အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

 

နေပြည်တော်   ဧပြီ   ၂၆
အကြမ်းဖက်အုပ်စုအဖြစ်   ကြေညာထားသော  CRPH၊  NUG  နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ် နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရား များ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်  လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ်  မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊   ပြုလုပ်မှုဖြင့်ဖြစ်စေ၊   တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ  ပြုလုပ်ခဲ့လျှင်  အကြမ်းဖက်မှုတိုက်ဖျက်ရေး  ဥပဒေပုဒ်မ  ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေ များအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်း နိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု  တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေး သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း စစ်ကိုင်း တိုင်းဒေသကြီး  ရွှေဘိုမြို့နယ်  အနောက်ဈေးရပ်နေ  သန့်ဇင်သည် ၎င်းအသုံးပြုသည့် “Thant Zin” Facebook အကောင့်၊ ရန်ကုန် တိုင်းဒေသကြီး   ရွှေပြည်သာမြို့နယ်   အမှတ်(၁၀)ရပ်ကွက်နေ ချစ်မြတ်ဖြိုးစု(ခ)ချစ်ကွိသည် ၎င်းအသုံးပြုသည့် “Chit Myat Phyo Su” Facebook  အကောင့်၊  မွန်ပြည်နယ်  မော်လမြိုင်မြို့နယ်  မြေနီကုန်းရပ်ကွက်  မဟာမြိုင်(၉)လမ်းနေ  စိမ့်သဉ္ဇာကြည်သည် ၎င်းအသုံးပြုသည့် “Saint Thinzar Kyi” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး   တောင်ဥက္ကလာပမြို့နယ်   အမှတ်(၁၀) ရပ်ကွက် အမှတ်(၉၀၄/ခ)နေ ခင်နှင်းအေးနှင့် အောင်သူရပိုင်တို့သည် ၎င်းတို့အသုံးပြုသည့် “Khin Hin Aye” Facebook အကောင့်နှင့် “Aung Thuya Paing”  Facebook  အကောင့်၊  ရန်ကင်းမြို့နယ်  အမှတ်(၅) ရပ်ကွက်နေ သန်းထွဋ်စိုးသည် ၎င်းအသုံးပြုသည့် “Than Htut Soe”   Facebook   အကောင့်တို့သည်   အသိပေးသတင်း ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက်      တရားဥပဒေနှင့်အညီ   ဖမ်းဆီး ထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။
ထိုကဲ့သို့  CRPH၊  NUG  နှင့်  ယင်းတို့၏  လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်နှင့်    အစိုးရယန္တရားများ    ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့်  ထိုသို့လှုံ့ဆော်သူ၊  ဝါဒဖြန့်သူများအား  ဆက်လက် ဖော်ထုတ်အရေးယူသွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်