အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUGနှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

 

နေပြည်တော်   ဇန်နဝါရီ   ၃၀

 


အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့်  ယင်းတို့၏  လက်အောက်ခံ အဖွဲ့အစည်းများ၊   ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကို  ပျက်ပြားစေရန်နှင့်  ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြား စေရန်  ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊   ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို   လူမှုကွန်ရက်များမှတစ်ဆင့်   နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

 


ပြည်သူများအနေဖြင့်  ယင်းတို့၏    လှုံ့ဆော်မှု၊  ဝါဒဖြန့်မှုများအပေါ်   မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ      လိုက်ပါလုပ်ဆောင်ခြင်း၊     အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်း ဖြင့်ဖြစ်စေ  အများ ပြည်သူအနှောင့်အယှက်ဖြစ်စေ မည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊  လှုံ့ဆော်     ဝါဒဖြန့်မှု များကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ  ပြုလုပ်ခဲ့လျှင်   အကြမ်းဖက်မှု  တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံ ရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်း နိုင်သော   ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ ကို   အကြမ်းဖက်မှုတိုက်ဖျက်ရေး   ဥပဒေအရ  သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ်     သိမ်းဆည်းခံရနိုင်ကြောင်း  ဇန်နဝါရီ  ၂၅  ရက်တွင်   နိုင်ငံပိုင်မီဒီယာများမှ   တစ်ဆင့်အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

 


ထိုကဲ့သို့    အသိပေး   သတင်းထုတ်ပြန်ခဲ့ပြီး  ဖြစ်သော်လည်း    ကရင်ပြည်နယ်    ဘားအံမြို့နယ် နေ သန့်ဇင်ကို(၂၀)နှစ်အသုံးပြု သည့် “Thant Sin Ko” Facebook အကောင့်၊   စစ်ကိုင်းတိုင်းဒေသ ကြီး    ခန္တီးမြို့နယ်နေ    ထွန်းလင်းအသုံးပြုသည့်    Facebook အကောင့်၊   တနင်္သာရီတိုင်းဒေသကြီး     ကော့သောင်းမြို့နယ်    အေးရိပ်ငြိမ်းရပ်ကွက်နေ နှင်းရီလင်းအသုံးပြုသည့် Facebook အကောင့်၊ ပုလောမြို့နယ် အမှတ် (၃)ရပ်ကွက်နေ ခိုင်စိုးဝေ(၂၀)နှစ် အသုံးပြုသည့် Facebook အကောင့်၊ မန္တလေး တိုင်းဒေသကြီး  အမရပူရမြို့နယ်နေ  မချောချောစု အသုံးပြုသည့် “Nanhla Dawei” Facebook အကောင့်၊    ချမ်းမြသာစည်မြို့နယ်နေ    ဇော်မျိုးဦး အသုံးပြုသည့် “Sip  Cafe  Club” Facebook Page၊ ချမ်းမြသာစည်မြို့နယ်  အောင်ပင်လယ်ရပ်ကွက်နေ စန်းစန်းဌေး(၃၂)နှစ်  အသုံးပြုသည့်  “San  Lay” Facebook အကောင့်၊ ပုသိမ်ကြီးမြို့နယ်  ကန်သာယာ ရပ်ကွက်နေ    လှဝင်းရှိန်  (၅၄)နှစ်  အသုံးပြုသည့်   Facebook   အကောင့်၊     ရန်ကုန်တိုင်းဒေသကြီး  ဒဂုံမြို့သစ်  (တောင်ပိုင်း)မြို့နယ်  အမှတ် (၁၀၄) ရပ်ကွက်နေ  မျိုးမင်းသန့် အသုံးပြုသည့်    Facebook အကောင့်၊  ဒဂုံမြို့သစ်  (တောင်ပိုင်း)မြို့နယ်  အမှတ် (၂၀)ရပ်ကွက်နေ  အိသန္တာ (၃၃)နှစ်  အသုံးပြုသည့်  “Ei Thandar ET”  Facebook  အကောင့်၊    မင်္ဂလာဒုံ မြို့နယ်မှ “MAY  MYO”   Facebook အကောင့်၊ ရွှေပြည်သာမြို့နယ်နေ    လပြည့်ဝင်း  အသုံးပြုသည့် “Richard Michael William” Facebook Page ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်  အမှတ်(၄) ရပ်ကွက် နေ ချမ်းသာ(ခ)ညီငယ် (၃၀)နှစ်  အသုံးပြုသည့်  “စံ ကြက်ဥ၊  ဘဲဥရောင်းဝယ်ရေး မိသားစု” Facebook Page ၊ လှိုင်မြို့နယ် အမှတ်(၁၀)ရပ်ကွက်နေ ချောစု (၄၆)နှစ်   အသုံးပြုသည့်  “Chaw  Chaw  Lay” Facebook  အကောင့်၊  လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အမှတ်(၉)ရပ်ကွက်နေ မင်းမင်းဦး အသုံးပြု သည့် Facebook အကောင့်နှင့်  ရှမ်းပြည်နယ် (အရှေ့ ပိုင်း)   တာချီလိတ်မြို့နယ်  ဆန်ဆိုင်း(ခ)ရပ်ကွက်နေ ခင်စိုးယု(ခ)စိုးယု   အသုံးပြုသည့် “တာချီလိတ်နယူး အေဂျင်စီ” Facebook   အကောင့်တို့ဖြင့်     အသိပေး သတင်းထုတ်ပြန်ချက်အပေါ်     မျက်ကွယ်ပြုကာ  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်  ရည်ရွယ်လျက်    လှုံ့ဆော်ခြင်း၊   ဝါဒဖြန့်ခြင်းများ  ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။

 


ထိုကဲ့သို့    CRPH ၊  NUG နှင့်   ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊    ယင်းတို့နှင့် ဆက်နွှယ်နေသော  အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ သည်     နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို  ပျက်ပြားစေရန်နှင့်  အစိုးရယန္တရားများ ပျက်ပြား စေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ်  အားပေးကူညီခြင်း   ပြုလုပ်ခဲ့သူ များအား   ဥပဒေနှင့်အညီ  ထိရောက်စွာအရေးယူ သွားမည်ဖြစ်ကြောင်းနှင့်  ထိုသို့လှုံ့ဆော်သူ၊  ဝါဒဖြန့် သူများကို    ဆက်လက်ဖော်ထုတ်  အရေးယူသွား မည်ဖြစ်ကြောင်း    မိဘပြည်သူများ   သိရှိနိုင်ရေး   အသိပေး    သတင်းထုတ်ပြန်ထားကြောင်း  သိရ သည်။


သတင်းစဉ်