အကြမ်းဖက်သမားများအတွက် လားရာ ဒုဂ္ဂတိ အမြဲရှိ၏

Type

 

မောင်သမ္မာဒိဋ္ဌိ

(၁)
သုံးလောကထွတ်ထား    မြတ်ဗုဒ္ဓဘုရားရှင်သည်   ရှင်ဒေဝဒတ်အား     ရဟန်းသံဃာတော်တို့ကို ဦးဆောင်အုပ်ချုပ်စီမံခွင့်  လုံးဝ   မပေးအပ်ခဲ့ပါ။ သစ်ပင်တို့သည် အမြစ်ပျက်စီးနေပါက ရှင်သန်ခွင့် လုံးဝမရှိတော့ပါ။  ရှင်ဒေဝဒတ်သည် မြတ်ဗုဒ္ဓအား မင်းသူဌေးသူကြွယ် ဒါယကာများ ပေါများသည်ကို မနာလိုသကဲ့သို့ ဘုရားရှင်ကဲ့သို့ပင် ဒါယကာအလှူ ရှင်များနှင့်    လှူဖွယ်ဝတ္ထုပစ္စည်း    ပေါများလို၏။ သူသာလျှင် ဘုရားတစ်ဆူ  လုပ်လို၏။  ထို့ကြောင့် မြတ်ဗုဒ္ဓအား - “အို အရှင်ဗုဒ္ဓ၊ သင်ကား အိုမင်းရင့် ရော်နေပါပြီ။ ထို့ကြောင့် ကျွန်ုပ်ကိုယ်တိုင် ရဟန်း သံဃာတော်များကို ဦးဆောင်အုပ်ချုပ်သွားပါမည်။ ကျွန်ုပ်အား    အုပ်ချုပ်ခွင့်      လွှဲအပ်ပေးပါ”ဟု တောင်းဆိုခဲ့သည်။    သို့ရာတွင်     မြတ်ဗုဒ္ဓက ရှင်ဒေဝဒတ်ကြောင့် ဗုဒ္ဓသာသနာတော်ကြီး ပျက်စီး မည်ကို သိထားတော်မူ၍ ဒေဝဒတ်အား  လုံးဝ မလွှဲအပ်ခဲ့ပါ။

 


မြတ်ဗုဒ္ဓအားလုပ်ကြံရန် ကြံစည်


ထိုအခါ    ဒေဝဒတ်သည် အနန္တကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓသခင်အား  အကြမ်းဖက်နည်းများစွာဖြင့် လုပ်ကြံသတ်ဖြတ်ရန် ကြံစည်  စီမံလေတော့သည်။ သို့သောအခါ သောတာပန် သူတော်စင် သာသနာ့ ဒါယကာ  ဗိမ္ဗိသာရမင်းကြီး၏  သားတော်  အာဏာ ဆာလောင်ရူးသွပ်သူ    အဇာတသတ်မင်းသားကို သွားတွေ့၏။ အရိယာသူတော်ကောင်းကြီး  ဗိမ္ဗိ သာရမင်းကြီးအား လုပ်ကြံမှ  ရှင်ဘုရင်အမြန်ဆုံး ဖြစ်မည်ဟု စည်းရုံးသိမ်းသွင်းကာ အဇာတသတ် အား သတ်စေ၏။  သို့မှသာ  ဂေါတမကို  လုပ်ကြံဖို့ ပိုမိုအဆင်ပြေမည်ဟု   ဒေဝဒတ်က တွက်ဆထားခဲ့ သည်။ 
ကျေးဇူးရှင်   ဖခမည်းတော်အား   ညှဉ်းပန်း နှိပ်စက်သတ်ဖြတ်ကာ ဘုရင်ဖြစ်လာသည့် အဇာ တသတ်၏ အကူအညီရယူကာ နန်းတော်တွင်းမှ လေးသည်တော်များကို  မြတ်ဗုဒ္ဓအား   ပစ်ခတ် လုပ်ကြံသတ်ဖြတ်စေခဲ့၏။ မအောင်မြင်သောအခါ ရှင်ဒေဝဒတ်ကိုယ်တိုင် မြတ်ဗုဒ္ဓ ရာဇဂြိုဟ်မြို့တွင်း ဆွမ်းခံကြွနေစဉ် ဂိဇ္ဈကုဋ်တောင်ပေါ်မှ ကျောက်တုံး ကြီးများကို    လှိမ့်ချပြီး    သတ်စေခဲ့သော်လည်း မအောင်မြင်ခဲ့ပြန်ပေ။ ဤသို့ဖြင့် မကျေနပ်၍  နာဠာ ဂီရိ ဆင်ပြောင်ကြီးကို အရက်သေစာများတိုက်ပြီး မြတ်ဗုဒ္ဓဆွမ်းခံကြွနေတော်မူစဉ်    အနင်းခိုင်း၍ သတ်ဖြတ်စေခဲ့သော်လည်း လုံးဝမအောင်မြင်ခဲ့ပေ။

