အိမ်ရှင်အင်ဒိုနီးရှားကို ပယ်နယ်တီအဆုံးအဖြတ်တွင် အရေးနိမ့်ပြီး မြန်မာယူ-၁၆ အသင်း ဗိုလ်လုပွဲနှင့် လွဲချော်

 

ရန်ကုန်   ဩဂုတ်  ၁၀


၂၀၂၂ အာဆီယံ ယူ-၁၆ ချန်ပီယံ ရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို သြဂုတ်  ၁၀  ရက်က ဆက်လက် ကျင်းပရာ    မြန်မာအသင်းသည် အိမ်ရှင်    အင်ဒိုနီးရှားအသင်းကို ပယ်နယ်တီ  အဆုံးအဖြတ်တွင် အရေးနိမ့်ပြီး ဗိုလ်လုပွဲနှင့် လွဲချော် ခဲ့သည်။  ပွဲချိန်  မိနစ်   ၉၀   တွင် တစ်ဂိုးစီ     သရေကျနေသဖြင့် ပယ်နယ်တီဖြင့်     ဆုံးဖြတ်ရာ အင်ဒိုနီးရှားအသင်းက      ငါးဂိုး-လေးဂိုး   စုစုပေါင်း    ခြောက်ဂိုး-ငါးဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

 


ယခုပြိုင်ပွဲတွင် အကောင်းဆုံး ခြေစွမ်းပြနေသည့် မြန်မာအသင်း သည်     ဗိုလ်လုပွဲတက်ရောက်နိုင် မည့်     အခြေအနေကောင်းများ ပိုင်ဆိုင်ခဲ့သော်လည်း ပယ်နယ်တီ အဆုံးအဖြတ်တွင်    အရေးနိမ့်ခဲ့ သဖြင့်   နစ်နာခဲ့ရသည်။   မြန်မာ အသင်းသည် ပထမပိုင်းတွင် တစ်ဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့ သော်လည်း     ဒုတိယပိုင်းတွင် ဂိုးပြန်ပေးလိုက်ရပြီး   ပယ်နယ်တီ တွင် ကံမကောင်းခဲ့ခြင်းဖြစ်သည်။

 


မြန်မာအသင်း     နည်းပြချုပ် ဦးအောင်ဇော်မျိုးသည်  ပွဲထွက် လူစာရင်းကို      အပြောင်းအလဲ အချို့ပြုလုပ်ခဲ့ပြီး စိုင်းသီဟနိုင် (ဂိုး)၊    သူရဇော်၊   ဟန်ထွန်းဇော်၊ ရှိုင်းဝဏ္ဏအောင်၊     နေမင်းထက်၊ မြတ်ဘုန်းခန့်၊ ခွန်ချိုထူး၊ ထူးဝေယံ၊ လင်းထက်ဦး၊      ကောင်းထက်၊ အောင်ဇော်မျိုးတို့    ပါဝင်ကစားခဲ့ သည်။  ယခုပြိုင်ပွဲတွင် ခြေစွမ်း ပြနေသည့် မြန်မာအသင်းသည် အိမ်ရှင်အသင်းနှင့် တွေ့ဆုံသော် လည်း အကောင်းဆုံးတုံ့ပြန်နိုင် ခဲ့ပြီး    အပြန်အလှန်ကစားနိုင် ခဲ့သည်။     အိမ်ရှင်အင်ဒိုနီးရှား အသင်းသည်     ပရိသတ်များ၏    အားပေးမှုနှင့်အတူ မြန်မာအသင်း ကို ဖိအားပေးသော်လည်း ဂိုးမပေး ရအောင် ကစားနိုင်ခဲ့ပြီး ၄၄ မိနစ် တွင် နေမင်းထက် သွင်းယူသည့် ဂိုးဖြင့်  ပထမပိုင်းအပြီးတွင်   မြန်မာ အသင်းက ဦးဆောင်နေသည်။

 


ဒုတိယပိုင်းတွင်      အိမ်ရှင် အင်ဒိုနီးရှားအသင်းက   ချေပဂိုး ရရှိရန်       ဆက်တိုက်ကြိုးပမ်း လာပြီး ၆၉ မိနစ်တွင် ရီဆကီက ပြစ်ဒဏ်ဘောကို     တိုက်ရိုက် ကန်သွင်းကာ    ချေပဂိုးသွင်းယူခဲ့ သည်။  မိနစ် ၉၀ တွင် တစ်ဂိုးစီ သရေကျနေသဖြင့်         ပြိုင်ပွဲ စည်းမျဉ်းအရ     အချိန်ပိုဆက် မကစားဘဲ       ပယ်နယ်တီဖြင့် တိုက်ရိုက်ဆုံးဖြတ်ခဲ့ခြင်း     ဖြစ် သည်။    ပယ်နယ်တီကန်သွင်းရာ တွင် အိမ်ရှင်အင်ဒိုနီးရှားအသင်းက ငါးလုံးစလုံးဂိုးဝင်ခဲ့ပြီး      မြန်မာ အသင်းက လေးဂိုးသာဝင်ခဲ့သဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာ အသင်းသည်    စတုတ္ထမြောက် ပယ်နယ်တီ ဂိုးမဝင်ခဲ့ခြင်းဖြစ်သည်။

 


အခြားဆီမီး ဖိုင်နယ်ပွဲစဉ်တွင် ဗီယက်နမ်အသင်းက      ထိုင်း အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင် ရခဲ့သည်။   တတိယနေရာ   လုပွဲ အဖြစ် ထိုင်းနှင့် မြန်မာ၊ ဗိုလ်လုပွဲ အဖြစ်  ဗီယက်နမ်နှင့် အင်ဒိုနီးရှား အသင်းတို့     သြဂုတ်  ၁၂ ရက်တွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။


ရဲရင့်လွင်
ဓာတ်ပုံ-AFF