အိမ်ကွင်းမှာ စပါးအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့သည့် တန်ဟတ်၏ မန်ယူ

 

ပရီမီယာလိဂ်ပွဲကြို (၁၂) မှ အကောင်း ဆုံး ပွဲစဉ်တစ်ပွဲဖြစ်သည့် တန်ဟတ်၏ မန်ယူအသင်းနှင့်   ကွန်တီ ၏ စပါးအသင်းတို့  ပွဲစဉ် ကို   အောက်တိုဘာ   ၂၀  ရက်   နံနက်ပိုင်းက အိုးထရက်ဖို့ဒ်ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ရာ မန်ယူအသင်းက နှစ်ဂိုးပြတ်  အနိုင်ရရှိ ခဲ့သည်။ 

 


အဲရစ်ဆင်မပါနိုင်သည့် မန်ယူအသင်း ၏    ကွင်း လယ်ဟာ နည်းဗျူဟာ  ပိုင်း အရ          အခက်တွေ့စေနိုင် ဖွယ်       ရှိ သည်ဟု        ထင် ကြေးပေး ပြောဆိုနေမှုများရှိသော်လည်း ဖရက်၊ ဖာနန်ဒက်စ် တို့၏ ဦးဆောင်မှုက စပါးအသင်းကို ပွဲချိန်တစ်လျှောက်  ထိန်းချုပ်ကစားနိုင်ခဲ့သည်။ နိုင်ပွဲရရှိရေး   အပြောင်းအလဲအချို့    ပြုလုပ်ကာ အကောင်းဆုံး  ပြင်ဆင်လာသည့် မန်ယူအသင်း သည်  ပွဲစသည်နှင့်တစ်ပြိုင်နက် စပါးအသင်းကို  ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့် အကြိမ် ကြိမ်ပြုလုပ်နိုင်ခဲ့သည်။ 

 


ဒုတိယပိုင်းတွင်လည်း မန်ယူအသင်းကသာ ပွဲကို စိုးမိုးထားနိုင်ပြီး ဂိုးကန်သွင်းခွင့်များ ဆက်လက် ရရှိခဲ့သည်။ မန်ယူအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန်  ၄၇  မိနစ်တွင်  ဖရတ်က  သွင်းယူပေးပြီး  ဒုတိယဂိုးကို  ပွဲချိန်  ၆၉  မိနစ်တွင်  ဖာနန်ဒက်စ်က သွင်းယူပေးခဲ့သည်။ ယခုအနိုင်ပွဲကြောင့် မန်ယူအသင်းသည် လိဂ် ၁၀ ပွဲကစားပြီး ရမှတ် ၁၉ မှတ်အထိ ရရှိလာပြီဖြစ်သည်။ ပြိုင်ဘက်စပါးအသင်းက လိဂ် ၁၁ ပွဲကစားပြီး ရမှတ် ၂၃ မှတ် ရရှိထားသည်။  


အောင်ဇော်