အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

 

နေပြည်တော်   ဧပြီ   ၂၁
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့ ၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ် စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
အသိပေးသတင်းထုတ်ပြန်
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင်   အကြမ်းဖက်မှုတိုက်ဖျက်ရေး  ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေ များအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်း နိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ  သိမ်းဆည်းခံရနိုင်ပြီး  ပြစ်မှုထင်ရှားစီရင် ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
အမှုဖွင့်လှစ်အရေးယူ
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ပဲခူး တိုင်းဒေသကြီး တောင်ငူမြို့နယ် ညောင်ပင်သာကျေးရွာနေ နန်းကြည် ထွေးသည် ၎င်းအသုံးပြုသည့် “Nan Kyi Htwe” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၄၁)တိုးချဲ့ရပ်ကွက်နေ ထက်ထက်လှိုင် (ခ) ထက်ထက်၊  အမှတ် (၃၈)ရပ်ကွက်နေ   မေပန်းချီစိုးနောင်(ခ) မေပန်းချီနှင့်   ရွှေရည် သိန်းတန်၊   စမ်းချောင်းမြို့နယ်    မြေနီကုန်း  (မြောက်)   ရပ်ကွက်နေ ကျော်မင်း ဆွေ(ခ) အံ့ဟိန်း(ခ)ကျော်ပိုင်ဟိန်း၊ ရွှေပြည်သာမြို့နယ် သံဖြူဆိုင် ရပ်ကွက်နေ    မေသက်လင်း၊   အလုံမြို့နယ်  ကရင်ခြံရပ်ကွက်နေ  စောမင်းထက်အေးတို့သည်   ၎င်းတို့အသုံးပြုသည့်  “Htet   Htet” Facebook အကောင့်၊  “May Panche” Facebook အကောင့်၊ “Shwe Yee Thein Tan” Facebook အကောင့်၊ “Kyaw Min Swe” Facebook အကောင့်၊ “Saw Min Htet Aye” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး  ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာဒိုးကျေးရွာ နေ ကောင်းလွင်ထူးသည် ၎င်းအသုံးပြုသည့် “Kaung Lwin Htoo” Facebook အကောင့်၊ အမှတ်(၈)ရပ်ကွက်နေ အိရွှေဇင်ဦး(ခ)Nan Ank Yoon သည်  ၎င်းအသုံးပြုသည့် “Nan Ank Yoon (Ma Ma Ei)” Facebookအကောင့်၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက္ကသာ ကျေးရွာနေ နှင်းနှင်းခိုင်(ခ)မနှင်းသည်   ၎င်းအသုံးပြုသည့်   “Ma Hinn”  Facebook  အကောင့် တို့သည်   အသိပေးသတင်းထုတ်ပြန်ချက် အပေါ်   မျက်ကွယ်ပြု၍    နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူ လုပ်ဆောင်ခဲ့သည့်အတွက်   တရားဥပဒေနှင့်အညီ    ဖမ်းဆီး ထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။
ဆက်လက်ဖော်ထုတ်
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်း များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊  ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်းပြုလုပ်ခဲ့သူများအား  ဥပဒေနှင့်အညီ  ထိရောက်စွာ  အရေးယူသွားမည်ဖြစ် ကြောင်းနှင့်   ထိုသို့    လှုံ့ဆော်သူ၊  ဝါဒဖြန့်သူများအား ဆက်လက် ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း  သိရသည်။
                                                သတင်းစဉ်