အခုလို ကာကွယ်ဆေးထိုးထားတဲ့အတွက် ကိုယ်နဲ့ကိုယ့်မိသားစုအတွက် ကာကွယ်ပြီးသားဖြစ်သလို အနီးပတ်ဝန်းကျင်ကသူတွေအတွက်လည်း ကာကွယ်ပြီးသားဖြစ်သွားပါတယ်၊ ဒါကြောင့် ဆေးမထိုးနှံရသေးတဲ့ သူငယ်ချင်းတွေလည်း ကာကွယ်ဆေးထိုးနှံကြပါ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၌  လက်ရှိ ပညာသင်ကြားလျက်ရှိကြသော အသက် ၁၂ နှစ်နှင့်အထက်   ကျောင်းသား  ကျောင်းသူ စုစုပေါင်း ၆၈၅၀၀ ကျော်အား ယနေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေပြီဖြစ်ရာ မြို့နယ်အသီးသီးရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများမှ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများ၏ ရင်တွင်းစကားသံများကို တင်ပြလိုက်ရပါသည်-

 

ဦးမြင့်စိန်
ကျောက်တံတားမြို့နယ်
အုပ်ချုပ်ရေးမှူး 


ကျွန်တော်တို့ ကျောက်တံတားမြို့နယ်  မှာ အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်း၊    အလယ်တန်းကျောင်း တစ်ကျောင်းနဲ့       မူလတန်းကျောင်း ငါးကျောင်းရှိပါတယ်။       ၂၀၂၀-၂၀၂၁ ပညာသင်နှစ် ကျောင်းစဖွင့်တဲ့အချိန်မှာ  ကျောင်းအပ်နှံကြတဲ့      မူလတန်း၊ အလယ်တန်းနဲ့  အထက်တန်းကျောင်းသား ကျောင်းသူဦးရေ စုစုပေါင်း ၁၁၈ ဦးရှိ တယ်ဆိုပေမယ့် အမှန်တကယ်ကျောင်း တွေဖွင့်တဲ့အချိန်မှာ    ကျောင်းသား ကျောင်းသူဦးရေ    ၄၂  ဦးပဲ ကျောင်းတက် တာတွေ့ရပါတယ်။  ဒါကြောင့်မို့  အခု အသက် ၁၂ နှစ်နှင့်အထက်ကျောင်းသားကျောင်းသူများကို ကာကွယ်ဆေးထိုးနှံ တာမှာ အမှန်တကယ်ကျောင်းတက်ကြတဲ့ ကလေးတွေကိုပဲ ဦးစားပေးအနေနဲ့  ထိုးနှံ ပေးဖို့ကို အထက်အဖွဲ့အစည်း အဆင့်ဆင့် ကနေ လမ်းညွှန်တဲ့အတွက်ကြောင့်မို့လို့ ကျောင်းတက်နေကြတဲ့ အသက်၁၂ နှစ် နှင့် အထက် ကလေး ၄၂ ဦးကို ဦးစွာထိုးနှံ ပေးတာဖြစ်ပါတယ်။ ဒီလိုကာကွယ်ဆေးထိုးနှံပေးဖို့အတွက် ပထမဦးစွာ လက်ကမ်း စာစောင်တွေဖြန့်ဝေတယ်။ အသံချဲ့စက် နဲ့မြို့နယ်အတွင်း  လိုက်လံအသိပေး      ကြေညာတဲ့လုပ်ငန်းတွေကို လုပ်ဆောင် တယ်။   နောက်တစ်ခါ   ဗီနိုင်းပိုစတာ       စိုက်ထူခြင်းလုပ်ငန်းတွေပေါ့။     ဒီလို ဆောင်ရွက်တာမှာလည်း ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  အခြေခံ ပညာအထက်တန်းကျောင်းအုပ်ဆရာမ ကြီးတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ပူးပေါင်းပြီး ကာကွယ်ဆေးထိုးနှံပေးဖို့ကို ကြိုတင်ဆောင်ရွက်ခဲ့ရပါတယ်။   ပထမ တော့    ဆေးထိုးရက်ကိုမသိသေးတဲ့ အတွက်ကြောင့်  ကျွန်တော်တို့အနေနဲ့ အခက်အခဲရှိပေမယ့်လို့  အောက်တိုဘာ ၁၇ ရက်ကစတင်ပြီး     ဆေးထိုးပေးဖို့ အတွက် ညွှန်ကြားချက်ရှိလာတာကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac) ဆေးတစ်လုံးကို ကျောင်းသား ကျောင်းသူ  နှစ်ဦးနှုန်းနဲ့ ထိုးနှံပေးတာဖြစ်ပါတယ်။


