသုံးသပ် သူများက ဤကဲ့သို့အရေးယူဖော်ထုတ်နိုင်ခဲ့ခြင်းမှာ  မလေးရှားနိုင်ငံဂုဏ်သိက္ခာကို     မြှင့်တင်နိုင်ခဲ့ပြီး ပြည်သူတို့အတွက်    အောင်ပွဲတစ်ရပ်ဖြစ်ကြောင်း ဝေဖန်သုံးသပ်ခဲ့ကြသည်။ 


နိုင်ငံရေးလက်စားချေခြင်းလော


နိုင်ငံတကာသင်ခန်းစာများအရ  အင်ဒိုနီးရှား၊ ဖိလစ်ပိုင်စသည့်     နိုင်ငံတို့တွင်လည်း   နိုင်ငံရေး အာဏာလုပ်ပိုင်ခွင့်များကို     မလွန်ဆန်နိုင်ကြဘဲ   အဂတိလိုက်စားမှုဖြစ်စဉ်မှတ်တမ်းများ    ရှိခဲ့ကြပါ သည်။ ဖြစ်စဉ်သာဓကများအရ “ဘယ်သူမပြု၊ မိမိမှု” တို့ပင် ဖြစ်ကြပါသည်။ မြန်မာတို့၏ ဆိုရိုးစကားအရ “ကိုယ်ပြုသည့်ဒဏ်  ကိုယ်သာခံ”  ကြရမည်ဖြစ်ပါ သည်။ ယနေ့နိုင်ငံတော်တွင် အဂတိလိုက်စားမှုများ နှင့်ပတ်သက်၍ အရေးယူထားဆဲ  အမှုဖြစ်စဉ်များ မှာလည်း  တရားဝင်ကြေညာ  ထုတ်ပြန်ထားသည့် စစ်ဆေးတွေ့ရှိချက်များအရ  နိုင်ငံရေးလက်စားချေ ခြင်းလော၊ “ဘယ်သူမပြု၊ မိမိတို့၏အမှုများပင်လော” ဆိုသည်မှာ  ရိုးသားသော   နိုင်ငံရေးအမြင်ရှိသူတိုင်း အတွက်  အထူးရှင်းချက်ထုတ်ရန်မလိုဟု   ယုံကြည် ပါသည်။
ဥပဒေအထက်တွင် မည်သူမျှမရှိ
ဥပဒေကို လူတို့ကပြဋ္ဌာန်း၍ ဥပဒေက လူတို့ကို  ပြန်လည်ထိန်းကျောင်းခဲ့ကြပါသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ကုလသမဂ္ဂအဂတိလိုက်စားမှု       တိုက်ဖျက်ရေးကွန်ဗင်းရှင်း   (UNCAC)  ပြဋ္ဌာန်းချက် များအရ လေးကြိမ်တိုင်တိုင်  ပြင်ဆင်ရေးဆွဲခဲ့ပြီး  ၂၀၁၈ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင်  ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံသည်  ကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံ  ၁၆၅  နိုင်ငံမြောက်   ဖြစ်ခဲ့ပါသည်။   နိုင်ငံ အချင်းချင်း ငါးနှစ်တစ်ကြိမ် သုံးသပ်ရေးလုပ်ငန်းစဉ် များ    လက်တွေ့ကျင့်သုံးလျက်   ရှိကြပါသည်။ ကော်မရှင်သည်     ဥပဒေပါပြဋ္ဌာန်းချက်များကို ထိရောက်စွာ   လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ ဥပဒေမူဘောင်များ ခိုင်မာစေရန်၊  နည်းဥပဒေအဟောင်းအား  လက်တွေ့ဆောင်ရွက်ရာ တွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် အားနည်း ချက်များကို    ကုစားနိုင်ရန်၊    အဂတိလိုက်စားမှု တိုက်ဖျက်ရေးနည်းဥပဒေကိုလည်း ပြန်လည်ပြင်ဆင်  ရေးဆွဲ ပြဋ္ဌာန်းနိုင်ခဲ့ပါသည်။  ယခုအခါတွင်လည်း ဥပဒေအထက်တွင်     မည်သူမျှမရှိစေဘဲ   အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအား မုန်းခြင်း၊  ချစ်ခြင်း ကင်းသော၊   အဂတိကင်းသော၊    ယခင်အစိုးရ နှစ်ဆက်က   အတည်ပြုပြဋ္ဌာန်းခဲ့သော  ဥပဒေ၊ နည်းဥပဒေများနှင့်    ပိုမိုကျယ်ပြန့်ထိရောက်စွာ  စိစစ်ဖော်ထုတ်  အရေးယူခြင်းသာ ဖြစ်ပါသည်။


