အကြိမ်(၂၀) မြောက် အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဝူရှူးအားကစားတွင် ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆု ထပ်မံဆွတ်ခူး

နေပြည်တော်   ဩဂုတ်  ၅


အကြိမ်(၂၀)မြောက် အာဆီယံ တက္ကသိုလ် အားကစားပြိုင်ပွဲများ ကို ထိုင်းနိုင်ငံ အူဘွန်ရတ်ချဌာနီ မြို့တွင် ကျင်းပလျက်ရှိရာ   ယနေ့ နံနက် ၁၀ နာရီက Sunee Tower ၌ ကျင်းပသည့် ဝူရှူးအားကစား ပြိုင်ပွဲ   ဒုတိယနေ့ပွဲစဉ်များတွင် မြန်မာဝူရှူး     အားကစားအဖွဲ့မှ မအေးသစ္စာမြင့်က ငွေတံဆိပ်ဆု နှင့် မောင်ခန့်မင်းထက်က ကြေး တံဆိပ်ဆုများကို   ထပ်မံဆွတ်ခူး ရရှိသည်။ 

 


ယှဉ်ပြိုင်သွားမည်


ယနေ့ကျင်းပသည့်      ဝူရှူး ပြိုင်ပွဲတွင် ပွဲစဉ်လေးမျိုး ကျင်းပ ခဲ့ပြီး ပွဲစဉ် (၂)ဖြစ်သည့် အမျိုးသမီး နန်းချွမ်   (Nanquan)  ပြိုင်ပွဲ၌ ဒဂုံတက္ကသိုလ်ကျောင်းသူ မအေး သစ္စာမြင့်  ဝင်ရောက်ယှဉ်ပြိုင်ရာ ရမှတ် ၉ ဒသမ ၅၂ ဖြင့် ဒုတိယ ငွေတံဆိပ်ဆုကို ရရှိကာ ပွဲစဉ်(၄)ဖြစ်သည့် အမျိုးသားထိုက်ချိချွမ် (Taijiquan)ပြိုင်ပွဲတွင် ကျောက် ဆည်တက္ကသိုလ်   ကျောင်းသား မောင်ခန့်မင်းထက်     ဝင်ရောက် ယှဉ်ပြိုင်ရာ ရမှတ် ၉ ဒသမ ၄၁ ဖြင့် တတိယ ကြေးတံဆိပ်ဆုကို ရရှိပြီး    မြန်မာဝူရှူးအားကစား အဖွဲ့အနေဖြင့်  ဝူရှူးအားကစား နည်း    နှစ်မျိုးကို   ဆက်လက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

 


အကြိမ်    (၂၀)  မြောက် အာဆီယံတက္ကသိုလ် အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံအားကစား အဖွဲ့အနေဖြင့် ဘောလုံး၊ ပိုက် ကျော်ခြင်း၊  မြားပစ်နှင့်   ဝူရှူး အားကစားနည်း    လေးမျိုးတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိရာ ယမန် နေ့က    ဆွတ်ခူးရရှိသော   ဝူရှူး အားကစားနည်းမှ   ရွှေတံဆိပ် တစ်ခု၊ ဘောလုံးအားကစားပြိုင်ပွဲ မှ ကြေးတံဆိပ်တစ်ခုအပါအဝင် ယနေ့အထိ    ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ် နှစ်ခုကို  ရရှိပြီးဖြစ်ကြောင်း သိရ သည်။


သတင်းစဉ်