အကြမ်းဖက်ခြင်း သင်နှင့်အနီးဆုံးမှာနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေး သင်ခန်းစာများ

Type
1

 

  စာမော်ကွန်း

အချိန်ကာလတို့သည် တရွေ့ရွေ့ကုန်ဆုံး ပြောင်းလဲဖြစ်ပေါ်နေသည်။ ယနေ့အဖြစ်အပျက်များသည် မနက်ဖြန်တွင် သမိုင်းဖြစ်ရပ်များအဖြစ် ကျန်ရစ်ပေမည်။ လောကအဖြစ် အပျက်တို့သည် အကောင်း၊ အဆိုးနှစ်တန် ရောယှက်နေသည်။ ကောင်းဟန်၊ ဆိုးဟန်တို့ကို မှန်မှန်ကန်ကန် စစ်ထုတ်၍ အနှစ်ထုတ်လိုက်လျှင် ဘဝသင်ခန်းစာယူ စရာများ ရရှိပေမည်။ သတင်းစာများသည် သမိုင်းက ပြောနေကြသည်ဟု ဆိုခဲ့သည်။ သတင်းစာများကပြောသော သမိုင်းသည် အဆိုး၊ အကောင်း၊ အကျိုး၊ အကြောင်းတို့ကို အရှိကိုအရှိအတိုင်း မှတ်တမ်းတင်ထားသည်။ ယင်းတို့ကို ဓမ္မဓိဋ္ဌာန်ကျကျ ထုတ်နုတ်သိမှတ်နိုင်ပါက ဖတ်ရှုလေ့လာသူများအဖို့ အကျိုးများမည်ဖြစ်သည်။
မြန်မာ့နိုင်ငံရေး  သမိုင်းကြောင်းတွင် မျက်မှောက်ကာလဖြစ်စဉ်များကို     ‘ဧဝံ မေ သုတံ’ ဤသို့ ဤပုံ ကြားနာမှတ်သား ကြရပေလိမ့်မည်။ သို့သော် မုသာဝါဒနှင့် အာဃာတ  လောကအလယ်တွင်  အမှန် တရားကို ရှာဖွေတွေ့ရှိရန်မှာ အလွန်ပင် ခက်ခဲပေလိမ့်မည်။  အမှန်တရားအချို့ သည် ခါးသီးနေတတ်ပြီး  အမှန်တရား အချို့သည်  တိမ်သလ္လာဖုံးအုပ်နေသည်။ ဤလောကတွင်  အာဃာတနှင့်  အမုန်း တရားများ မကုန်ဆုံးသရွေ့ အမှန်တရား သည်လည်း    ပျောက်ကွယ်နေမည်မှာ သေချာပါသည်။ အမှန်တရား ပျောက်ကွယ် နေသရွေ့  အမုန်းတရားများ   ထွန်းကား ကာ  အကြမ်းဖက်ခြင်းတို့သည်   သင်၏ အနီးဆုံးသို့ပင် ရောက်ရှိနေမည်ဖြစ်သည်။ 
အမုန်းတရားများ၊ အာဃာတတရား များ၊ မုသာဝါဒများ၊ အကြမ်းဖက်ခြင်း များကို   ရှောင်ရှားနိုင်ရန်အတွက်   သင် သည်   မှန်မှန်ကန်ကန်   ရှုမြင်ဆင်ခြင် တတ်ဖို့လိုအပ်ပါသည်။   မှန်မှန်ကန်ကန် ရှုမြင်ဆင်ခြင်နိုင်ရန်အတွက်   ရှုပ်ထွေး ပွေလီ   ဖြစ်ပျက်နေသည့် လောကပဋိ ပက္ခများထဲမှ    အမှားကိုဖယ်   အမှန်ကို ရှာဖွေထုတ်၍  အကျိုးကြောင်း၊   အဆိုး အကောင်းတို့ကို ဓမ္မဓိဋ္ဌာန်ကျကျ အနှစ် ထုတ်ထားသည်တို့အား ဖတ်ရှုခြင်းဖြင့် အမှန်တရားကို ဆင်ခြင်ရှုမြင်  နိုင်ပါလိမ့် မည်။
