
အဒစ္စအဘာဘာ ဇူလိုင် ၂၃
အီသီယိုးပီးယားနိုင်ငံတောင်ပိုင်း တွင် မြေပြိုကျမှုကြောင့် သေဆုံး သူပေါင်း ၁၅၇ ဦးအထိ ရှိလာ ကြောင်း ဒေသန္တရအစိုးရက အင်္ဂါနေ့တွင် ပြောသည်။
ယင်းမြေပြိုကျမှုမှာ တနင်္လာ နေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် အီသီယိုးပီးယားနိုင်ငံ တောင်ပိုင်း ဂီဇီဂိုဖာခရိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လတ် တလောတွင် ဒေသခံအသိုင်း အဝိုင်းက ထိခိုက်ဒဏ်ရာရရှိသူများ ကို ကယ်တင်နိုင်ရေးလုပ်ဆောင် လျက်ရှိကြောင်းနှင့် အမိုးအကာ များ၊ စားရေရိက္ခာများ ပံ့ပိုးပေး လျက်ရှိကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို ကယ်တင်နိုင်ရန် အခင်းဖြစ်ပွား သည့် နေရာသို့ သွားသူများ၏ နောက်ဆက်တွဲ မတော်တဆမှု များကြောင့် သေဆုံးသူအရေ အတွက် မြင့်တက်လာခြင်းဖြစ် သည်။ အီသီယိုးပီးယားကြက်ခြေနီ အသင်း၊ အနီးဝန်းကျင်ဒေသ များနှင့် ဇုန်များမှ ကျွမ်းကျင် အတတ်ပညာရှင်များသည် အခင်း ဖြစ်ပွားသည့် နေရာ၌ ထိခိုက် ဒဏ်ရာရရှိသူများကို ကူညီပေး လျက်ရှိကြောင်းနှင့် အခင်းဖြစ်ပွား သည့် နေရာ၌ ကယ်ဆယ်ရေး လုပ်ငန်းများကို လူအင်အား ဖြင့်သာ လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။
ဆင်ဟွာ