အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရ ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်း ဆောင်ရွက်နေသော NLD ပါတီဝင် မောင်ကျော်(ခ)ဖြိုးဇေယျာသော်အား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

 

နေပြည်တော်  နိုဝင်ဘာ  ၁၉


အကြမ်းဖက်    အဖွဲ့အစည်းဖြစ် သော  CRPH ၊ NUG နှင့်  PDF အဖွဲ့များ၏  အကြမ်းဖက်လုပ်ရပ် များအား   ဖော်ထုတ်ဖမ်းဆီး နိုင်ရေး    ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်   အဖွဲ့အစည်းဖြစ် သည့် NUG နှင့် NLD ပါတီဝင် ဖြိုးဇေယျာသော်တို့၏   စေခိုင်း ချက်အရ      သန်လျင်တံတား၊ မြောက်ဥက္ကလာပတံတား၊ ထန်း တပင်မြို့နယ်နှင့်  ကြည့်မြင်တိုင် မြို့နယ် ဗားကရာမီးပွိုင့်ရှိ လုံခြုံ ရေးအဖွဲ့ဝင်များကို    ပစ်ခတ်ခဲ့သူ များနှင့်    ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ  ဆောင် ရွက်ခဲ့သည့်     ဖြစ်စဉ်တွင်   ပါဝင် ကျူးလွန်ခဲ့သော          တရားခံ  အမျိုးသား ၄၀ ၊ အမျိုးသမီး ခုနစ် ဦး ပေါင်း ၄၇ ဦးကို လက်နက်ငယ် မျိုးစုံ ၃၄ လက်၊ ကျည်အိမ်မျိုးစုံ ၇၀ ၊ ကျည်မျိုးစုံ ၂၁၀၅ တောင့်၊ ၄၀ မမဗုံးသီး ၁၇ လုံး၊ လက်လုပ်ဗုံး ၁၀လုံး၊ ရီမုမိုင်းလေးလုံး၊ ရှေ့ထွက် မိုင်း လေးခု၊ မီးခိုးဗုံး ငါးလုံး၊ ရှို့ပစ် နှစ်လုံး၊   ယမ်းမှုန့်  (မီးခိုရောင်) ခုနစ်ထုပ်၊  မှန်ပြောင်း  တစ်ခုနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်အား နိုဝင်ဘာ ၁၇ ရက်တွင်  သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

 


ဖမ်းဆီးရမိ


ထိုကဲ့သို့ ရန်ကုန်မြို့အတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှုများ၊ အပြစ်မဲ့ ပြည်သူများ၊ နိုင်ငံ့ ဝန်ထမ်းများနှင့်             လုံခြုံရေး တပ်ဖွဲ့ဝင်များအား      လုပ်ကြံ သတ်ဖြတ်မှုများကို  လက်မခံသော တာဝန်သိပြည်သူများ၏ သတင်း ပေးပို့မှုနှင့်           ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့်   နိုဝင်ဘာ ၁၈ ရက်တွင်   NLD  ပါတီဝင် မောင်ကျော်(ခ)  ဖြိုးဇေယျာသော် အား ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာ လမ်း ရတနာနှင်းဆီအိမ်ရာ တိုက် အမှတ်  (3/B)၊     အခန်းအမှတ်  (B-0907)၌ Sigsauer အမျိုးအစား ပစ္စတို  နှစ်လက်၊   ၉ မမ ကျည်   ၄၈   တောင့်၊    M-16  သေနတ်  တစ်လက်၊  ၅.၅၆ ကျည် ၇၄ တောင့်နှင့်အတူ    ဖမ်းဆီးရမိခဲ့သည်၊၊

 


ဆက်လက်ထုတ်ပြန်မည်    


အဆိုပါ       NLD ပါတီဝင် မောင်ကျော်(ခ) ဖြိုးဇေယျာသော် ၏    အကြမ်းဖက်ဆောင်ရွက်မှု များ အား      ဆက်လက်ထုတ်ပြန်သွား မည်ဖြစ်ကြောင်း   သက်ဆိုင်ရာမှ သတင်းရရှိသည်။ 

သတင်းစဉ်