အခြေခံပညာကျောင်းများ ၂၇-၉-၂၀၂၁ ရက်နေ့မှ ၂၄-၁၀-၂၀၂၁ ရက်နေ့အထိ ဆက်လက်၍ ယာယီပိတ်ထားမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Coronavirus Disease 2019 (COVID-19)
ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ


အသိပေးကြေညာချက်


၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ   ၂၄   ရက်)


လက်ရှိအချိန်တွင်   ကိုဗစ်-၁၉   ရောဂါ ကူးစက်မှုနှုန်း လျော့ကျလာသည့်အလျောက်  ကူးစက်မှုနှုန်း ဆက်လက်ကျဆင်းရေး ထိန်းချုပ် ဆောင်ရွက်ရန်  လိုအပ်သဖြင့်    အခြေခံပညာ  ကျောင်းများ (ပုဂ္ဂလိကကျောင်း၊   ဘုန်းတော် ကြီးသင်ပညာရေးကျောင်းများ အပါအဝင်) အား သီတင်းကျွတ်ကျောင်းပိတ်ရက်များ အပါ အဝင်ဖြစ်သည့် ၂၇-၉-၂၀၂၁ ရက်နေ့မှ   ၂၄-၁၀-၂၀၂၁  ရက်နေ့အထိ ဆက်လက်၍ ယာယီ ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာ အပ်ပါသည်။