အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့်ပစ္စည်းများ လက်ဝယ်ကိုင်ဆောင်သူများကို ပြစ်ဒဏ်အသီးသီးချမှတ်

 

နေပြည်တော်  ဇန်နဝါရီ   ၂၇


ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်  အမှတ်(၁၄)ရပ်ကွက်နေ ထွန်းထွန်းဦး(ခ)အီးတီ(ဘ)ဦးတင်၊ အမှတ်(၉)ရပ်ကွက်နေ သက်နိုင်(ဘ)ဦးတင်ရီနှင့် အမှတ်(၃)ရပ်ကွက်နေ သူရဖြိုးဝေ (ဘ) ဦးကြည်ရွှင်တို့သည် အကြမ်းဖက်ဖောက်ခွဲရာတွင် အသုံးပြုသည့်  ယမ်းစိမ်းများလက်ဝယ် ထားရှိမှုနှင့် ထိန်းသိမ်းထားရှိရာတွင် အားပေးကူညီမှုတို့ကို ပြုခဲ့ကြသည့် အတွက် စစ်အုပ်ချုပ်ရေး (Martial Law)  စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများဆိုင်ရာ အက် ဥပဒေပုဒ်မ- ၄(ခ)/၆ အရ ဇန်နဝါရီ ၂၆ ရက်တွင် ၎င်းတို့အား “ထောင်ဒဏ် အနှစ်၂၀” ပြစ်ဒဏ် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

 


စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များ အတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲ ထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန် ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်