အကျိုးဖြစ်ထွန်းနိုင်
ယမန်နေ့က  အဖြစ်အပျက်များသည် ယနေ့တွင်      သမိုင်းမှတ်တမ်းအဖြစ် တည်ရှိနေပြီး ယခင်လ၊ ယခင်နှစ်များက အဖြစ်အပျက်များသည်    ဖုံးဖိထား၍ မရသော သမိုင်းဖြစ်ရပ်များ  ဖြစ်သည်။ ယင်းတို့အနက်    ဖြစ်စဉ်အမှန်များကို သတင်းစာများက  မှတ်တမ်းတင်   ရပေ သည်။ အတိတ်သမိုင်းကြောင်းဟူသည် ဖျောက်ဖျက်ပစ်၍  ရရိုးထုံးစံ   မရှိပေ။ ဖုံးကွယ်ရှောင်လွဲ၍လည်း  ရနိုင်ကောင်း သည်   မဟုတ်ပေ။   ထိုသို့   ဖုံးကွယ် ဖျောက်ဖျက်ရန်လည်း  အလျှင်းမကြိုးစား သင့်သည့် ကိစ္စပင်ဖြစ်ပေသည်။ အတိတ် ကာလသမိုင်းကြောင်းပေါ်တွင် ထင်ကျန် ရစ်ခဲ့သော   “ဆိုးကျိုး၊   ကောင်းကျိုး” ဟူသမျှတို့ကို        ပစ္စက္ခကာလတွင် အကြောင်းတရားအဖြစ် တည်ရှိစေလျက် အနာဂတ်ကာလအတွက်   “အကျိုး”ကို ဖြစ်ပေါ်လာစေခြင်းမှာ  သင်ခန်းစာများ အဖြစ် တော်တည့်မှန်ကန်စွာ  ပေးသင့်ပေ သည်။   သို့မှာသာ   ပေးဝေသူမှာလည်း ရည်ရွယ်ချက်မြောက်၊  ခံယူသူမှာလည်း အကျိုးဖြစ်ထွန်းနိုင်ပေလိမ့်မည်။
သို့ရာတွင် ယခုမူ အတိတ်ကာလက ဖြစ်ပျက်ခဲ့သမျှသော  သမိုင်းဖြစ်ရပ်မှန် များကို ကပြောင်းကပြန် ဖြစ်သွားစေရန် ယနေ့ပြည်သူများ၊ လူငယ်လူရွယ်များနှင့် နောင်လာနောက်သားများ၏  စိတ်တွင် သို့လော၊  သို့လောဖြင့်   ဇဝေဇဝါဖြစ်သွား စေရန်နှင့်   လွဲမှားသော   ဖြစ်ရပ်များကို တစ်သက်လုံး   စွဲမြဲသွားစေရန်    ပြောဆို ရေးသား၊ ထုတ်လွှင့်နေကြသည်ကို စိတ် မသက်သာစွာဖြင့်   မြင်တွေ့  ကြားသိနေ ရပေသည်။ ထိုမမှန်ကန်သော   အဖြစ် အပျက်များကို ချေပသုတ်သင်ရှင်းလင်း နိုင်မှသာ ပြည်သူများ အတွေးအမှန်အမြင် မှန်ရပြီး     လမ်းကြောင်းမှန်ပေါ်တွင် စိတ်ချမ်းသာစွာ   လျှောက်လှမ်းနိုင်မည် ဖြစ်သည်။ သတင်းစာများသည်  သမိုင်း ကို ညွှန်းဆိုသည်ဆိုသကဲ့သို့ ယနေ့နိုင်ငံ ရေးလောက    အဖြစ်အပျက်များထဲမှ မှတ်တမ်းတင်ထိုက်သော    အဖြစ်အပျက် များ၊ အမှန်တရားများကို မီးမောင်းထိုး ပြထားသော၊      သင်ခန်းစာယူ     ရှုမြင် ဆင်ခြင်ထိုက်သော    အကြောင်းအရာ မျိုးစုံအဖုံဖုံတို့ကို အများပြည်သူတို့၏ အကျိုးကို  ရှေးရှု၍   ဆောင်းပါးရှင် ကြီးငယ်မျိုးစုံတို့က     မြန်မာ့အလင်း သတင်းစာနှင့်    ကြေးမုံသတင်းစာတို့မှ တစ်ဆင့်          အသိပညာဗဟုသုတများ မျှဝေခဲ့ကြပါသည်။
