အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUGနှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၃


အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊NUG နှင့် ယင်းတို့ ၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ် စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

 


ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊  ပြုလုပ်မှုဖြင့်ဖြစ်စေ၊   တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင်   အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ   ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေး ယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို  အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေး သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

 


ထိုကဲ့သို့        အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း နေပြည်တော် ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိမြို့နယ်နေ သန္တာလင်း သည် ၎င်းအသုံးပြုသည့် “Lin Htet Naing” Facebook အကောင့်၊ ကရင်ပြည်နယ် ဘားအံမြို့နေ ဒေါက်တာမိသီရိနန္ဒာကျော်သည် ၎င်း အသုံးပြုသည့် “Hpa-An News” Facebook Page၊ ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်းမြို့ ဆင်ကန်းရပ်ကွက်နေ မဇာနည်ထွန်း (ခ) ဇာလေး (၄၁)နှစ်သည်   ၎င်းအသုံးပြုသည့်  “ဇာနည်ထွန်း” Facebook အကောင့်၊ အင်းစိန်မြို့နေ ဟိန်းကိုသက်သည် ၎င်းအသုံးပြု သည့် “မှန်လေးမှန်” Facebook အကောင့်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် အေးသာယာမြို့နေ ရဲဝင်းမိုးသည် ၎င်းအသုံးပြု သည့် “Yae Win Moe(Ko Ye)” Facebook အကောင့်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်မြို့နေ မြင့်သိန်းလွင်သည် ၎င်းအသုံးပြုသည့် “Myint Thein Lwin” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စဉ့်ကိုင်မြို့နယ် စည်ပင်သာယာဈေးအတွင်း ဈေးရောင်းချ နေသူများဖြစ်သည့် စဉ့်ကိုင်မြို့နေ ထွေးပိုင်၊ ဇင်ဇင်ဝင်း၊ ချယ်ရီဇင်၊ သင်းသင်းရှိန်၊ လင်းလင်းထိုက်၊ ကျော်မျိုးဟိန်း၊ ဝင်းနိုင်၊ မြမြစန်း၊ သင်းနုဝေ၊ ဖြူဖြူသက်နိုင်၊ ကျော်စန်း၊ မြင်းခြံမြို့နေ အမှတ်(၁၆)ရပ်ကွက်၊ စံပြဈေးမှ ဈေးတာဝန်ခံ ချစ်ဆွေ၊ တင်ထွန်း၊ မြင့်ဦးနှင့် ဈေးရောင်းချသူ သူဇာမျိုးနှင့် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်း မြို့နယ် (၉)ရပ်ကွက် (၃၂) အောက်လမ်း အမှတ်(၇၃) မြေညီထပ်ရှိ “ပြည်တော်သာ ကျားသင်္ဘော” လက်ဖက်ခြောက်ဆိုင်ပိုင်ရှင် ဝင်းသိန်း ပါ ၁၂ ဦးတို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ် ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ် လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။

 


ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်း များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရ ယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့် ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ   ထိရောက်စွာ   အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်