အဂတိလိုက်စားမှုဆိုသည်မှာ


ဥပဒေတွင်      ဖွင့်ဆိုပြဋ္ဌာန်းထားချက်မှာ  “မည်သူမဆို   ရာထူးတာဝန်ကို     အလွဲသုံးစားပြု၍  ဖြစ်စေ၊  အခြားနည်းဖြင့်ဖြစ်စေ   ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ   ရှောင်ကြဉ်စေရန်  သို့မဟုတ် တစ်ဦး တစ်ယောက်ကို  ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော  အခွင့်အရေးကို ပေးရန်    သို့မဟုတ်    ဥပဒေနှင့်အညီ  ရထိုက်သော အခွင့်အရေးကို မမှန်မကန်ပိတ်ပင်ရန် အတွက် တံစိုးလက်ဆောင်ကို  တစ်ဦးတစ်ယောက် အား ပေးခြင်း၊    ပေးရန်အားထုတ်ခြင်း သို့မဟုတ် တစ်ဦးတစ်ယောက်ထံမှ   လက်ခံခြင်း၊   ရယူခြင်း၊ ရယူရန်   အားထုတ်ခြင်းတို့ကို      တိုက်ရိုက်ဖြစ်စေ၊    သွယ်ဝိုက်၍ဖြစ်စေ၊  တစ်နည်းနည်းဖြင့်     ပြုလုပ် ခြင်း”  တို့ဖြစ်သည်။   သက်ဆိုင်ရာအစိုးရဌာန၊     အများပြည်သူဆိုင်ရာ  အဖွဲ့အစည်း  သို့မဟုတ်    အခြားအဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ် စီမံဆောင်ရွက်သည့်    လုပ်ငန်းစဉ်တွင်ဖြစ်စေ၊   ယင်းတို့၏ပိုင်ဆိုင်မှုကို တောင်းခံခြင်း၊ ရယူခြင်း၊ စီမံခန့်ခွဲခြင်း၊  သဘောတူ  စာချုပ်တစ်ခုတွင် တည်ဆဲဥပဒေ၊ စည်းမျဉ်း၊  လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကို      ဖောက်ဖျက်လျက်    နိုင်ငံတော်၏   ငွေကြေး၊   ပစ္စည်းနှင့်   ပိုင်ဆိုင်မှုကို   ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်းတို့သည်လည်း       အဂတိ လိုက်စားမှု ထမြောက်ပါသည်။


သတိပြုရန်ပြစ်ဒဏ်များ


အဂတိလိုက်စားမှုတိုက်ဖျက်ရေး  ဥပဒေပုဒ်မ  ၅၅ အရ   နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ   သို့မဟုတ်   နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က     မည်သူမဆို အဂတိလိုက်စာ

းမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှား  စီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ်ထက်မပိုသော  ထောင်ဒဏ်ချမှတ်ရမည့်အပြင်     ငွေဒဏ်လည်း ချမှတ်နိုင်သည်။ 
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ နိုင်ငံရေးရာထူးလက်ရှိဖြစ်သူမှအပ အခြား  လုပ်ပိုင်ခွင့်အာဏာရှိသူ   သို့မဟုတ်  လုပ်ပိုင်ခွင့် အာဏာရှိစဉ်က  မည်သူမဆို အဂတိလိုက်စားမှု  ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်ဆယ်နှစ်ထက်မပိုသော  ထောင်ဒဏ်  ချမှတ်ရမည့်အပြင်   ငွေဒဏ်လည်း   ချမှတ်နိုင် သည်။ 


အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇ အရ        နိုင်ငံရေးရာထူးလက်ရှိဖြစ်သူနှင့်  လုပ်ပိုင်ခွင့်အာဏာရှိသူမှအပ အခြားမည်သူမဆို  အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ်ထက်မပိုသော  ထောင်ဒဏ်ချမှတ်ရမည့်အပြင်     ငွေဒဏ်လည်း  ချမှတ်နိုင်သည်။ 
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၉ အရ မည်သူမဆို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အား နစ်နာစေရန်  သို့မဟုတ်  ဂုဏ်သရေပျက်စေရန် ရည်ရွယ်၍ ဤဥပဒေပါ ပြစ်မှုတစ်ခုခုကို ကျူးလွန် သည်ဟုလည်းကောင်း၊       n စာမျက်နှာ ၆ မှ
အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်း          ဖြစ်သည်ဟုသော်လည်းကောင်း မမှန်မကန်သတင်း ပေးပို့ခြင်း၊ တိုင်တန်းခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်  ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်  ချမှတ်ရမည့်အပြင်  ငွေဒဏ်လည်း ချမှတ်နိုင်သည်။ 
တိုင်ကြားခံရသူသည်   နိုင်ငံ့ဝန်ထမ်းဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းဥပဒေအရ  အရေးယူသင့်သည်ဟု စိစစ်တွေ့ရှိရပါက သက်ဆိုင်ရာဌာနသို့  လွှဲပြောင်း ပေးပို့ အရေးယူစေရန် ဆက်လက်အကြောင်းကြားရ  ပါသည်။


