
နေပြည်တော် ဇန်နဝါရီ ၁၆
တပ်မတော်အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်အား အရေးပေါ် အခြေအနေအဖြစ် ကြေညာ၍ နိုင်ငံတော်၏တာဝန် အရပ်ရပ် အား ရယူပြီးနောက် နိုင်ငံတစ်ဝန်း လုံးတွင် နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို အရှိန် အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ ထိုကဲ့သို့ ဆောင် ရွက်နေသည့်အပေါ် အကြမ်းဖက် အဖွဲ့အစည်းများဖြစ်သောCRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ အကြမ်းဖက်သမားများဖြစ်သော PDF အမည်ခံ သောင်းကျန်းသူ များက နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုများ သေကျေပျက်စီး ၍ အထိတ်တလန့် ဖြစ်ပွားကာ အစိုးရအပေါ် ယုံကြည်မှု ပျက်ပြား လာစေရန် မြို့၊ ရွာများတွင် အကြမ်းဖက် လုပ်ငန်းများကို နည်းမျိုးစုံဖြင့် တိုးမြှင့်လုပ်ဆောင် လျက်ရှိသည်။
ထိုသို့ အကြမ်းဖက်မှုများကို လုပ်ဆောင် လျက်ရှိရာတွင် ယနေ့မွန်းလွဲပိုင်းက ကယား ပြည်နယ် လွိုင်ကော်မြို့ မိုင်းလုံး ရပ်ကွက်အတွင်းရှိ ပြည်သူ လူထု၏ နေအိမ်အဆောက် အဦများတွင် အကြမ်းဖက် သောင်းကျန်းသူများ ဝင်ရောက် ခိုအောင်း၍ အကြမ်းဖက်လုပ်ငန်း များကို လုပ်ဆောင်ရန် ပြင်ဆင်စု ဖွဲ့လျက်ရှိကြောင်း သတင်းအရ တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြည်သူလူထု၏ အသက်အိုးအိမ်နှင့် နေအိမ် အဆောက်အဦများ ထိခိုက်ပျက်စီး မှုမရှိစေရေးအတွက် လုံခြုံရေး ကိစ္စရပ်များကို စနစ်တကျ ဝင်ရောက်ဆောင်ရွက်ခဲ့သည်။ ထိုကဲ့သို့ နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်မှုကို အကြမ်းဖက်သောင်းကျန်းသူများ က ပြည်သူလူထုပိုင် နေအိမ် အဆောက်အဦများအား အကာ အကွယ်ပြု၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ယနေ့မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်မှ ၂ နာရီခွဲအထိ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ သည်။ ၎င်းအပြင် လွိုင်ကော် မြို့နယ် နန်းမယ်ခုံမြို့အတွင်း ခိုအောင်းရောက်ရှိလျက်ရှိသော အကြမ်းဖက် သောင်းကျန်းသူ ခေါင်းဆောင်များက အင်အားဖြည့် လက်နက်၊ ခဲယမ်းများကို ဖြန့်ဝေ၍ လွိုင်ကော်မြို့အတွင်းသို့ အကြမ်းဖက်သူများ ထပ်မံ ဖြည့်တင်းရန် နန်းမယ်ခုံမြို့ အတွင်း စုဝေးလျက်ရှိပြီး အချို့ အင်အားစုများမှာ လွိုင်ကော်မြို့ အတွင်း အကြမ်းဖက်မှုလုပ်ငန်း များ အရှိန်မြှင့် လုပ်ဆောင်နိုင်ရန် ယာဉ်များဖြင့် ထွက်ခွာလာ ကြောင်း တည်ငြိမ် အေးချမ်းမှုကို လိုလားသည့် တာဝန်သိပြည်သူ များက သတင်းပေးပို့လာသဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်း များ လုပ်ဆောင်နိုင်မှု မရှိစေ ရေး သောင်းကျန်းသူများ၏ စစ်ကူပစ်ကူများအား တပ်မတော် က လေကြောင်းနှင့် အမြောက်တို့ ဖြင့် ပိုင်းဖြတ်ပစ်ခတ်၍ ထိန်းချုပ် ဆောင်ရွက်ခဲ့သည်။
ထိုသို့ အကြမ်းဖက်သမား များ၏ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူ လူထု သေကျေထိခိုက်စေရန် ရည်ရွယ် လုပ်ဆောင်နေမှုများကို တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် မှုကိုမလိုလားသော ပြည်သူလူထု နှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်း များကို တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်