အကြမ်းဖက်လုပ်ရပ်များနှင့် အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် NLD ပါတီမှ လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း အောင်ကျော်ကျော်ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇူလိုင်  ၁၅


အကြမ်းဖက်   အဖွဲ့အစည်းများ ဖြစ်သည့် CRPH ၊ NUG နှင့်  PDF အဖွဲ့များသည်     နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြား စေရန်ရည်ရွယ်၍ နည်းလမ်းမျိုးစုံ အသုံးပြုကာ    အဖျက်အမှောင့် လုပ်ငန်းများနှင့်   အကြမ်းဖက် လုပ်ရပ်များ  ဆောင်ရွက်လျက် ရှိသည်။ 


CRPH နှင့် NUG   အဖွဲ့တို့၏ စေခိုင်းမှုဖြင့်   ဆူပူအကြမ်းဖက်   လုပ်ဆောင်နေသူများနှင့်   NLD ပါတီဝင်များ၊       ၎င်းပါတီအား ထောက်ခံ   အားပေးသူများသည် အချို့မြို့ကြီးများ၌     အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခြင်း၊    စာသင် ကျောင်းများအပါအဝင် အစိုးရပိုင် အဆောက်အအုံများအား   မီးရှို့ ဖျက်ဆီးခြင်း      စသည့်ဖောက်ခွဲ ရေးလုပ်ငန်းများကို     စဉ်ဆက် မပြတ် လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်း လက်ဦးမှုရယူပြီး       ဖော်ထုတ် ဖမ်းဆီးနိုင်ရေး လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများကို       အထူး ကြပ်မတ်    ဆောင်ရွက်လျက်ရှိ သည်။ 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇူလိုင်  ၁၀ ရက်    နံနက်တွင် မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်း ကြီးကျေးရွာအုပ်စု      အိုးအိမ် မှတ်တိုင်အနီး၌    လှိုင်မြို့နယ် NLD ပါတီ   လူငယ်အဖွဲ့ဝင်နှင့် လှိုင်မြို့နယ်    PDF     အဖွဲ့ဝင် ထက်အောင်မင်း  (၃၉ နှစ်) (ဘ) ဦးဘစိန် လှိုင်မြို့နယ် ၁၆ ရပ်ကွက် မာလာမြိုင်(၄)လမ်း     အမှတ် (၅၃) နေသူအား      ဖမ်းဆီးရမိခဲ့ သည်။ 


တရားခံ         ထက်အောင်မင်း၏ ထွက်ဆိုချက်အရ NLD ပါတီ၏ လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း   အောင် ကျော်ကျော်ဦးမှ ပစ္စတိုကျည်အိမ် နှင့်     ကျည်ဆန်များဝယ်ယူရန် စေခိုင်းခဲ့ကြောင်း    ဖော်ထုတ်ရရှိ သဖြင့်   ကွင်းဆက်တရားခံအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ယင်းနေ့ မွန်းလွဲပိုင်းတွင်   ဒဂုံ မြို့သစ် (မြောက်ပိုင်း)မြို့နယ်        (၄၆)ရပ်ကွက် သဇင်မြိုင်လမ်း   အိမ်အမှတ်(၇၉၆)၌   အောင်ကျော် ကျော်ဦး (၄၆ နှစ်) (ဘ)ဦးထွန်းရွှေ နှင့်   ၎င်း၏ဇနီး  ခင်မိုးမြင့်လှိုင် (၃၈နှစ်) (ဘ)ဦးစန်းလှိုင်တို့အား Retay X Treme   ၉  မမ ပစ္စတို တစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ ကျည် ၂၅ တောင့်၊ မောင်ဝင်းကျော် အမည်ဖြင့်    ပြုလုပ်ထားသော မှတ်ပုံတင်အတုတစ်ခု အပါအဝင် လက်နက်ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။ 