ပြက်ပြက်ထင်ထင်မြင် 
သတင်းနှင့်      စာနယ်ဇင်းလုပ်ငန်း သည် ဧပြီလနှင့် မေလအတွင်း အဆိုပါ သတင်းစာကြီးနှစ်စောင်တွင်  ဖော်ပြပါရှိ ခဲ့သော     နိုင်ငံ့အရေးအရာ    ပကတိ ဖြစ်ရပ်မှန် အကြောင်းအရာများကို ဓမ္မ ဓိဋ္ဌာန်ကျကျ ဆင်ခြင်သုံးသပ်ထားသော ဆောင်းပါးများအား  စုစည်း၍  အများ ပြည်သူ   လွယ်လင့်တကူ  ဖတ်ရှုနိုင်ရန် ပေါင်းချုပ်စာအုပ်အဖြစ် ထုတ်ဝေထားပါ သည်။  အဆိုပါစာအုပ်ကို   စေ့ငုလေ့လာ ကြည့်သောအခါ ဖြစ်စဉ်များ၏ အမှန် နှင့်အမှားတို့ကို    ခွဲခြားရှုမြင်   ဆင်ခြင် နိုင်မည်ဖြစ်သည်။ ဖြစ်ပေါ်ခဲ့သော မြေပြင် အချက်အလက်များအပေါ်      မသမာသူ အဖျက်သမားတို့၏      ပုံကြီးချဲ့ကား ထုတ်လွှင့်မှုများကြောင့် စိုးရိမ်ထိတ်လန့် ပူပင်သောကရောက်ကြရသော   ပြည်သူ များရှိသလို   အမှားကို   အမှန်ထင်ပြီး လမ်းမှားပေါ်သို့       ရောက်နေကြသော ပြည်သူများကိုလည်း      တွေ့ရမည်ဖြစ် သည်။     နိုင်ငံရေး    အာဏာငမ်းဖန်၍ ဆင်ကန်းတောတိုး လုပ်ကိုင်နေကြသော နိုင်ငံရေးသမား     အစွန်းရောက်များ၏ လေလှိုင်းပေါ်က   လုပ်ရပ်များကိုလည်း ပြက်ပြက်ထင်ထင်    မြင်တွေ့ရမည်ဖြစ် သည်။ 
လမ်းမှားရောက်သွားသည့်   လူတန်း စား    အဖွဲ့အစည်းအချို့နှင့်   လူငယ် လူရွယ်များ ဘဝအမှောင်ဖုံးပြီး   နစ်မွန်း နေသည့်ဘဝများကိုလည်း စိတ်မကောင်း ဖွယ်    မြင်တွေ့ဖတ်ရှုရမည်။    သွေးဆူ လွယ်သည့် လူငယ်လူရွယ်များ   နိုင်ငံရေး ပယောဂ   အမှောင်ဖုံးအုပ်သည်နှင့်   မိဘ ဆရာသမား၊ ရဟန်းသံဃာပါ  စော်ကား ရဲလာသည်ကို    အနာဂတ်အတွက် ရင်လေးဖွယ်ရာ    စိတ်မချမ်းမြေ့ဖွယ် တွေ့မြင်ရသည်။ မကောင်းမှုကို   အမှန် တရားထင်ပြီး ဇွတ်တိုးကျူးလွန်ကြရာမှ မကောင်းမှု၏အကျိုးပေးများ အချိန်အခါ မလင့်    ခံစားကြရသည်ကို   ရင်နင့်စရာ လည်း   ကြုံရသည်။   ကျင့်ဝတ်သိက္ခာ စောင့်စည်းရမည့်  ပညာရှင်လူတန်းစား များ၏ ကျင့်ဝတ်သိက္ခာဖောက်ဖျက်မှုများ ကြောင့်    ပြည်သူများ   ဒုက္ခအခက်အခဲ ရောက်ကြရသည်ကို     