
တီဟီရန် နိုဝင်ဘာ ၂၃
အီရန်နိုင်ငံ၌ နိုဝင်ဘာ ၂၂ ရက်က ကိုဗစ် -၁၉ ကြောင့် သေဆုံးသူ ၉၇ ဦး တိုးလာခဲ့ရာ မတ်လမှစတင်ကာ ပထမဆုံးအကြိမ်အဖြစ် ကိုဗစ် -၁၉ကြောင့်သေဆုံးမှုမှာ ရာဂဏန်းအောက် ကျဆင်းလာခြင်း ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။
ဝန်ကြီးဌာန၏ အသစ်ထုတ်ပြန်ထားချက်အရ နိုဝင်ဘာ ၂၁ ရက်တွင် ကိုဗစ် -၁၉ကူးစက်ခံရသူ ၅၄၂၇ ဦးရှိပြီး တိုင်းပြည်တစ်ဝန်း စုစုပေါင်းကူးစက်ခံရသူအရေအတွက်မှာ ၆၀၈၂၈၆၅ ဦးရှိလာ သည်ဟု သိရသည်။
ကိုဗစ် -၁၉ ကြောင့် တိုင်းပြည်အတွင်း လူပေါင်း ၁၂၉၀၅၃ ဦး၏ အသက်များဆုံးရှုံးခဲ့ရပြီးဖြစ်ကာ ပြန်လည်ကျန်းမာလာသူ အရေအတွက်မှာ ၅၇၉၅၀၆၀ ရှိသည်။ နိုဝင်ဘာ ၂၂ ရက်အထိ အီရန်နိုင်ငံတွင် ကိုဗစ် - ၁၉ ကာကွယ်ဆေး ပထမအကျော့ ထိုးပြီးသူ ၅၆၈၃၀၇၄၁ ဦးရှိပြီး နှစ်ကြိမ်ကာကွယ်ဆေးထိုးပြီးသူ ၄၅၁၁၅၀၀၃ ဦးရှိသည်ဟု ဖော်ပြထားသည်။
တတိယအကြိမ် ကာကွယ်ဆေးထိုးပြီးသူအရေအတွက်မှာ ၈၀၃၂၉၀ ရှိသည်ဟု သိရသည်။
ဆင်ဟွာ