အီဆတ်၏ နောက်ကျဂိုးကြောင့် နော်တင်ဟမ်ကို နယူးကာဆယ် အနိုင်ရ

 

ပရီမီယာလိဂ် ပွဲစဉ် (၂၈) မှ  မတ် ၁၈ ရက် နံနက် ၂ နာရီခွဲက ယှဉ်ပြိုင် ကစားခဲ့သည့်   နော်တင်ဟမ်နှင့်  နယူးကာဆယ်အသင်းတို့ပွဲစဉ်တွင် နယူးကာဆယ်အသင်းက အီဆတ်၏  နောက်ကျပယ်နယ်တီသွင်းဂိုး ကြောင့် နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိကာ အဆင့် (၄) အတွင်းဝင်ရေး မျှော်လင့်ချက် အားကောင်းလာခဲ့ပြီ ဖြစ်သည်။  

 


နော်တင်ဟမ်အသင်းက ပွဲချိန် ၂၆ မိနစ်တွင် ဦးဆောင်ဂိုးသွင်းယူ နိုင်ခဲ့သော်လည်း ပွဲချိန် ၄၅ မိနစ်တွင် နယူးကာဆယ်ကစားသမား အီဆတ်၏ ချေပဂိုးကို ပြန်လည်ခွင့်ပြုပေးခဲ့ရသည်။ ပွဲချိန် ၆၄ မိနစ်တွင် နယူးကာဆယ်အသင်းမှ   အီလီအော့  ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဗွီအေအာရ်     ပြန်လည်ကြည့်ရှုစစ်ဆေးပြီးနောက်   ပယ်ဖျက်ခဲ့သည့် အတွက် နစ်နာခဲ့ရသည်။ 

 


ပွဲချိန်ပြည့်ခါနီးတွင် နယူးကာဆယ်အသင်း  ပယ်နယ်တီကန်သွင်း ခွင့်ရရှိခဲ့ပြီး အီဆတ်က အမှားအယွင်းမရှိ  အဆုံးသတ်နိုင်ခဲ့သည့်အတွက် ပွဲအပြီးတွင် နယူးကာဆယ်အသင်းက  နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ ခြင်းဖြစ်သည်။ 

 


ယခုပွဲစဉ် အနိုင်ရရှိသောကြောင့် နယူးကာဆယ်အသင်းသည် ၂၆ ပွဲကစားပြီး ရမှတ် ၄၇ မှတ်ဖြင့်  အဆင့် (၄) အတွင်း  ဝင်ရေးမျှော်လင့် ချက် အားကောင်းလာခဲ့ပြီ ဖြစ်သည်။ 

လင်းလက်ကြယ် - စုစည်းသည်