
နယူးဒေလီ နိုဝင်ဘာ ၂၃
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၅၇၈ ဦး ရှိခြင်းကြောင့် လက်ရှိတွင် ကူးစက်ခံရသူပေါင်း ၃၄၅၂၆၄၈၀ ရှိလာ ကြောင်းနှင့် အဆိုပါတစ်ရက်အတွင်း ကူးစက်ခံရသူ အရေအတွက်သည် ၅၄၃ ရက်တာကာလအတွင်း အနိမ့်ဆုံးကျဆင်းခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
သေဆုံးသူပေါင်း ၄၆၆၁၄၇ ဦးရှိ
ထို့ပြင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၃၆ ဦး ထပ်တိုးလာခြင်းကြောင့် သေဆုံးသူပေါင်း ၄၆၆၁၄၇ ဦးရှိလာကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိဆဲလူနာပေါင်း ၁၁၃၅၈၄ ဦးရှိကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ကျန်းမာလာသူပေါင်း ၃၃၉၄၆၇၄၉ ဦးရှိ
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၁၂၂၀၂ ဦးရှိခြင်း ကြောင့် ပြန်လည်ကျန်းမာလာသူပေါင်း ၃၃၉၄၆၇၄၉ ဦး ရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်