အိုမီခရွန်ရောဂါပိုးရှိသူ ၄၂ ဦး ထပ်မံတွေ့ရှိ

 

SARS-CoV-2 Variant Omicron 
(အိုမီခရွန်) ရောဂါပိုး ထပ်မံတွေ့ရှိရမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း
 

 

(၁၃-၁-၂၀၂၂)ရက်နေ့

 


၁။    ကျန်းမာရေးဝန်ကြီးဌာနသည်  “ကိုဗစ်-၁၉ ရောဂါ  မျိုးရိုးဗီဇပြောင်း  ရောဂါပိုးစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်း” များကို  စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိမှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန် နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။

 


၂။    ထိုသို့ဆောင်ရွက်လျက်ရှိရာ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာ၍  ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက်    ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့ရှိနိုင်သည့်  သံသယဖြစ်ဖွယ်ဓာတ်ခွဲနမူနာများနှင့်  ဗဟိုဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)ရန်ကုန်မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သည့် ဓာတ်ခွဲနမူနာများအား ကိုဗစ်- ၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ ရန်ကုန်တွင် ယနေ့ စစ်ဆေးရာ SARS-CoV-2 Variant Omicron (အိုမီခရွန်)ရောဂါပိုးကို ဓာတ်ခွဲနမူနာ(၄၂)ခုတွင် တွေ့ရှိရ ပါသည်။

 


၃။    အဆိုပါအိုမီခရွန်ရောဂါပိုးတွေ့ရှိသူများတွင် မြန်မာနိုင်ငံသား (၄၀)ဦးနှင့် နိုင်ငံခြားသား (၂) ဦး တို့ပါဝင်ပြီး Relief Flight များဖြင့် ဝင်ရောက်လာသူများဖြစ်ကာ  အိန္ဒိယနိုင်ငံမှ (၃၂) ဦး၊  ယူအေးအီးနိုင်ငံမှ (၄) ဦး၊ မလေးရှားနိုင်ငံမှ (၃)ဦးနှင့် ထိုင်းနိုင်ငံမှ (၃) ဦးတို့ ဖြစ်ပါသည်။ 

 


၄။    ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)  ရန်ကုန်မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သည့်  ဓာတ်ခွဲ နမူနာ(၄၅)ခုတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်)ပိုး မတွေ့ရှိရပါ။ 

 


၅။    အိုမီခရွန်ရောဂါပိုးတွေ့ရှိသူများအား ကိုဗစ်-၁၉ ကုသရေးစင်တာများနှင့် သတ်မှတ်ဆေးရုံကြီးများ တွင် သီးသန့်ထားရှိကာ အထူးကုသစောင့်ရှောက်မှုများဆောင်ရွက်လျက်ရှိပြီး ၎င်းသူတို့နှင့် လေကြောင်း ခရီးစဉ်တွင်   အတူလိုက်ပါလာသည့်   ခရီးသည်များအားလည်း  အသွားအလာကန့်သတ်ခြင်း  (Strict Quarantine) နှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများအား  အထူးအားဖြည့်ဆောင်ရွက်လျက်ရှိပါသည်။

 


၆။    သို့ဖြစ်ပါ၍   ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်း များအား  ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။


ကျန်းမာရေးဝန်ကြီးဌာန