အကြမ်းဖက် အဖျက်လုပ်ရပ်များ ပြည်သူများက ဆန့်ကျင်တိုက်ဖျက်

အရှိန်အဟုန်မြင့်တက်နေသော မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးသည် ပစ္စုပ္ပန်အချိန်ကာလအတွင်း မြန်မာနိုင်ငံအတွင်း နေထိုင်သူ နိုင်ငံသူ နိုင်ငံသားအားလုံး၏ အဓိက အာရုံစူးစိုက်နေရသော အရေးကိစ္စဖြစ်သည်။ ဆန့်ကျင်ဘက်တွင်မူ အကြမ်းဖက်အဖွဲ့အစည်းများက   လေလှိုင်းမှတစ်ဆင့်   စေခိုင်းမှု များကို ဆင်ခြင်ဉာဏ်ကင်းမဲ့စွာ လိုက်ပါလုပ်ဆောင်နေသူများက မြို့ရွာများအတွင်း၊ ပြည်သူလူထုအတွင်း မတည်မငြိမ်ဖြစ်စေရေး၊ ကြောက်ရွံ့ထိတ်လန့်နေစေရေးတို့ကို အခွင့်အခါ စောင့်ဆိုင်းကာ လစ်လျှင်လစ်သလို ပြုလုပ်နေကြဆဲ။ သို့ရာတွင် မြို့ပြများအတွင်း ပြန်လည်ဝင်ရောက်ခိုအောင်းကာ အကြမ်းဖက်အဖျက်လုပ်ရပ်များ ပြုလုပ်ရန် ပုန်းကွယ်နေထိုင်နေကြသူများမှာ လူနှင့်တကွ လက်နက် ခဲယမ်းများပါ    ကွင်းဆက်လိုက်   ဖော်ထုတ်ဖမ်းဆီးခံရခြင်းဖြင့် အကြမ်းဖက်အဖျက်လုပ်ငန်းများကိုပါ  တားဆီးနိုင်ခဲ့သည်။

 


အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သော CRPH , NUG , PDF စသည်တို့နှင့် NLD , NLD ထောက်ခံသူအစွန်းရောက်အချို့တို့၏ စီစဉ်ညွှန်ကြားမှု၊ အားပေးအားမြှောက်ပြုမှုများကြောင့် အကြမ်းဖက် လုပ်ရပ်ကို ကျူးလွန်ခဲ့ကြသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းအချို့၏ နယ်မြေတွင် ဖောက်ခွဲရေးသင်တန်းနှင့် အကြမ်းဖက် သင်တန်းတက်ရောက်ခဲ့ကြသူများက မြို့ပြဒေသများသို့ ပြန်လည် ဝင်ရောက်လာကြရာတွင် လက်နက်ခဲယမ်းများနှင့်တကွအုံနှင့် ကျင်း နှင့် ဖမ်းဆီးရမိခဲ့မှုများ၊ လူအုပ်စုလိုက် လမ်းခရီး၌ပင် ဖမ်းမိမှုများ၊ မြို့ရွာ ဒေသများအတွင်း ပုန်းခိုနေစဉ် ဖမ်းဆီးရမိမှုများ အများအပြား ရှိခဲ့ရာ ယင်းသို့ဖမ်းဆီးမှုများက အကြမ်းဖက်လုပ်ရပ်များ အမြောက် အမြား၊ ကြီးကြီးမားမား  ဖြစ်ပေါ်မလာနိုင်အောင်  တားဆီးနိုင် ခဲ့ခြင်းပင် ဖြစ်သည်။

 