ဒေါ်လှလှ၀င်း
ကျောက်တံတားမြို့နယ် ပညာရေးမှူး


နိုင်ငံတော်အစိုးရက  အသက် ၁၂ နှစ် နှင့်အထက်  ကလေးတွေကို  ကာကွယ်ဆေးထိုးနှံပေးတော့မယ်ဆိုပြီး ဆရာမကြီး တို့  သတင်းရကတည်းက ကြိုတင်စီစဉ် ဆောင်ရွက်မှုတွေ    ပြုလုပ်ခဲ့ပါတယ်။  အသက်    ၁၂ နှစ်နှင့်အထက်ကလေးတွေ စာရင်းကို    ဆရာမကြီးတို့က   စာရင်း ကောက်ယူရတယ်။ အထက်တန်းကျောင်း နဲ့အလယ်တန်းကျောင်းက ကျောင်းအုပ် ကြီးတွေကိုခေါ်ပြီးတော့ အသက် ၁၂ နှစ် နှင့်အထက်      ကလေးတွေစာရင်းကိုပြုစုရ တယ်။        အဲဒီကလေးတွေထဲကမှ ကျောင်းအုပ်တွေကို     ကျောင်းတက်တဲ့ ကလေးတွေ   စာရင်းပြုစုခိုင်းပြီးတော့        မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ဆေးထိုးနှံပေးမယ့် ကျန်းမာရေးဌာနကို ဘယ်နှဦးဆေးထိုးနှံပါမယ်ဆိုပြီး သတင်း ပေးရပါတယ်။  ကလေးတွေဆေးထိုးနှံဖို့ကို လည်း အတန်းပိုင် ဆရာ  ဆရာမတွေက နေမှတစ်ဆင့်  ကလေးတွေရဲ့မိဘတွေကို ဖုန်းတွေနဲ့ချိတ်ဆက်ပြီး ဆေးထိုးနှံမယ့် ရက်မှာ ကာကွယ်ဆေးလာရောက်ထိုးနှံဖို့ အတွက် အသိပေးပြောကြားပေးပါတယ်။ ဒီနေ့ဆေးထိုးနှံတာမှာလည်း   ကလေး တွေ  ဆေးမထိုးနှံခင်  နားနေဖို့အတွက် အခန်း၊  ဆေးထိုးခန်း၊  ဆေးထိုးပြီးရင် နားနေခန်းဆိုပြီးထားရှိပါတယ်။  ကလေး တွေရဲ့  ကျန်းမာရေးအခြေအနေမေးပြီး လတ်တလော    နေမကောင်းဖြစ်နေတဲ့   ကလေးဆိုလို့ရှိရင် ကျန်းမာရေးကဆရာကြီးရဲ့ဆုံးဖြတ်ချက်နဲ့  ဆေးထိုးပေးလို့ရရင်ထိုးနှံပေးတယ်။  ဖျားနေတဲ့ကလေး      ဆိုရင်တော့ ဆေးမထိုးနှံပေးတော့ဘူး။ ဒီနေ့ ဆေးထိုးနှံကြမယ့်ကလေး ၄၂ ဦးထဲမှာ   ခြောက်ဦးက ဖျားနေကြတာမို့ ကျန်းမာ ရေးက     ဆရာကြီးရဲ့ဆုံးဖြတ်ချက်နဲ့ အိမ်ပြန်လွှတ်လိုက်ပါတယ်။    အဲဒီတော့ အလယ်တန်း ၂၃ ဦးနဲ့  အထက်တန်း       ၁၃ ဦး  ပေါင်း ၃၆ ဦး  ကာကွယ်ဆေးထိုးနှံ ဖြစ်တယ်။ ဆေးထိုးနှံပြီးတဲ့ကလေးတွေ ကိုလည်း နာရီဝက်ထိအောင် ဆရာမကြီး တို့က စောင့်ကြည့်တယ်။ စောင့်ကြည့်ပြီး တော့ မိဘတွေကို မှာသင့်တာမှာပြီးတော့ ကလေးစိတ်ချပြီဆိုတော့မှ ဆရာမကြီး တို့က ပြန်လွှတ်တာပါ။  မထိုးနှံဖြစ်တဲ့ ကလေးတွေကို နောက်တစ်ကြိမ်မှာထိုးနှံ ပေးမှာဖြစ်ပါတယ်။ ဆရာမကြီးတို့မြို့နယ် မှာ  ကာကွယ်ဆေးထိုးနှံမှု အေးဆေးစွာနဲ့ အဆင်ပြေစွာပြီးဆုံးခဲ့ပါတယ်။ 


