
ဇန်နဝါရီ ၂၅ ရက် နံနက် ၂ နာရီခွဲ က ယှဉ်ပြိုင်ကစားခဲ့သည့်အီးအက်ဖ် အယ်ဖလား ဆီမီးဖိုင်နယ် ပထမ အကျော့ပွဲစဉ်မှ ဆောက်သမ်တန် နှင့် နယူးကာဆယ်အသင်းတို့ပွဲစဉ် တွင် နယူးကာဆယ်အသင်းက တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ သည်။ နယူးကာဆယ်အသင်း အတွက် တစ်လုံးတည်းသော သွင်းဂိုးကို ပွဲချိန် ၇၃ မိနစ်တွင် အီဆတ်၏ ဖန်တီးမှုမှ ဂျိုးလင်တန် က သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပွဲစဉ်သို့ ပွဲကြည့်ပရိသတ် သုံးသောင်းကျော် လာရောက် ကြည့်ရှုခဲ့သည်။ ယခုနှစ်ရာသီတွင် ခံစစ် အဆိုးရွားဆုံးအသင်းအဖြစ် ရှိနေသည့် ဆောက်သမ်တန်အသင်းသည် ယခုပွဲစဉ်တွင် ခြေစွမ်း ထက်မြက်နေသည့် နယူးကာဆယ်အသင်းကို အခက်တွေ့အောင် ကစားထားနိုင်ခဲ့သည်။ နယူးကာဆယ်အသင်းသည် ဂိုးရရှိနိုင်သည့် အခွင့်အရေးလေးကြိမ်ထက်မနည်း ရရှိခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲ နိုင်ခြင်း မရှိသောကြောင့် နစ်နာခဲ့ရသည်။
ဆောက်သမ်တန်အသင်းမှ အမ်းစထရောင်း နယူးကာဆယ်အသင်း ဘက်သို့ ချေပဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဗွီအေအာရ်က ပယ်ဖျက်ခဲ့ သည်။ ထို့အပြင် ပွဲချိန် ၈၆ မိနစ်တွင် ဆောက်သမ်တန်အသင်းမှ ဆယ်လီ တာကား နှစ်ဝါ တစ်နီဖြင့် ထွက်ခဲ့ရသည်။
ဆောက်သမ်တန်နှင့် နယူးကာဆယ်အသင်းတို့၏ အီးအက်ဖ် အယ်ဖလား ဒုတိယအကျော့ပွဲစဉ်ကို ဇန်နဝါရီ ၃၁ ရက်တွင် ယှဉ်ပြိုင် ကစားသွားမည် ဖြစ်သည်။
အောင်ဇော်