တရားခံ အောင်ကျော်ကျော်ဦး နှင့်         ထက်အောင်မင်းတို့၏ ထွက်ဆိုချက်အရ ယင်းနေ့ မွန်းလွဲ ပိုင်းတွင် ဒါရိုက်တာ ဏကြီး(ခ)ဉာဏတင်ဦး       ပိုင်ဆိုင်သည့်   ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်    (၃၃)ရပ်ကွက် ပင်လုံလမ်း ရွှေကြာ ယံ အိမ်ရာရှိ Pinlel Film Produ-ction Studio အား  သွားရောက် စစ်ဆေးရှာဖွေခဲ့ရာ    Studio   မန်နေဂျာ စိုးအုပ်ပိုင်(ခ)ဆံရှည်    (၄၀နှစ်)(ဘ)ဦးမြတ်သူ၊ ဖြိုးအောင် ကျော် (၃၁နှစ်)   (ဘ)ဦးတောက် ထိန်၊ အောင်ပိုင်ဖြိုး   (၂၅နှစ်)    (ဘ)ဦးဆန်းထွန်း၊       စည်သူကျော် (၂၆နှစ်)    (ဘ)  ဦးကျော်မိုးခိုင်၊ လင်းထက်အောင် (၂၁ နှစ်)   (ဘ)ဦးမောင်မောင်စိန်တို့အား ပွိုင့်-၂၂ သေနတ်တစ်လက်၊   နှစ်လုံးပြူး သေနတ်တစ်လက်၊ ခဲသီးဖြင့်ပစ်ရ သော သေနတ်တစ်လက်   အပါ အဝင် လက်နက်၊ ခဲယမ်းဆက်စပ် ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သည်။


ထို့ပြင် ယင်းနေ့ မွန်းလွဲပိုင်း တွင် ကွင်းဆက်တရားခံဖြစ်သည့် မျိုးကျော်သူ(ခ) ကိုမျိုး   (၃၃နှစ်) (ဘ) ဦးချစ်ထွေး၊ မင်္ဂလာဒုံမြို့နယ် (၂/၁)တိုးချဲ့ရပ်ကွက် နီလာလမ်း အမှတ်(၂၇၄)နေသူအား မင်္ဂလာဒုံ မြို့နယ်  ပျဉ်းမပင်ကျေးရွာအုပ်စု ပြည်လမ်း၊ IT    စားသောက်ဆိုင် ရှေ့တွင်   ထပ်မံဖမ်းဆီးရမိခဲ့ပြီး မျိုးကျော်သူ(ခ)ကိုမျိုး၏ ထွက်ဆို ချက်အရ မင်္ဂလာဒုံမြို့နယ် နွယ်ခွေ ကျေးရွာအုပ်စု နွယ်ခွေကျေးရွာ၊ အမှတ်(၃)      ဆက်သွယ်လမ်း ခြံအမှတ်(၂၁)ရှိ Princess KTV နှင့် The King  Beauty   Spa  သို့ သွားရောက်စစ်ဆေး  ရှာဖွေခဲ့ရာ Princess KTV နှင့် The King Beauty Spa ပိုင်ရှင် ထွန်းသက်ဦး (၅၁နှစ်)   (ဘ) ဦးကျော်မြင့်၊ တင်ထွန်းဦး (၃၀နှစ်) (ဘ)ဦးအေး သိန်း၊ အောင်ထက်ပိုင် (၂၅နှစ်) (ဘ)ဦးဝင်းနိုင်၊       ချစ်လင်းနိုင် (၂၄ နှစ်) (ဘ)ဦးစန်းအောင်၊ နေနေ အောင် (၂၆ နှစ်) (ဘ) ဦးစစ်မောင်၊ အောင်ကိုဦး (၃၃နှစ်) (ဘ)ဦးလှမိုး တို့အား လက်လုပ်မိုင်း ၁၀ လုံး၊ NLD ပါတီအလံနှစ်ခု၊ လက်လုပ် မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် အမိုနီယမ်နိုက်ထရိတ် ၂ ဒသမ ၄ ကီလိုဂရမ် အပါအဝင် လက်လုပ် မိုင်းဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့ သည်။


