NUG ၊ CRPH ၊ PDF အမည်ခံ အဖွဲ့အစည်းများကို အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေနှင့် အရေးယူလျက်ရှိသည်။ ၎င်းအဖွဲ့အစည်း များမှာ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းများဖြစ်ပြီး ၎င်းတို့ ကျူးလွန်ထားသည့် ပြစ်မှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တရားရုံးများတွင် ဥပဒေနှင့်အညီ တရားစွဲဆိုထားကာ နိုင်ငံရပ်ခြားသို့ ထွက်ပြေးတိမ်းရှောင်နေပါကလည်း တရားရုံးမှ ထုတ်ပြန်သည့် ဖမ်းဝရမ်းများကို နိုတြီပြုလုပ်ပြီး အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့သို့ ပေးပို့ထားကြောင်း သိရသည်။
အကြမ်းဖက်သမားတို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အများပြည်သူအတွင်း ထိတ်လန့်ကြောက်ရွံ့မှု ဖြစ်ပေါ်စေခြင်း၊ အစိုးရကို အကျဉ်းအကျပ်ကျစေရန်၊ ဖိအားပေးရန် ရည်ရွယ်၍ အရပ်သားကိုဖြစ်စေ၊ လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲဖြစ်နေသည့် အခြေအနေတွင် စစ်ပြိုင်ပွဲ၌ ပါဝင်တိုက်ခိုက်ခြင်းမရှိသည့် အခြားသူ တစ်ဦးဦးကိုဖြစ်စေ သေစေရန် သို့မဟုတ် အပြင်းအထန် နာကျင်စေ ရန်နှင့် တခြားပြုလုပ်မှုများသည်လည်းကောင်း၊ အကြမ်းဖက်ရန် ရည်ရွယ်ချက်ဖြင့် အများပြည်သူ၏ ကျန်းမာရေးကိုဖြစ်စေ၊ ဘေးကင်းရေးကိုဖြစ်စေ၊ သဘာဝပတ်ဝန်းကျင်ကို ဖြစ်စေ ဆိုးရွားစွာ ထိခိုက်စေသည့် အကြမ်းဖက်မှုများသည်လည်းကောင်း၊ အကြမ်းဖက် မှုတွင် ပါဝင်ရန် တိုက်တွန်းမှု၊ စည်းရုံးသိမ်းသွင်းမှု၊ ဝါဒဖြန့်မှု၊ စုဆောင်းရန် ပြုလုပ်မှုများသည် လည်းကောင်း၊ အကြမ်းဖက်သမားကို ခိုလှုံခွင့်၊ ပုန်းအောင်းခွင့်၊ တည်းခိုခွင့်ပြုမှုသည် လည်းကောင်း၊ အဆောက်အအုံနှင့် နေရာတစ်ခုခု အသုံးပြုခွင့်၊ စုဝေးခွင့်၊ သင်တန်း ပေးရန်၊ သယ်ယူပို့ဆောင်ပေးရန် ဆောင်ရွက်မှုများ၊ ငွေကြေး၊ ပစ္စည်း တို့ ထောက်ပံ့ပေးမှုများသည်လည်းကောင်း အကြမ်းဖက်မှုများပင် ဖြစ်သည်။ သို့ဖြစ်ရာ ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်းများကို သတ်ဖြတ်သူများ၊ အရပ်သားများကို သူလျှို ဒလန်စွပ်စွဲ၍ သတ်ဖြတ်သူများ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဌာနဆိုင်ရာ အဆောက် အအုံများကို မီးရှို့သူ၊ ဖျက်ဆီးသူ၊ ဖောက်ခွဲသူများ၊ အကြမ်းဖက် လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် နောက်ကွယ်မှ စီမံသူ၊ ငွေကြေးထောက်ပံ့ သူ၊ လက်နက်ခဲယမ်းများ ကူညီပံ့ပိုးသူများနှင့် ၎င်းတို့၏ အဖွဲ့အစည်း များမှာ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အဖွဲ့အစည်းများပင် ဖြစ်သည်။
အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ဥပဒေကြောင်းအရ နိုင်ငံ တကာနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဝင်နိုင်ငံများနှင့်လည်းကောင်း၊ ဒေသဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများ နှင့်လည်းကောင်း၊ နိုင်ငံအချင်းချင်း အကူအညီပေးရေး ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရာ အကြမ်းဖက်သမားတို့အဖို့ ပြေးစရာမြေမရှိဟုပင် ဆိုရမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ် ပြန်ရေးအဖွဲ့ (၈/၂၀၂၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် အကြမ်းဖက်အဖွဲ့အစည်းများကို နောက်ကွယ်မှ ငွေကြေးများ၊ ပစ္စည်း များ ထောက်ပံ့နေသည့်ကိစ္စများကို သေချာစနစ်တကျ စိစစ်ဖော်ထုတ် ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း၊ ထိုအကြမ်းဖက်မှုများနှင့် ပတ်သက်၍ အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိအောင် သတင်းထုတ်ပြန်ရန် စီစဉ်ဆောင်ရွက် နေကြောင်းဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးကြီးတစ်ဦးက ပြောကြားခဲ့သည်။
အကြမ်းဖက်သမားများ၊ အကြမ်းဖက်အဖွဲ့အစည်းများ ကျူးလွန် နေသည့် အကြမ်းဖက်လုပ်ရပ်များ၏ ရေသောက်မြစ်မှာ ပြည်တွင်း ပြည်ပမှ ငွေကြေးနှင့် ပစ္စည်းထောက်ပံ့မှုများပင် ဖြစ်သည်။ ရေသောက်မြစ် ဖြတ်တောက်ပါက ပင်မ၊ ပင်စည်သည် ကြာမြင့်စွာ ဆက်လက်မရှင်သန်နိုင်သည့်အလျောက် အကြမ်းဖက်မှုများ၏ နောက်ကွယ်မှ ထောက်ပံ့နေမှုများကို ဝိုင်းဝန်းကူညီဖော်ထုတ်၍ အကြမ်းဖက်လုပ်ရပ်များ ဖယ်ရှားရှင်းလင်းနိုင်ကြပါစေကြောင်း။ ။