ကဏ္ဍအဖုံဖုံ မြင်တွေ့ရမည်ဖြစ်သည်။     နိုင်ငံရေး အစွန်းရောက်များ၊ နိုင်ငံရေးကို    ခုတုံး လုပ်သူများ၊   နိုင်ငံရေးအချောင်သမား၊ တောကြောင်အဖျက်သမားများ၏ စနက် ကြောင့်   အသိဉာဏ်ဗဟုသုတ  နည်းပါး သောပြည်သူအချို့နှင့် တက်ကြွလွန်ကဲ လူငယ်အချို့တို့   မြေဇာပင်ဖြစ်ပြီး  ဘဝ ပျက်ခဲ့ကြသည့်ဇာစ်မြစ်ကို အမှန်အတိုင်း သိရှိရမည်ဖြစ်သည်။ 
သပွတ်အူရှုပ်ထွေးသည့်   မြန်မာ့ နိုင်ငံရေးအဖြစ်အပျက်တို့သည့်   နှောင်း အတိတ်ကာလ    အဖြစ်အပျက်များနှင့် မခြားနားပေ။      နိုင်ငံရေးသမားတို့၏ အမြတ်ထုတ်မှုများ၊  စီမံခန့်ခွဲမှုညံ့ဖျင်းမှု များ၊ ဘနဖူးသိုက်တူးပုံများ၊ မင်းသားကြီး မလုပ်ရသဖြင့်  ပတ်မကြီးထိုးမည့်  အကြံ အစည်များ၊ ပြည်သူလူထုကို မရိုးမသား စွဲဆောင်စည်းရုံးမှုများ၊ ပြည်သူလူထုကို   နင်းချေချခင်းပုံများ၊        အာဏာကို လက်မလွှတ်တမ်း   ဆုပ်ကိုင်ထားလို၍ မဲလိမ်   မဲခိုး   ပြုလုပ်ပုံများ၊ အာဏာကို လက်လွှတ်လိုက်ရသည်နှင့်  တိုင်းပြည် အလုံးစုံပျက်စီးရေးလမ်းစဉ်ကို တစ်ဆင့် ပြီးတစ်ဆင့်  အကောင်အထည်ဖော်နေပုံ များသည် မရိုးနိုင်သော မြန်မာ့နိုင်ငံရေး သမိုင်းကြောင်း    အခင်းအကျင်းများဖြစ် နေသည်ကို ရှင်းရှင်းလင်းလင်း  မြင်တွေ့ ရမည်ဖြစ်သည်။     ကျွန်ုပ်တို့သည် လူ့ဘောင်လောက   ဖြစ်မျိုးစုံလင်ကြား တွင် ကျင်လည်နေကြရသည်။ မုသာဝါဒ နှင့်လုပ်ကြံဝါဒကြားတွင်  ရပ်တည်နေရ သည်။    ထိုကြားတွင်    အကြမ်းဖက်ဝါဒ မင်းမူလာသည့်    အကြောင်းတရားကို ဤစာအုပ်တွင်    ရှာဖွေကြည့်ရှုနိုင်မည် ဖြစ်သည်။
အကြမ်းဖက်ခြင်းဇာစ်မြစ်
ကျွန်ုပ်တို့သည်     အမှန်တရားကို ဖွေရှာကြည့်နိုင်မှ    အဆိုးသံသရာမှ လွတ်မြောက်နိုင်သော လမ်းစကို သေချာ သိနိုင်မည်ဖြစ်သည်။      ဤအချက်ကို   “အကြမ်းဖက်ခြင်း    သင်နှင့် အနီးဆုံးမှာ” နှင့်  နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးဆိုင်ရာ  ဆောင်းပါးများ တွင် လေ့လာကြည့်ရှုနိုင်ပါသည်။ “အကြမ်း ဖက်ခြင်း  (Terrorism) ဆိုတာရဲ့     မူရင်း စာလုံးဖြစ်တဲ့ Terror ဆိုတာ ထိတ်လန့် ကြောက်ရွံ့ခြင်းကနေ    