ပြဋ္ဌာန်းခဲ့ပြီးဖြစ်သော ဥပဒေများသာဖြစ်


အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေမှာ  ယခုမှအသစ်ပြဋ္ဌာန်းခြင်းမဟုတ်ပါ။ ဥပဒေအာဏာ  တည်ခဲ့သည့်နေ့မှာ ၁၇-၉-၂၀၁၃ ရက်နေ့ ဖြစ်ပါ သည်။ ပထမအကြိမ် ပြင်ဆင်ခြင်းကို ၂၃-၇-၂၀၁၄  ရက်နေ့တွင်   ပြည်ထောင်စုလွှတ်တော်   ဥပဒေ အမှတ် (၃၂/၂၀၁၄)ဖြင့် ပုဒ်မ လေးခုအား ပြင်ဆင် ခဲ့သည်။ ဒုတိယအကြိမ် ပြင်ဆင်ရာ၌ ၂၉-၇-၂၀၁၆ ရက်နေ့တွင်   ပြည်ထောင်စုလွှတ်တော်   ဥပဒေ အမှတ် (၃၃/၂၀၁၆)နှင့်လည်းကောင်း၊  တတိယ အကြိမ် ပြင်ဆင်ခြင်းအား ၃၁-၇-၂၀၁၇ ရက်နေ့ တွင်  ပြည်ထောင်စုလွှတ်တော်   ဥပဒေအမှတ်  (၁၈/၂၀၁၇)နှင့်လည်းကောင်း၊  စတုတ္ထအကြိမ် အဖြစ် ၂၁-၆-၂၀၁၈ရက်နေ့တွင်  ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် (၂၀/၂၀၁၈) နှင့် ပုဒ်မ(၂၄)ခုအား ပြင်ဆင်ခဲ့ကြခြင်း ဖြစ်ပါသည်။  ဤဥပဒေ များကို    (မူကြမ်း)    ညှိနှိုင်းအစည်းအဝေးများ အကြိမ်ကြိမ်ပြုလုပ်ပြီး ပြည်ထောင်စုရှေ့နေချုပ် ရုံးသို့ အကြံပြုချက်များရယူကာ နိုင်ငံတကာဥပဒေ  များနှင့်လည်း ရင်ပေါင်တန်းနိုင်၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် သန့်ရှင်းသောအစိုးရ  နှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်များ ပေါ်ထွန်း လာစေရန် ချစ်ခြင်း၊ မုန်းခြင်း  ကင်းရှင်းစွာဖြင့် ၂၀၁၃ ခုနှစ်ကပင် စတင်ရေးဆွဲ ပြဋ္ဌာန်းပေါ်ပေါက် လာခဲ့ခြင်း ဖြစ်ပါသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သဘောထား
၁၅-၃-၂၀၂၁  ရက်နေ့တွင်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၁)၌  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား ခဲ့သော   အမှာစကားကောက်နုတ်ချက်အရ  မိမိတို့ တာဝန်ထမ်းဆောင်ချိန်တွင်       အဂတိတရား ကင်းရှင်းစွာဖြင့် တိုင်းပြည်အကျိုးကို  ဆောင်ရွက် သွားရန်လိုကြောင်း၊ မိမိတို့အနေဖြင့် NLD ပါတီမှ ပုဂ္ဂိုလ်များနှင့်  ၎င်းတို့နှင့်  ပတ်သက်သူများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရာတွင် ကောင်းမွန် စွာ   ထားရှိစစ်ဆေး မေးမြန်းမှုများ ပြုလုပ်လျက် ရှိကြောင်း၊  ဖော်ထုတ်ရရှိသည့် ၎င်းတို့၏ပြောကြား ချက်များမှ  အချို့ကို သတင်းထုတ်ပြန်ပေးခဲ့ပြီး ဖြစ်သလို   ထပ်မံဖော်ထုတ်ရရှိမှုများကိုလည်း  ဆက်လက်   ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ အဂတိလိုက်စားမှုများ ကျူးလွန်ထား သည့် ပြည်နယ်/ တိုင်းဒေသကြီးနှင့် ပြည်ထောင်စု အဆင့်ရှိ တာဝန်ရှိသူများကိုလည်း  ဆက်လက် ဖော်ထုတ်  အရေးယူသွားမည်ဖြစ်ကြောင်း အမှာ စကား ပြောကြားခဲ့ပါသည်။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်ရာတွင် ကောင်းမွန် သော   အုပ်ချုပ်မှုစနစ်များ   ဖြစ်ထွန်းရေးသာ  ရည်ရွယ်၍ နိုင်ငံရေးကလဲ့စားချေခြင်းမျိုး  လုံးဝမရှိ ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါသည်။


နိုင်ငံ့ဂုဏ်ကို မြှင့်တင်ကြပါစို့


အဂတိလိုက်စားမှု        တိုက်ဖျက်ရေးအား နိုင်ငံတော်အစိုးရက    အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် အလေးထားဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားတွင် အရေးပါ သော  နိုင်ငံ့ဝန်ထမ်းများ    အခန်းကဏ္ဍကိုလည်း   အရေးယူခြင်း၊  တားဆီးပညာပေးခြင်းများနှင့်  ကြပ်မတ်လျက်ရှိပါသည်။ ယနေ့ကိုင်တွယ်ဖြေရှင်း နေရသော   စိန်ခေါ်မှုများအား   သတိကြီးစွာ စိစစ်ဆောင်ရွက်နေရသကဲ့သို့  နောင်တစ်ချိန်တွင်             အစိုးရအဆက်ဆက်    သင်ခန်းစာယူဖွယ်ရာ စီရင်ထုံး၊  သမိုင်းမှတ်တိုင်များအဖြစ် တွင်ကျန်ရစ် ခဲ့ရန် အရေးကြီးပါသည်။  နိုင်ငံတကာမျက်နှာစာ တွင်လည်း အဂတိလိုက်စားမှုများအား တိုက်ဖျက်၍  ပြည်သူတို့နှင့်  နိုင်ငံတော်၏ပုံရိပ် ဂုဏ်သတင်းကို    မြှင့်တင်နိုင်ရန်အတွက် ပြည်သူလူထု   ပူးပေါင်း ပါဝင်ကြရန် အရေးကြီးသောကာလ ဖြစ်ပါတော့  သည်။    ။