အထက်ပါ Princess KTV  နှင့် The King  Beauty  Spa  ၌ လက်လုပ်မိုင်းအပါအဝင် ဖောက်ခွဲ ရေးပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့သည့် တရားခံများအနက် အောင်ထက်ပိုင်နှင့်  ချစ်လင်းနိုင် တို့သည် ဇူလိုင်  ၉   ရက်တွင် မင်္ဂလာဒုံမြို့နယ် (၁/က) ရပ်ကွက် ခရေပင်လမ်းရှိ           မင်္ဂလာဒုံ လျှပ်စစ်ဓာတ်အားပေးရေးရုံးအား လက်လုပ်မိုင်းနှင့်        ပစ်ခတ် ဖောက်ခွဲခဲ့သူများ  ဖြစ်ကြောင်း သိရှိရသည်။


တရားခံ   ထွန်းသက်ဦး၏ ထွက်ဆိုချက်အရ   ၎င်းပိုင်ဆိုင် သည့် မှော်ဘီမြို့နယ်  ဘွတ်ကြီး ကျေးရွာအုပ်စု         ရဲစုမြောက် ရပ်ကွက်  အောင်ရတနာလမ်းရှိ ဂိုဒေါင်သို့   သွားရောက်စစ်ဆေး ရှာဖွေခဲ့ရာ   M-16   သေနတ် တစ်လက်၊ Pen  Gun ခြောက်လက်၊ Shot Gun အတိုတစ်လက်၊ MG-1 အမျိုးအစား လက်ပစ်ဗုံးသုံးလုံး၊ 94 အမျိုးအစား   လက်ပစ်ဗုံးတစ် လုံး၊ ကျည်မျိုးစုံ ၆၉၂ တောင့် အပါအဝင်   လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများအား ထပ်မံ ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။


တရားခံ ထက်အောင်မင်း၏ စစ်ကြောထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ် ဇူလိုင် ၁၂ ရက် မွန်းလွဲပိုင်း တွင် သာကေတမြို့နယ် အနော်မာ ရပ်ကွက်    အနော်မာ(၁၃) လမ်း အနောက် အမှတ်(၅၃၇) (၄)လွှာ တွင် နေထိုင်သော ခိုင်ဇာတင်ဦး (ခ) ခိုင်ဇင်ဦး အသက် (၃၆နှစ်)အား  ပွိုင့်-45 ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊    ပွိုင့်   ၃၈၀ ကျည်ဆန် ၅၅ တောင့်၊ ချိန်ကိုက် မိုင်းခြောက်လုံး၊    လက်ပစ်ဗုံး နှစ်လုံး၊  လက်နက်/ ခဲယမ်းနှင့်  ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


တရားခံ အောင်ကျော်ကျော်ဦး ခေါင်းဆောင်၍ဖွဲ့စည်းခဲ့သော လှိုင်မြို့နယ် PDF အဖွဲ့သည် ၂၀၂၁ ခုနှစ် ဇွန်လနှင့် ဇူလိုင်လအတွင်း လှိုင်မြို့နယ်        အမှတ်(၁၀) ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ဆိုင် အား လက်လုပ်မိုင်းဖြင့်ဖောက်ခွဲမှု၊ လှိုင်မြို့နယ် အမှတ်(၁၆) ရပ်ကွက် အုပ်ချုပ်ရေးမှူး     နေအိမ်အား လက်လုပ်မိုင်းဖြင့်         ပစ်ခတ် ဖောက်ခွဲမှု၊ လှိုင်မြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်တစ်လုံးအား လက်လုပ်မိုင်းဖြင့်      ပစ်ခတ် ဖောက်ခွဲမှု၊ လှိုင်မြို့နယ် ဘူတာရုံ လမ်းထိပ်တွင် ဖောက်ခွဲမှု၊ လှိုင်မြို့နယ်၊ လျှပ်စစ်ရုံးအား လက်လုပ်မိုင်းဖြင့် ဖောက်ခွဲမှု၊  လှိုင်မြို့နယ်၊   အမှတ်(၇)ရပ်ကွက်ရှိ   ပြည်သူတစ်ဦး၏ နေအိမ်အား လက်လုပ်မိုင်းဖြင့် ဖောက်ခွဲမှု စသည့်အကြမ်းဖက် ဖောက်ခွဲ တိုက်ခိုက်မှု ၆ ကြိမ်အား  ကျူးလွန်ခဲ့ကြောင်း  စိစစ်တွေ့ရှိရသည်။ ထို့ပြင်    လှိုင်မြို့နယ်   အမှတ် (၁၃)ရပ်ကွက်၊    (၁၀) လမ်းထိပ်ရှိ အာရုဏ်ဦးလက်ဖက်ရည်ဆိုင် ပိုင်ရှင်ကိုလည်း  ဒလန်အဖြစ် စွပ်စွဲကာ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