ဆင်းသက်လာတာ      ဖြစ်ပြီး          ထိတ်လန့်ကြောက်ရွံ့စရာ ကောင်းတဲ့ဝါဒ            တစ်နည်းအားဖြင့်အကြမ်းဖက်ခြင်းဆိုတာ   အကြောက်တရား ကနေ     နိုင်ငံရေးအခြေအနေတစ်ရပ်ကို  ပြောင်းလဲတဲ့  စစ်ဗျူဟာတစ်ရပ်လို့   ဆိုကြပါ တယ်။  ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ  ပဲရစ်      အကြမ်းဖက်တိုက်ခိုက်မှုကြောင့်  လူပေါင်း ၁၃၀   သေဆုံးရသလို ၂၀၀၂ ခုနှစ် အစ္စရေးမှာ    ပါလက်စတိုင်း    အကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုကြောင့်      တစ်နှစ်အတွင်း လူ ၄၅၀  ကျော်     သေဆုံးခဲ့ရဖူးပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေထဲမှာ မမေ့နိုင် စရာကောင်းတဲ့   ၉/ ၁၁   အကြမ်းဖက်မှု ကတော့    စံချိန်တင်ပြီး    လူ  ၃၀၀၀ လောက် သေဆုံးခဲ့ရတယ်”ဟု       ဆောင်းပါးရှင်    ကနောင်က အကြမ်းဖက်ခြင်း သင်၏အနီးဆုံး မှာ   ဆောင်းပါးတွင်     အကြမ်းဖက်ခြင်း ဇာစ်မြစ်နှင့် နိုင်ငံများ၏     ဖြစ်စဉ်အချို့အား   နမူနာထုတ်နုတ်      ဖော်ပြထားသည်ကို    မှတ်သားရသည်။
မြန်မာနိုင်ငံမှာလည်း ယခုအခါ အကြမ်း ဖက်ခြင်းဆိုသည့်  အကြောက်တရားကနေ   နိုင်ငံရေးအခြေအနေတစ်ရပ်ကို ပြောင်းလဲတဲ့      စစ်ဗျူဟာတစ်ရပ်ကို      ခင်းကျင်းနေတာ တွေ့ရမှာ  ဖြစ်သည်။ အပြစ်မဲ့ပြည်သူတွေကို   သူလျှိုဒလန်လုပ်ပြီး     ရက်ရက်စက်စက် လူမြင်ကွင်းမှာ      သတ်ပြနေခြင်းသည်  အကြမ်းဖက်ခြင်းဟူသည့်     အကြောက် တရားကို    ဖန်တီးနေခြင်း   ဖြစ်သည်။  ထိုအကြောက်တရားမှနေ၍      နိုင်ငံရေး အခြေအနေတစ်ရပ်ကို    ပြောင်းလဲသည့်   စစ်ဗျူဟာသည်  မအောင်မြင်သော   ဗျူဟာ ဖြစ်သည်ဆိုသော်လည်း      အကြမ်းဖက်ဝါဒ ခေါင်းထောင်မထလာအောင်      နိုင်ငံများ ကြိုးပမ်းနေသည့်နည်းတူ     မြန်မာနိုင်ငံ အနေဖြင့်လည်း      အကြမ်းဖက်ဝါဒကို လက်မခံ    အမြစ်ကမကျန်    ဖြိုဖျက်ကြရ မည်မှာ    အားလုံးတွင်   တာဝန်ရှိပါသည်။ ယခုအခါတွင်      အကြမ်းဖက်သမားသည် သင်၏အနီးဆုံးမှာရှိနေသည်ဟု  ဆိုရမလို ဖြစ်နေသေးသည်။ သင်၏အနီးဆုံးမှာ   ရှိနေ လျှင်   သင်နှင့်   သင့်မိသားစု၊ သင့်ပတ်ဝန်းကျင်     စိုးရိမ်ထိတ်လန့်အန္တရာယ်      မဖြစ်အောင်  ဆောင်ရွက်ကြရမည်ဖြစ်သည်။ 
