အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများကို ပြစ်ဒဏ်အသီးသီးချမှတ်

 

နေပြည်တော်  ဒီဇင်ဘာ   ၂၄


ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် (ဒ/၁၇)ရပ်ကွက်   အမှတ် (၇၃/က) မဟာဗန္ဓုလလမ်းနေ ဇော်မင်းဦး(ခ)စွန်ရဲ(ခ)ကြွက်(ဘ) ဦးသန်းဆွေနှင့် ဇနီးဖြစ်သူ ကျင်ကျင်မွှေး(ခ)ပျိုပျို(ဘ)ဦးကျင်သိန်း တို့သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စက်တင်ဘာ လအတွင်း ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခြင်း၊    အကြမ်းဖက်အဖွဲ့   ဖွဲ့စည်း၍ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း စသည့်အကြမ်း ဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သည့်အတွက်ကြောင့် လည်းကောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၇၉)ရပ်ကွက် အမှတ်(၁၂၃၁)  ပိတောက်ရွှေဝါလမ်းနေ စည်သူဖြိုး(ဘ)ဦးအေးမြင့်သည်   ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက် ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ်    သတ်မှတ် ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ် ခြင်း၊   ငွေကြေးကောက်ခံ ထောက်ပံ့ခြင်းများကို လုပ်ဆောင်ခဲ့သည့်အတွက်ကြောင့် လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ)နှင့် ၅၀(ည)တို့အရ ဒီဇင်ဘာ ၂၃ ရက်တွင် ၎င်းတို့သုံးဦးကို “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်   အမိန့်ချမှတ်လိုက်ကြောင်း    သိရှိရသည်။

 


အလားတူ ရန်ကုန်တိုင်းဒေသကြီး  ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်  အမှတ် (၆၀)ရပ်ကွက်၌ လုံခြုံ ရေးတပ်ဖွဲ့ဝင်များကို  စက်တင်ဘာ   ၉ ရက်တွင် ချစ်ကိုကို (ခ)နဂါး(ဘ)ဦးကြည်သိန်း၊ မျိုးဇင်အောင် (ခ)ကိုမျိုး(ဘ)ဦးအေးလွင်နှင့် နေသွေး(ဘ) ဦးချစ် ကိုကို(ခ)နဂါး တို့သည် သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ် ခြင်း၊ လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း များ ကျူးလွန်ခဲ့သဖြင့် စစ်အုပ်ချုပ်ရေး   (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ  ၅၀(က)/ ၅၄ အရ ဒီဇင်ဘာ ၂၃ ရက်တွင်   ၎င်းတို့သုံးဦးကို “သေဒဏ် ” အမိန့် ချမှတ်လိုက်ကြောင်း သိရှိရသည်။

 


အဆိုပါ    ပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများကို      ၎င်းနှင့် စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

 


စစ်အုပ်ချုပ်ရေးအမိန့်  ထုတ်ပြန်ကြေညာထား သည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့် ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထား ကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန် ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာ  ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။    

သတင်းစဉ်