မြန်မာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီက CRPH, NUG,PDF နှင့် ၎င်းတို့၏ လက်အောက်ခံ အဖွဲ့ အစည်းအားလုံးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ၂၀၂၁ ခုနှစ် မေလ ၈ ရက်နေ့တွင် အကြမ်းဖက်အုပ်စုများအဖြစ် တရားဝင် ထုတ်ပြန်ကြေညာထားခဲ့ပြီး ဖြစ်သည်။
ယင်းကဲ့သို့ ထုတ်ပြန် ကြေညာခဲ့ခြင်းမှာလည်း အကြောင်းမဲ့မဟုတ်ဘဲ CRPH နှင့် NUG အဖွဲ့များတွင် ဦးဆောင်သူများက နိုင်ငံအတွင်း အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားများ ပျက်ပြားစေရန်၊ မတည်မငြိမ်ဖြစ်စေရန် အတွက် ဗုံးခွဲခြင်း၊ အစိုးရဌာနဆိုင်ရာများ၊ ကျောင်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးရုံးများကို ဖောက်ခွဲဖျက်ဆီး မီးရှို့ခြင်း၊ ၎င်းတို့နှင့် အမြင်မတူသူများ၊ ၎င်းတို့ကို အားပေး ထောက်ခံခြင်း မပြုသူများ၊ စစ်ဘက်အရပ်ဘက် အငြိမ်းစား များ၊ ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဟန်းသံဃာများ ကို သူလျှိုဒလန်များ၊ အစိုးရထောက်တိုင်များဟု စွပ်စွဲ သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်း စသည့်အကြမ်းဖက် လုပ်ရပ်များ ပေါ်ပေါက်လာစေရန် လှုံ့ဆော်မှု၊ နောက်ကွယ် မှ ထောက်ပံ့ခိုင်းစေမှုတို့ဖြင့် PDF အမည်ခံ အကြမ်းဖက် အုပ်စုများက ဒေသအသီးသီးတွင် အထက်ဖော်ပြပါ အကြမ်းဖက်မှုများကို ပြုလုပ်ခဲ့ကြခြင်းကြောင့် ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမည်ခံ အကြမ်း ဖက်အဖွဲ့က ပြည်ပနိုင်ငံအချို့တွင် ခိုလှုံနေထိုင်ပြီး မြန်မာနိုင်ငံအတွင်း၌ ရှိနေသော ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) အမည်ခံ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များကို ငွေကြေးနှင့် လက်နက်ခဲယမ်း မီးကျောက် ထောက်ပံ့ပေး ကာ အကြမ်းဖက် လုပ်ငန်းများ ပြုလုပ်ရန် စီမံခိုင်းစေခြင်း၊ ဖိအားပေးခြင်းတို့ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံက ဥပဒေအရ အကြမ်းဖက်အုပ်စုများအဖြစ် တရားဝင်ထုတ်ပြန် ကြေညာထားပြီးဖြစ်သည့် CRPH နှင့် NUG တို့အား ပြည်ပနိုင်ငံအချို့က ၎င်းတို့၏ ပထဝီနိုင်ငံရေး အကျိုးစီးပွားအတွက် နောက်ကွယ်မှ ထောက်ပံ့အားပေး ကာ မြန်မာ့နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်နေကြရာ ယင်းနှင့်ဆက်စပ်လျက် မြန်မာနိုင်ငံပါဝင်သော ဒေသတွင်း အဖွဲ့အစည်းဖြစ်သည့် အာဆီယံသို့ပါ ရိုက်ခတ်လာခဲ့ခြင်း ဖြစ်သည်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက အရှေ့တောင် အာရှ ၁၀ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် အာဆီယံအဖွဲ့ကြီးကို မြန်မာနိုင်ငံက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာ ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အမည်ခံ အဖွဲ့နှင့် အလွတ်သဘော ထိတွေ့ဆက်ဆံရန် အဆိုပြုသွား မည်ဆိုသည့် ပြောကြားချက်က မြန်မာနိုင်ငံရေးကို ဝင်ရောက်စွက်ဖက်နေသည့် အနောက်အုပ်စု၏ အလိုကျ လိုက်ပါ ဆောင်ရွက်ခြင်းဖြစ်သည့်အပြင် မြန်မာနိုင်ငံ အတွင်းမှ အကြမ်းဖက်မှုများကို အားပေးလိုက်ခြင်း လည်းဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် အစိုးရက ဆောင်ရွက်နေသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းများကို အဟန့်အတားဖြစ်စေသည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်များ ကိုလည်း ချိုးဖောက်ရာရောက်စေသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် NUG,PDF အကြမ်းဖက်အုပ်စုများ၏ မြန်မာနိုင်ငံအတွင်း ကျူးလွန်နေ သည့် အကြမ်းဖက်လုပ်ရပ်များအပေါ် ပကတိအတိုင်း မှန်မှန်ကန်ကန် ရှုမြင်နိုင်ရန် လိုအပ်ကြောင်းနှင့် အကြမ်း ဖက်ခြိမ်းခြောက်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်သည့် အသိုက်အဝန်းအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အာဆီယံ၏ တန်ဖိုးတို့ကို အလေးအနက်ဂရုပြုရန်လည်း လိုအပ်သည်ဟု ရှုမြင်ပါကြောင်း။ ။