အီဂျစ်ကို တိုက်စစ်ခြေစွမ်းပြကာ ဂိုးပြတ်အနိုင်ယူပြီး တတိယနေရာ ရယူနိုင်ခဲ့သည့် မော်ရိုကို

 

ပါရီအိုလံပစ် ၂၀၂၄ အမျိုးသား ယူ -၂၃ ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲမှ အီဂျစ် ယူ -၂၃ နှင့် မော်ရိုကို ယူ -၂၃   အသင်းပွဲစဉ်တွင်   မော်ရိုကိုအသင်းက တိုက်စစ်ခြေစွမ်းပြကာ     ခြောက်ဂိုးပြတ်နိုင်ပွဲရရှိ ပြီး တတိယနေရာရယူနိုင်ခဲ့သည်။ အဆိုပါ ပွဲစဉ်ကို ဩဂုတ် ၈ ရက် ည ၉ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ပြီး ပရိသတ် ၂၇၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့သည်။  


အီဂျစ်အသင်းသည် ခြေစွမ်းကောင်းအချို့ ပြသ နိုင်ခဲ့သော်လည်း ပြိုင်ဘက်အသင်းခံစစ်နှင့် ဂိုးသမား တို့ကို ကျော်ဖြတ်နိုင်ခြင်းမရှိသည့်အတွက် တတိယ နေရာရယူခွင့် လွဲချော်ခဲ့ရသည်။ ပြိုင်ဘက် မော်ရိုကို အသင်းက   ရရှိလာသည့်အခွင့်အရေးကို အမိအရ အသုံးချကာ   ဂိုးအဖြစ်ပြောင်းလဲနိုင်သည့်အတွက် ခြောက်ဂိုးပြတ်နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ခြင်း ဖြစ် သည်။      


မော်ရိုကိုအသင်းအတွက်   သွင်းဂိုးတစ်ဂိုးရယူ နိုင်ခဲ့သော   တိုက်စစ်ကစားသမား   ဆိုဖီယာနီ ရာဟီမီသည်   ပါရီအိုလံပစ်ပြိုင်ပွဲတွင်  စုစုပေါင်း သွင်းဂိုး ရှစ်ဂိုးအထိ ရှိလာပြီဖြစ်သည်။ ထို့ပြင် ပြိုင်ပွဲ တစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားစာရင်း တွင်လည်း စပိန်ကစားသမား  လိုပက်ဇ်၊  ပြင်သစ် ကစားသမား မာတီတာတို့ထက် လေးဂိုးအသာဖြင့် ဦးဆောင်ထားနိုင်သည်။


မော်ရိုကိုအသင်းသည်     ဆီမီးဖိုင်နယ်တွင် နာမည်ကြီး  စပိန်အသင်းကိုရှုံးနိမ့်ကာ ဗိုလ်လုပွဲ တက်လှမ်းခွင့် လွဲချော်ခဲ့သော်လည်း တတိယနေရာ လုပွဲတွင်   ပြိုင်ဘက်အီဂျစ်ကို အနိုင်ယူနိုင်ခဲ့သည့် အတွက်    ဘောလုံးပြိုင်ပွဲတွင်   ပထမဆုံးအကြိမ်   အိုလံပစ် ဆုတံဆိပ်ကို ရယူနိုင်ခဲ့သည်။    

          
အောင်ဇော်