အလားတူ တရားခံ ထွန်းသက်ဦး ဦးဆောင်ပါဝင်ခဲ့သော မင်္ဂလာဒုံ မြို့နယ်၊ PDF အဖွဲ့သည်လည်း  ထောက်ကြန့်မြို့ရှိ အမှတ်(၁၂)အခြေခံ ပညာအလယ်တန်းကျောင်း(အထကခွဲ)အား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲ မှု၊ ထောက်ကြန့်တိုးချဲ့ရပ်ကွက် အုပ်ချုပ်ရေးမှူး နေအိမ်အား လက်လုပ် ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲမှု၊ မင်္ဂလာဒုံမြို့နယ်၊ လျှပ်စစ်ရုံးအား လက်လုပ် ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲမှု စသည့်အကြမ်းဖက်ဖောက်ခွဲ တိုက်ခိုက်မှု ၃ ကြိမ် ကျူးလွန်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။ အဆိုပါဖြစ်စဉ်တစ်ခုလုံး တွင်  M-16 သေနတ် တစ်လက်၊  ၉ မမ ပစ္စတို တစ်လက်၊  ပွိုင့် ၂၂  တစ်လက်၊ ပွိုင့် 45 ပစ္စတို တစ်လက်၊ Pen Gun ခြောက်လက်၊ နှစ်လုံးပြူး တစ်လက်၊ Shot Gun တစ်လက်၊ ခဲသီးသေနတ်တစ်လက်    စုစုပေါင်း လက်နက် ၁၃ လက်၊ တရားခံ ၁၆ ဦး၊ ခဲယမ်း၊ လက်ပစ်ဗုံး၊ လက်လုပ် မိုင်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိခဲ့သော NLD ပါတီမှ လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း  အောင်ကျော်ကျော်ဦးသည်   ရန်ကုန်တိုင်း ဒေသကြီးအတွင်း အဖျက်လုပ်ငန်းနှင့်  လုပ်ကြံသတ်ဖြတ်ရေး ဦးဆောင် ကော်မတီတစ်ခုဖြစ်သည့် People’s Security Committee-PSC တွင် ခေါင်းဆောင်တစ်ဦးအဖြစ်ပါဝင်ပြီး  လှိုင်မြို့နယ်အတွင်း  ဗုံးဖောက်ခွဲ မှုနှင့် သတ်ဖြတ်မှုများကိုလည်းကောင်း၊    မင်္ဂလာဒုံမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုများကိုလည်းကောင်း  နောက်ကွယ်မှ အဓိကထောက်ပံ့စေခိုင်းသူဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရသည်။


သို့ဖြစ်ပါ၍   နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်   တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ငန်းများ လုပ် ဆောင်မည့်   တရားခံများအား   ကြိုတင်ဖမ်းဆီးနိုင်ခဲ့ပြီး  ၎င်းတို့အား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် ဆက်စပ်တရားခံများအား  ဆက်လက်ဖော်ထုတ်ဖမ်းဆီး သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။        

သတင်းစဉ်