ဖမ်းဆီးရမိသူ လူငယ်လူရွယ်များမှာ အရွယ်ကောင်းများဖြစ် သည့်အလျောက် တိုင်းပြည်၏ အနာဂတ်အတွက် လူသားအရင်း အမြစ်များ ဖြစ်သင့်သော်လည်း ၎င်းတို့သည်ပြည်ပနိုင်ငံများနှင့် ဘေး လွတ်ရာ နေရာတို့တွင် ထွက်ပြေးတိမ်းရှောင်နေပြီး ကိုယ်ကျိုးရှာဖွေနေသူ တို့၏ လိမ်လည်လှည့်ဖြားအသုံးချမှုတို့ကို ခံနေကြသူများ ဖြစ်နေကြ သည်။ ဖမ်းမိသူများအနက်မှ အကြမ်းဖက်မှုများအတွက် ဝန်ချ တောင်းပန်သူများ၊ လူငယ်လူရွယ်များ နောက်ထပ်လမ်းမမှားအောင် အသိပေးသူများကို သူတို့၏ လူမဟုတ်သယောင်၊ တပ်မတော်မှ စေလွှတ်ထားသည့် သူလျှိုယောင်ယောင် စွပ်စွဲကာ တာဝန်မယူ တော့သည့် လုပ်ရပ်များကို ပြုလုပ်ကာ ပြည်ဖုံးကားချလိုက်ကြသည်။ အကြမ်း ဖက်အဖွဲ့များနှင့် ပင်းထားသည့် မီဒီယာများကလည်း G-Z တို့၏ တောတွင်းဇာတ်လမ်းများနှင့် ဖြစ်ရပ်မှန်သတင်း အများအပြား တို့ကိုရေငုံနှုတ်ပိတ်ထိမ်ချန်ကာ  ပြည်တွင်းမှ  ပြည်သူများနှင့် လူငယ် လူရွယ်များအား လိမ်ညာလှည့်ဖြားမှုတွင် ပါဝင်ဖုံးဖိထားကြသည်။

 


စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့ သည့်   ကျေးရွာနှစ်ရွာကို    အကြမ်းဖက်သောင်းကျန်းသူများက အကြောင်းမဲ့ဝင်ရောက်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်အတွင်း ကျေးရွာ တစ်ရွာမှ ပြည်သူများက ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့သည့်အတွက် အကြမ်းဖက်သမား ၅၀ ကျော်ကို ဖမ်းဆီးရမိခဲ့သည်။ ဤသည်မှာ အကြမ်းဖက်အဖျက်လုပ်ရပ်များကို ပြည်သူများက လက်မခံကြောင်း ထင်ထင်ရှားရှားပြသလိုက်ခြင်းပင်ဖြစ်သည်။ တရားဝင်နိုင်ငံရေးပါတီ တစ်ခုကို ထောက်ခံခြင်း၊ ယင်းပါတီ၏ လွှတ်တော်ကိုယ်စားလှယ်ကို ရွေးကောက်ပွဲတွင်    ထောက်ခံမဲပေးခြင်းတို့က      နိုင်ငံတော် တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့အရေးအရာတို့ကို ဆောင်ရွက်ပေးရေးတို့အတွက် ထောက်ခံခြင်းသာဖြစ်ပြီး ၎င်းတို့ ဘာလုပ်လုပ်ထောက်ခံမည်ဟု   ယူဆ၍မရနိုင်။   အစွန်းရောက် ထောက်ခံသူတို့ကသာလျှင် ဖြူဖြူမည်းမည်း ငါ့ပါတီဟူ၍ ပုဂ္ဂိုလ်စွဲ ပါတီစွဲဖြင့် ထောက်ခံကြမည်ဖြစ်သည်။

 


၎င်းတို့အနေဖြင့် တိုင်းပြည်အစိတ်စိတ်အမြွှာမြွှာပြိုကွဲရေး၊ ပြည်ပမှ နိုင်ငံပေါင်းစုံစစ်တပ်များ ကျူးကျော်ဝင်ရောက်လာပြီး ၎င်းတို့၏ ပါတီကို အာဏာအပ်နှင်းရေး စသည်တို့ကို တစ်နေ့ တစ်မျိုး မရိုးရအောင် စိတ်ကူးအိပ်မက်မက်ကာ ပြည်သူကိုလည်း လှည့်ဖြားလျက်ရှိကြသည်။ နွေဦးတော်လှန်ရေးဟု ခေါင်းစဉ်တပ်ကာ ကိုယ်ကျိုးကြီးကြီး ရှာသွားကြသူများ၊ လူမသိသူမသိ သတ်ဖြတ် ခံလိုက်ရသူများ စသည်ဖြင့် ဖြစ်ရပ်မှန်များမှာ သင်ခန်းစာယူဖွယ်၊ သံဝေဂရဖွယ်များပင် ဖြစ်ပါကြောင်း။       ။