
နေပြည်တော် ဩဂုတ် ၂၁
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်အစပ်ရှိ ကျေးရွာ အချို့တို့တွင် အကြမ်းဖက်သင်တန်းများ ပို့ချခြင်း၊ လက်လုပ်သေနတ်များ ပြုလုပ်ခြင်းတို့ကို လုပ်ဆောင် နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လိုအပ်သည့် စုံစမ်းဖော်ထုတ်မှုများကို ဆောင်ရွက်ခဲ့ ရာ ရေစကြိုမြို့နယ် ရွှေလှံကျေးရွာ ကမ္ဘာအေးဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှ လက်နက်ခဲယမ်းများကို ယနေ့မွန်းလွဲပိုင်းတွင် ဖော်ထုတ်သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
ဖော်ထုတ် သိမ်းဆည်းရမိ သည့် လက်နက်ခဲယမ်းများအနေ ဖြင့် လက်လုပ်စိန်ပြောင်း နှစ် လက်၊ လက်လုပ်ပခုံးထမ်းဒုံး တစ် လက်၊ တူမီး ၂၂ လက်၊ လက်လုပ် မိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ စနက်တံမျိုးစုံ ၂၀၀ ၊ လက်နက်နှင့် မိုင်းများပြုလုပ်ရာတွင် အသုံးပြု သည့် စက်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။
လုံခြုံရေး တပ်ဖွဲ့ဝင်များအနေ ဖြင့် ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာပတ်ဝန်းကျင် တစ်ဝိုက် ကို ဆက်လက်ရှာဖွေဖော်ထုတ်ခဲ့ ရာ ဦးကျော်နိုင်(၄၈နှစ် )မြစ်သာ ကျေးရွာနေထိုင်သူအား လက်လုပ် သေနတ်ပြုလုပ်နေသည့်မှတ်တမ်း ဓာတ်ပုံများပါဝင်သည့် လက်ကိုင် ဖုန်း တစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။
ဖမ်းဆီးရမိသူအား တရား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ဆက်စပ်သူ များကို ထပ်မံဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်