
နေပြည်တော် ဇန်နဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် အမှတ်(၆)ရပ်ကွက်နေ သက်ကိုဦး(ဘ)ဦးဌေးဝင်း၊ မြောက်ဥက္ကလာပ မြို့နယ် ရွှေပေါက်ကံမြို့သစ် (၁၁) ရပ်ကွက်နေ မျိုးမင်းခိုင်(ခ)မင်းခန့်(ဘ)ဦးသိန်းဇံ၊ သင်္ဃန်း ကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက်နေ နေအေး (ခ) အာကာသက်ပိုင်မျိုး (ဘ)ဦးမျိုးလင်းနှင့် ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်နေ အောင်ရဲ ဝင့် (ခ) တိုက်တိုင်းအောင်(ဘ) ဦးစောဝင်းတို့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့် ကြော်ငြာစာ အမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက် အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့ အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးကောက်ခံ ထောက်ပံ့ခြင်း၊ လက်နက်ခဲယမ်းများ သိုဝှက် သိမ်းဆည်းပေးခြင်း၊ လက်နက်/ ခဲယမ်းများ ပို့ဆောင်ပေးခြင်း၊ လက်ဝယ် ကိုင်ဆောင်ခြင်းနှင့် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း စသည့်အကြမ်း ဖက်မှုများ လုပ်ဆောင်ခဲ့သည့် အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နှင့် ၅၀(ဈ) တို့အရ ဇန်နဝါရီ ၁၉ ရက်တွင် ၎င်းတို့အား “ထောင်ဒဏ် တစ်သက်” ပြစ်ဒဏ် အား အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန် ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုး ကိုလည်း ပူးတွဲထုတ်ပြန်ထား ကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံး ဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက် ကာ ထိထိရောက်ရောက် မြန်မြန် ဆန်ဆန် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်