အကြမ်းဖက်အဖျက်ရှင်းမှ မြို့ရပ်ကျေးလက် အေးချမ်းမည်

 

ရန်ကုန်၊ မန္တလေးနှင့် မြင်းခြံတို့တွင် အကြမ်းဖက်အဖွဲ့ဝင် တရားခံ များနှင့် လက်နက်ခဲယမ်းများ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းက ၎င်းတို့ နောက်ထပ်ကျူးလွန်ကြမည့် လုပ်ကြံသတ်ဖြတ်မှုများနှင့် ဖောက်ခွဲ ဖျက်ဆီးမှုများစွာတို့ကို တားဆီးလိုက်နိုင်ခြင်းပင်ဖြစ်သည်။ ဒေသ အလိုက် အမည်အမျိုးမျိုးခံ၍ အုပ်စုများဖွဲ့စည်းကာ အကြမ်းဖက် အဖျက်လုပ်ရပ်များ လုပ်ဆောင်နေကြခြင်းဖြစ်သော်လည်း ၎င်းတို့ကို ကြိုးကိုင်နေသည့်နေရာက တစ်နေရာတည်းသာ ဖြစ်သည်။ ၎င်းတို့ လုပ်ကိုင်နေကြသည့်   အကြမ်းဖက်အလုပ်များက   အတူတူသာ ဖြစ်သည်။ ၎င်းတို့၏  လုပ်ရပ်များတွင်   အပြစ်မဲ့ပြည်သူများကို   စွပ်စွဲသတ်ဖြတ်ခြင်း၊ ကျောင်းရုံးဌာနအုပ်ချုပ်ရေးရုံး အဆောက် အအုံများကို  မီးရှို့ဖျက်ဆီးခြင်း၊  မိုင်းခွဲတိုက်ခိုက်ခြင်း၊ လုယက်ခြင်း တို့ကသာ အဓိကဖြစ်ပြီး ပြည်သူလူထု  ကျီးလန့်စာစား၊  အထိတ် တလန့်ဖြစ်စေရေးကိုသာ ဦးတည်ထားသည်။

 


မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မြတောင် ကျောင်းတိုက်အတွင်း လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် နေလဝင်း (ခ) နို့ဆီဗူး ဆိုလျှင် အမေရိကန်နိုင်ငံသို့ ထွက်ပြေးတိမ်း ရှောင်နေသူ NLD ပါတီ ဗဟိုသုတေသနအဖွဲ့ဝင်ဟောင်း အကြမ်းဖက် သမား မျိုးရန်နောင်သိမ်းက အွန်လိုင်းမှ တိုက်ရိုက်ခိုင်းစေခြင်းကို လိုက်ပါဆောင်ရွက်နေသူဖြစ်သည်။ မန္တလေးမြို့၏ အထင်ကရနေရာ များတွင် ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည့်အပြင် ဆက်လက်၍ လည်း အစိုးရအဆောက်အအုံများ၊ ပြည်ခိုင်ဖြိုးပါတီရုံးများ၊ ဆေးရုံ များ၊ ကွာရန်တင်းစင်တာများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေး သည့် နေရာများ၊ ပန်းဥယျာဉ်နှင့် ကစားကွင်းတို့ကို ဖောက်ခွဲဖျက်ဆီး ရန် နေ့ရက်နှင့်တကွ  စေခိုင်းထားရာ အကြမ်းဖက်သမားတို့၏ အကြံအစည်မှာ မည်မျှကြမ်းကြုတ်ရက်စက်သည်ကို တွေ့ရှိနိုင်သည်။

 

အကယ်၍သာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကာအကွယ်၊ အစောင့် အရှောက်များ ကင်းမဲ့နေခဲ့မည်ဆိုပါက အဆိုပါနေရာများ ဖောက်ခွဲ တိုက်ခိုက်ခံရပြီး သေကျေပျက်စီးမှုများ ဖြစ်ပေါ်လာမည်သာဖြစ် သည်။  တစ်ဖန် တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုကြောင့်  ဖောက်ခွဲရေးပစ္စည်းများနှင့် ဖောက်ခွဲရေးသမားများ ပုန်းရှောင်ခို အောင်းနေသော မြတောင်ကျောင်းတိုက်အား အချိန်မီဝင်ရောက် ရှာဖွေနိုင်ခဲ့သဖြင့် မျိုးရန်နောင်သိမ်း၏ အကြမ်းဖက်အစီအမံကို တစ်ရက်စော၍ ကြိုတင်တားဆီးနိုင်ခဲ့ခြင်းဖြစ်ရာ ပြည်သူတို့၏ တာဝန်သိစွာ ပူးပေါင်းဆောင်ရွက်မှုက ပြည်သူလူထုအတွင်း ဖြစ်ပေါ် လာမည့် အကြမ်းဖက်အဖျက်လုပ်ရပ်ကို ဖယ်ရှားတားဆီးလိုက်နိုင် ခြင်းပင် ဖြစ်သည်။

 


နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထား သည့် NUG နှင့် CRPH စသည့်အဖွဲ့အစည်းများက ၎င်းတို့ဆောင်ရွက် လိုသည့်   အကြမ်းဖက်အဖျက်လုပ်ငန်းများကို    နောက်ကွယ်မှ ကြိုးကိုင်ခြင်း၊ ငွေကြေးပေးပြီး ခိုင်းစေခြင်းတို့ဖြင့် ဒေသအလိုက် ရှိနေကြသည့် အကြမ်းဖက်အုပ်စုများအား ဒေသအတွင်းမှာပင် အကြမ်းဖက်အဖျက်အမှောင့် လုပ်ခိုင်းနေကြခြင်းဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ထံ တွင်  သင်တန်းများ  တက်ရောက်ခဲ့သူများမှာ ဒေသများအတွင်း ပြန်လည်ဝင်ရောက်လာကာ ပုန်းခိုလှုပ်ရှားဆောင်ရွက်နေကြခြင်းဖြစ်သည်။    မြို့ရွာဒေသများအတွင်း  အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားနေစေရေး၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေစေရေး၊ မြို့ရွာများ တည်ငြိမ်အေးချမ်းမှု မရှိ၊ ပြည်သူလူထုအတွင်း ထိတ်လန့်ခြောက်ခြား နေစေရေးတို့အတွက် အကြမ်းဖက်အဖျက်လုပ်ရပ်များကို ပြုလုပ် နေကြခြင်းဖြစ်ရာ မိမိတို့၏ လူမှုဘဝများ တည်ငြိမ်အေးချမ်းစေရေး အတွက် မိမိတို့နေထိုင်ရာ မြို့ရွာရပ်ကွက်ကျေးလက်တို့ တရားဥပဒေ စိုးမိုးနေစေဖို့ လိုအပ်မည် ဖြစ်သည်။    အကြမ်းဖက်အဖျက်သမားတို့ တစ်ယောက်မကျန်  ဖယ်ရှားရှင်းလင်းနိုင်သည်နှင့်အမျှ   အေးချမ်း တည်ငြိမ်လာမည်ဖြစ်သည့်အလျောက် ပြည်သူအားလုံး ပူးပေါင်း ပါဝင်ကြရေး တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။        ။