“အကြမ်းဖက်တိုက်ခိုက်တာဟာ သူတို့ မှာ   လုံလောက်တဲ့အင်အား    မရှိတာကြောင့် ပါဝါမျှခြေ   (Balance    of    Power) ကို   အကြမ်းဖက်မှုနည်းနဲ့   ပြောင်းလဲဖို့  ကြိုးပမ်း ကြတာဖြစ်တယ်လို့ နိုင်ငံရေး သုတေသီတွေ က ဆိုထားကြပါတယ်။    နိုင်ငံတကာမှ       အကြမ်းဖက်မှုတွေကို နှိမ်နင်းရင်း  ခြေကျွံမိ တဲ့ အစိုးရတွေရှိပြီး နိုင်ငံရေးအပြောင်းအလဲ တွေ  ဖန်တီးပေးလိုက်တာမျိုး ရှိခဲ့တာကြောင့် အကြမ်းဖက်မှုကို     အသုံးတည့်တယ်လို့   ထင်မြင်ကြသူတွေလည်း        ရှိပါတယ်။   ဒါပေမယ့်       အကြမ်းဖက်မှုတွေကြောင့်     တိုင်းပြည်  မရှုနိုင်  မကယ်နိုင်  ဆင်းရဲတွင်းက မတက်နိုင်တဲ့           ချွတ်ခြုံကျ   နိုင်ငံတွေ ဖြစ်လာရတဲ့        သာဓကတွေကိုလည်း  လေ့လာသင့်ပါတယ်။    သေဆုံးသွားရှာပြီ ဖြစ်တဲ့    ပါလက်စတိုင်း အမျိုးသားကဗျာဆရာ   မာမက်ဒါဝစ်က  သူ့ရဲ့ကမ္ဘာကျော်ကဗျာတွေ ထဲမှာ  ဂါဇာမှာရှိတဲ့  ဟားမတ်စ်နဲ့ ဖာတာတို့ အကြမ်းဖက်တိုက်ခိုက်ခဲ့ကြတာကို   “လမ်းပေါ် ထွက်ပြီး     ကိုယ့်ကိုယ်ကို   သတ်သေကြခြင်း”    လို့ မြည်တမ်းကဗျာဖွဲ့ ဆိုခဲ့ဖူးပါတယ်။”
“ဘယ်လို       နိုင်ငံရေးစနစ်ဖြစ်ဖြစ်၊ ဘယ်လိုရည်ရွယ်ချက်နဲ့ဖြစ်ဖြစ်၊  ဘယ်လို ယုံကြည်ချက်နဲ့ဖြစ်ဖြစ်    အကြမ်းဖက်ခြင်း ကို     လုပ်လို့မရပါဘူး။   လူမျိုးတူတိုင်း၊ ဘာသာတူတိုင်း၊ အယူဝါဒတူတိုင်း၊ ခံယူချက် တူတိုင်း  အကြမ်းဖက်သမားတွေကို ထောက်ခံ ပေးလို့   မဖြစ်ပါဘူး။ ဒါဟာ   နိုင်ငံတကာက အကြမ်းဖက်သူတွေကို    သတ်မှတ်ထားတဲ့  အမြင်ပဲဖြစ်သလို  အထူးသဖြင့်တော့    ဒီမို ကရေစီနိုင်ငံတွေမှာ     အကြမ်းဖက်သူဟာ   နိုင်ငံရဲ့   အဓိကရန်သူ၊   ကမ္ဘာ့ရန်သူအဖြစ် အကြမ်းဖက်ဝါဒကို အပြင်းအထန် ရှုတ်ချ လေ့ ရှိပါတယ်။” ဟု ဆောင်းပါးရှင် ကနောင် ရေးသားသည့်  အကြမ်းဖက်ခြင်းသင်နှင့် အနီးဆုံးမှာ    ဆောင်းပါးသည်   လက်ရှိ မြန်မာနိုင်ငံ၏        အခြေအနေအတွက် သုံးသပ်ဆင်ခြင်           မှတ်သားစရာ ဆောင်းပါးတစ်ပုဒ် ဖြစ်ပါကြောင်း။    ။