ဒေါ်ထားထားနိုင်(ကျောင်းသားမိဘ)


ကျွန်မသမီးက အလယ်တန်းတက် နေပါတယ်။ သမီးအတွက်ကာကွယ်ဆေး ထိုးဖို့ကို ဆရာမတွေက မနေ့ကဆက်သွယ် လာတဲ့အတွက် ဝမ်းသာစွာလာရောက် ထိုးခြင်းဖြစ်ပါတယ်။  မိခင်တစ်ယောက် အနေနဲ့ပြောရရင်   သမီးလေးရောဂါ ကူးစက်မှာစိုးရိမ်တာပေါ့နော်၊    ကိုဗစ် တတိယလှိုင်းမှာ ကျွန်မကိုယ်တိုင်ရောဂါ ဖြစ်ခဲ့ရပါတယ်။  အောက်ဆီဂျင်ထိုးကျ သွားတယ်။  ကျွန်မ ကာကွယ်ဆေးမထိုးလို့အောက်ဆီဂျင်ကျခဲ့တယ်ဆိုပြီးဖြစ်ရပါတယ်။
အသက်ကို မနည်းပြန်ပြီးတော့ယူရပါ တယ်။ ဘုရားပေးတဲ့ကုသိုလ်နဲ့ ကျွန်မ အသက်ပြန်ရှင်လာခဲ့တာပါ။  ဆေးရုံတွေ ကလည်း  အဲဒီအချိန်မှာတစ်မျိုးဖြစ်နေတာ ဆိုတော့ ဆေးရုံမတက်တော့ဘဲ အိမ်မှာပဲ ကိုယ်တိုင်ကုသခဲ့ရပါတယ်။   ထမင်း တစ်လုတ်တောင် မဝင်ခဲ့တဲ့အချိန်ထိရောက် သွားလို့  အဲဒီအတွက်  ကျွန်မ Ensure တောင်သုံးဆောင်ခဲ့ရပါတယ်။ အဲဒါကြောင့် ကျွန်မသမီးလေးကိုလည်း    ကျွန်မလို မဖြစ်ရလေအောင် ဒီကာကွယ်ဆေးလေးထိုးဖြစ်အောင်ထိုးရမယ်ဆိုတဲ့    အသိ ကျွန်မခေါင်းထဲမှာ   ဝင်လာတဲ့အတွက် ကျွန်မသမီးကို  ဆေးလာထိုးပေးတာပါ။ ကျောင်းပိတ်ထားတာဆိုတော့  ကလေး တွေ ပညာရေးလည်း    ထိခိုက်တယ်ဆို ပေမယ့် ကျောင်းဖွင့်တဲ့အချိန်မှာ အများနဲ့ ဆက်ဆံရတာဖြစ်တာကြောင့် ကာကွယ် ဆေးထိုးထားတဲ့အတွက် ကျန်းမာရေးကိုအထောက်အကူပြုစေမှာပါ။ 


