
ဘေရွတ် ဩဂုတ် ၇
ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဆေယက်ဒ် ဟာဆန်နာစရယ်လာ က ၎င်းတို့၏ အကြီးတန်းတပ်မှူး ဖရောက် ရွတ်ခါ လုပ်ကြံခံရမှု အတွက် ပြင်းထန်ပြီး ထိရောက် သည့် လက်တုံ့ပြန်မှု လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အင်္ဂါနေ့ တွင် ကတိပြုပြောကြားလိုက် ကြောင်း သိရသည်။
တပ်မှူးလုပ်ကြံခံရမှုအတွက် လက်တုံ့ပြန်မှု မလွဲမသွေ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် ယင်းက ထိရောက်ပြီး ပြင်းထန်လိမ့်မည် ဖြစ်ကြောင်း တပ်မှူး ရွတ်ခါ သေဆုံးပြီးနောက် သီတင်းတစ်ပတ် အကြာတွင် ပြုလုပ်သည့် ရုပ်မြင်သံကြား မိန့်ခွန်းတွင် နာစရယ်လာက ပြောကြားလိုက်သည်။
ထို့ပြင် “ဒါဟာ ကြီးမားတဲ့ စစ်ပွဲတစ်ခုဖြစ်တယ်၊ ပြည်သူ တွေရဲ့ အသက်သွေးတွေဟာ အဖိုးမဖြတ်နိုင်ကြောင်းနဲ့ တပ်မှူး ရွတ်ခါ လုပ်ကြံခံရမှုက လက်တုံ့ မပြန်ဘဲ ပြီးဆုံးသွားမှာ မဟုတ် ဘူး” ဟု ၎င်းက ဆက်ပြောသည်။ နာစရယ်လာက အစ္စရေးမြောက် ပိုင်းရှိ စက်ရုံများကို တိုက်ခိုက် ရန် ခြိမ်းခြောက်ခဲ့ပြီး စက်ရုံ တစ်ရုံစီသည် အမေရိကန်ဒေါ်လာ ဘီလီယံချီ တန်ဖိုးရှိကြောင်း သိရသည်။
အစ္စရေး မြောက်ပိုင်းရှိ စက်ရုံများကို တည်ဆောက်ရန် အချိန် ၃၄ နှစ်ကြာမြင့်သော်လည်း ၎င်းတို့ကို ဖျက်ဆီးရန်မှာ အချိန် နာရီဝက်သာ ကြာမြင့်ကြောင်း နာစရယ်လာက ပြောသည်။ အစ္စရေး၏ ပစ်ခတ်တိုက်ခိုက်မှု ကြောင့် ဘီရွတ်မြို့ တောင်ပိုင်း ဆင်ခြေဖုံးဒေသတွင် ဟစ်ဇ်ဘိုလာ တပ်မှူး ရွတ်ခါနှင့် အရပ်သား ခုနစ်ဦး သေဆုံးပြီးနောက် ဟစ်ဇ် ဘိုလာနှင့် အစ္စရေးတပ်မတော်တို့ အကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။
ဆင်ဟွာ