အကြမ်းဖက်အဖျက်လုပ်ရပ်များ ဝိုင်းဝန်းဖယ်ရှား

အကြမ်းဖက်အဖွဲ့များအဖြစ်  ကြေညာထားသော  CRPH  နှင့် NUG အဖွဲ့တို့သည် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါဘေးကို ပြည်သူများ ခံစားနေရသောကာလ တွင် ပြည်သူလူထုအပေါ် စာနာထောက်ထားမှုကင်းမဲ့စွာဖြင့် PDF ဟူသော အကြမ်း ဖက်အဖွဲ့များ ဖွဲ့စည်းကာ ၎င်းအဖွဲ့များအတွင်း  လမ်းမှားရောက်နေသော လူငယ် များအား စည်းရုံးခေါ်ဆောင် ထောက်ပံ့ပေးပြီး အကြမ်းဖက်အဖျက်လုပ်ရပ်များကို တစိုက်မတ်မတ်လုပ်ကိုင်နေသည်ကို တွေ့ရမည်ဖြစ်သည်။

 
အကြမ်းဖက်သမားများသည် မြို့ရွာများရှိ  အပြစ်မဲ့ပြည်သူများအား စွပ်စွဲ သတ်ဖြတ်ခြင်း၊   အများပြည်သူနေရာအဆောက်အအုံများကို  မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်းတို့ကို  လုပ်ဆောင်လျက်ရှိသည့်အပြင် လုယက်မှုများကိုပါ ကျူးလွန်လာကြရာ ထိုသို့တရားဥပဒေမဲ့ ယုတ်မာပက်စက်သောလုပ်ကြံမှုများကို ထပ်မံ မဖြစ်ပွားစေရေးနှင့် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးထိန်းသိမ်းနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက   ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။    ထိုသို့ကြိုးပမ်း ဆောင်ရွက်ရာတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ကူညီမှုရှိပါက ပိုမိုထိရောက်မြန်ဆန် သည်ကို တွေ့ရသည်။


ယခုအခါတွင်  မြန်မာနိုင်ငံအတွင်း  မြို့ရွာများ၌  အကြမ်းဖက်ဖျက်ဆီးရေး လုပ်ငန်းများ လုပ်ကိုင်နေကြသော  အကြမ်းဖက်သမားများအား  နေ့စဉ်နှင့်အမျှ ဖမ်းဆီးရမိနေသည်ကို တွေ့ရမည်ဖြစ်သည်။  လမ်းမှားရောက်နေသည့်   လူငယ် လူရွယ်များသည်   အကြမ်းဖက်သမားအသွင်ကူးပြောင်း၍  မြို့ပေါ်တွင်နေထိုင်၍ အကြမ်းဖက်လုပ်ငန်းများလုပ်ကိုင်ရန် ကြိုးစားအားထုတ်နေကြသည်။  မြို့ရွာများ တွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် အေးချမ်းစွာနေထိုင်လျက်ရှိပြီး မြို့ရွာ များအလိုက် အကြမ်းဖက်သမားတစ်စုမှာ  အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အတွက် ပြည်တွင်း/ပြည်ပ အကူအညီအထောက်အပံ့များကိုရယူ၍ EAOs တို့၏ နေရာအချို့တွင် အကြမ်းဖက်သင်တန်းများ တက်ရောက်ခဲ့ကြသည်။ 


အကြမ်းဖက်သင်တန်းများတက်ရောက်ပြီးနောက် မြို့ရွာများပေါ်ပြန်တက်၍ ဆူပူဆန္ဒပြမှုများ ပြုလုပ်လိုက်၊ အကြမ်းဖက်အဖျက်လုပ်ရပ်များ လုပ်ကိုင်လိုက်နှင့် မြို့ရွာများရှိ ပြည်သူများ စိုးရိမ်ထိတ်လန့်အောင် ပြုလုပ်နေကြသည်။ ထိုသို့ မြို့ရွာ များ၌ အကြမ်းဖက်သမားတစ်စု၏ အကြမ်းဖက်ဖျက်ဆီးရေး လုပ်ကိုင်နေမှုများ တွင် မြို့ရွာများအတွင်းရှိ ကောင်းမွန်စွာနေထိုင်ကြသည့် လူငယ်လူရွယ်များအနေဖြင့် စိတ်ဆန္ဒပြင်းပြမှုကြောင့်လည်းကောင်း၊ စည်းရုံးဆွဲဆောင်မှုကြောင့် လည်းကောင်း ဥပဒေနှင့် မလွတ်ကင်းသည့် အဖျက်လုပ်ငန်းများတွင် ပါဝင်မလုပ်ကိုင်မိဖို့ လိုသည်။ မိဘအုပ်ထိန်းသူ၊ ပတ်ဝန်းကျင်မှလည်း   မိမိတို့၏ကလေးငယ်များ  လမ်းမှားပေါ်သို့ မရောက်အောင် တည့်မတ်ပေးရေးနှင့် တည့်မတ်ပေးရန် မဖြစ်နိုင်ပါက အချိန်မီ အန္တရာယ်မကျရောက်အောင် ထိန်းသိမ်းနိုင်ရေးတို့ကို ဆောင်ရွက်ပေးရန် လိုအပ် သည်။ အကယ်၍  အကြမ်းဖက်မှုပြုလုပ်နေသည်ကို  ရှောင်ဖယ်၍  သိလျက်နှင့် လက်ပိုက်ကြည့်နေမည် သို့မဟုတ် အားပေးမည်ဆိုပါက အကြမ်းဖက်ဥပဒေနှင့် ငြိစွန်းသည်ကို သတိပြုကြရမည်ဖြစ်သည်။  အကြမ်းဖက်လုပ်ရပ်များ လုပ်ကိုင်နေ သူများမှာ လူအနည်းစုဖြစ်ပြီး ထိုအကြမ်းဖက်သမားများကို ရှာဖွေဖော်ထုတ်ဖမ်းဆီး ထိန်းသိမ်းလျက်ရှိသည်ကို သတိမူရမည်ဖြစ်သည်။


အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG နှင့် ၎င်းတို့၏လက်အောက် ခံ PDF တို့သည်  နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်  ရည်ရွယ်၍ လူငယ်လူရွယ်များအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ထံတွင် အကြမ်းဖက် သင်တန်းများ တက်ရောက်စေပြီး တရားမဝင်ငွေကြေးထောက်ပံ့မှုများကို ရယူကာ အများပြည်သူ သွားလာလှုပ်ရှားလျက်ရှိသည့်နေရာများအား မိုင်းထောင်ဖျက်ဆီး ခြင်းတို့ကို အဓိကလုပ်ဆောင်နေသည်။ အကြမ်းဖက်အဖျက်သမားတို့၏ လုပ်ဆောင် ချက်များသည် တိုင်းပြည်ပျက်စီးရေးဦးတည်နေပြီး  အပြစ်မဲ့အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၏အကျိုးစီးပွားကို   ပျက်ပြားအောင်  ဆောင်ရွက်နေခြင်းဖြစ်သည်။ ထို့ကြောင့် အကြမ်းဖက်အဖျက်လုပ်ရပ်နှင့်ပတ်သက်၍   လုပ်ကိုင်နေကြသူများ၊ ဆက်စပ်ပတ်သက်သောသူများအနေဖြင့် ဥပဒေအရ  ထိရောက်စွာအရေးယူခံရမည် ကို သတိပြုရမည်ဖြစ်သည်။


မြန်မာနိုင်ငံတွင် နိုင်ငံရေးပြောင်းလဲဖြစ်ပေါ်မှုကို  အကြောင်းပြု၍ ဆူပူဆန္ဒပြမှု များ ဖြစ်ပေါ်လာခဲ့သည်။ ယင်းကိုအကြောင်းပြု၍ အာဏာလက်လွှတ်လိုက်ရသည်ကို မလိုလားသူများနှင့် အစွန်းရောက်နိုင်ငံရေးသမားများက စိတ်ဆန္ဒပြင်းပြနေသော လူငယ်လူရွယ်များကို အကြမ်းဖက်လမ်းကြောင်းပေါ်သို့ တွန်းပို့ပေးခဲ့သည်။ ယခု အခါတွင်  အကြမ်းဖက်အဖျက်လုပ်ရပ်များနှင့်  အဖျက်လုပ်ရပ်တိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်မှုအားနည်းမှုကြောင့် တိုင်းပြည်ပုံမှန်အခြေအနေသို့ ရောက်ရှိရေးတွင် လိုအပ်မှုရှိနေသည်ကိုတွေ့ရသည်။ ယခုအခါ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို လျင်မြန်စွာရရှိရေးအတွက်  အကြမ်းဖက်အဖျက်သမားများအား  ရှာဖွေဖမ်းဆီး ထိန်းသိမ်းရေးကို  အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေရာ ပြည်သူများအနေဖြင့် ပူးပေါင်း ကူညီကြရန်လိုအပ်သည်။


သို့ဖြစ်ရာ မြို့ရွာများအတွင်း၌ အကြမ်းဖက်အဖျက်သမားများ ပုန်းခိုနေထိုင်ရာ နေရာများ၊ လှုပ်ရှားသွားလာလုပ်ကိုင်မှုများအား သတင်းရရှိပါက သက်ဆိုင်ရာ အဖွဲ့အစည်းများသို့    လျှို့ဝှက်စွာဖြင့်    သတင်းပေးပို့နိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးတည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါကြောင်း။    ။