မသဲဇာခြည်ဝင်း
အခြေခံပညာအထက်တန်းကျောင်း 
ကျောက်တံတားမြို့နယ် 


သမီးက    GRADE-9   (၈ တန်း)ကျောင်းသူဖြစ်ပါတယ်။    ဆေးထိုးပြီး        ခေါင်းမူးတာတော့မဟုတ်ဘူး။ ဒါပေမဲ့ လက်မောင်းနည်းနည်းကိုက်တယ်။ ဆေး ထိုးပြီး နည်းနည်းကြာလာတော့ထိုးထားတဲ့နေရာက နည်းနည်းလေးစူးနေတယ်။ Side Effect ကတော့    အဲဒါပဲရှိတယ်။ ကျန်တာဘာမှမဖြစ်ပါဘူး။ သမီးကြားဖူး သလောက်    ကာကွယ်ဆေးထိုးထားရင် ရောဂါကူးစက်မှုအတွက် ကာကွယ်နိုင် သလို ကူးစက်ခဲ့ရင်တောင်မှ အောက်ဆီဂျင် မကျတော့ဘူးပေါ့။ အခုလိုကာကွယ်ဆေး ထိုးထားတာကြောင့် သူငယ်ချင်းတွေနဲ့ လည်း    ရင်းရင်းနှီးနှီးစကားပြောလို့ရ   သွားတာပေါ့နော်။  လက်ရှိကျောင်းပိတ် ထားတာကြောင့် အိမ်မှာ  ကိုရီးယားနဲ့      ဂျပန်စာသင်ဖြစ်ပါတယ်။  အခုနကပဲဆေး ထိုးပြီး  သူငယ်ချင်းတွေနဲ့တွေ့ပြီး စကား ပြောဖြစ်ကြတော့ အလွန်ပျော်ပါတယ်။ဆေးထိုးနှံပေးကြတဲ့    တာဝန်ရှိသူတွေ အားလုံးကိုသမီးအနေနဲ့ အထူးကျေးဇူးတင် ရှိပါတယ်။  ဆေးထိုးပြီးရင်တော့ ကျောင်း အမြန်ဖွင့်တော့မယ်လို့    ထင်တာပါပဲ။ ကျောင်းအမြန်ဖွင့်စေချင်ပါပြီ။

မောင်ဟိန်းထွန်းဇော်
အမှတ်(၄)အခြေခံပညာ
အလယ်တန်းကျောင်း၊ ရန်ကင်းမြို့နယ် 


ကျွန်တော်က ခုနစ်တန်းကျောင်းသား ပါ။  ကာကွယ်ဆေးထိုးနှံဖို့ကို ကျောင်းက ဆရာမက မနေ့က အိမ်ကိုဖုန်းဆက်အသိ ပေးတာဖြစ်ပြီး ကျွန်တော်ကိုယ်တိုင်လည်း ကာကွယ်ဆေးထိုးနှံချင်လို့ လာရောက် ထိုးနှံခြင်းဖြစ်ပါတယ်။  ကာကွယ်ဆေး မထိုးနှံခင်မှာ ဆေးထိုးဖို့သင့်၊    မသင့် ကျန်းမာရေးစစ်ဆေးပေးပါတယ်။ ဆေး ထိုးပြီးတော့လည်း နာရီဝက်အထိ တစ်စုံ တစ်ရာ  ထွေထွေထူးထူးဘာမှမခံစားရပါ ဘူး။ ကာကွယ်ဆေးထိုးပြီးကျောင်းပြန်တက်ရတော့မယ်ကြားသိရလို့   အလွန် ဝမ်းသာပါတယ်။ ကျောင်းအမြန်ဖွင့်စေ ချင်သလို သူငယ်ချင်းတွေနဲ့လည်း တွေ့ချင် နေပါပြီ။ အခုလိုကာကွယ်ဆေးထိုးထားတဲ့ အတွက်  ကိုယ်နဲ့ကိုယ့်မိသားစုအတွက်ကာကွယ်ပြီးသားဖြစ်သလို      အနီး                   ပတ်ဝန်းကျင်ကသူတွေအတွက်လည်းကာကွယ်ပြီးသား   ဖြစ်သွားပါတယ်။ ဒါကြောင့် ရောဂါကူးစက်မှုကိုကာကွယ် နိုင်ဖို့အတွက်  ဆေးမထိုးနှံရသေးတဲ့ သူငယ်ချင်းတွေလည်း  ကာကွယ်ဆေး ထိုးနှံကြပါလို့  ကျန်းမာရေးရှုထောင့်ကနေ အသိပေးပြောချင်ပါတယ်။


n

တွေ့ဆုံမေးမြန်း - ပွင့်သစ္စာ
ဓာတ်ပုံ - စိုးမြင့်အောင်