 


ရှင်ဒေဝဒတ်သည် မြတ်ဗုဒ္ဓထံမှ ရဟန်းသံဃာ တော် များကို လွှဲပြောင်းအုပ်ချုပ်စီမံရန် (၃)ကြိမ် တိုင်တိုင်  တောင်းဆိုခဲ့သော်လည်း  မြတ်ဗုဒ္ဓက- “ရှင်ဒေဝဒတ်၊ ငါဘုရားသည်    ငါ၏   လက်ယာ လက်ရုံးတော်၊ လက်ဝဲလက်ရုံးတော်များဖြစ်ကြ သည့် အဂ္ဂသာဝက၊ မဟာသာဝက       ရဟန္တာအရှင် သူမြတ်များနှင့် သူတော်စင်အရိယာ  ရဟန်းသံဃာ တော်များကို သင့်အား  လုံး၀ လွှဲအပ်ပေးမည်မဟုတ်၊ တံတွေး   အညစ်အကြေးနှင့်  တူလှသော  သင်၏ ပစ္စည်းဥစ္စာ အဆောင်အယောင်များဖြင့် သာယာ ပျော်မွေ့နေသည့် သင်၏ကိုယ်ကျင့်သီလတု သီလ ယောင်ကြောင့်      သင်နှင့်လုံးဝ     မထိုက်တန်’’ဟု   တိကျပြတ်သားစွာ မိန့်တော်မူခဲ့သည်။ 

 


အဝီစိငရဲသို့ ကျရောက်သွားရှာ


ဤသည်ကို   အငြိုးထားပြီး   မြတ်ဗုဒ္ဓအား အကြိမ်ကြိမ်လုပ်ကြံသတ်ဖြတ်ခဲ့ရာ အဇာတသတ် သည်ပင်လျှင် ဆရာတင်မိခဲ့သူ ရှင်ဒေဝဒတ်အား အဆက်အသွယ်             ဖြတ်ပစ်လိုက်တော့သည်။ နောက်ဆုံးတွင်    ရှင်ဒေဝဒတ်သည်     အကြံကုန် ဂဠုန်ဆားချက်သည့်ပမာ မြတ်ဗုဒ္ဓ၏ ရဟန်းသံဃာ တော်များကို  မဟုတ်မမှန်   ဆွဲဆောင်မှုနည်းဖြင့် သွေးကွဲအောင် ဂိုဏ်းခွဲခဲ့ပြန်သည်။ ရှင်ဒေဝဒတ်၏ သွေးဆောင်ဖြားယောင်းရာသို့ နားယောင်လိုက်ပါ သွားမိခဲ့ကြသော ရဟန်းအချို့ကို ရှင်သာရိပုတ္တရာ နှင့်   ရှင်မောဂ္ဂလာန်တို့က  လိုက်လံပြီး   တရား ဟောပြော ရှင်းလင်းတော်မူမှသာ အမြင်မှန်ရကာ မြတ်ဗုဒ္ဓ၏ ဝေဠုဝန်  ကျောင်းတော်သို့  ပြန်လည် လိုက်ပါလာခဲ့ကြသည်။ ထိုအခါ   ရှင်ဒေဝဒတ်သည် ကာလရှည်ကြာ  သွေးအန်  ဝေဒနာခံစားရရှာပြီး နောင်တတရားကြီးစွာရရှိကာ မြတ်ဗုဒ္ဓထံ ဝန်ချ ကန်တော့တောင်းပန်ရန်  သွားရောက်ခဲ့ရာ လမ်းခု လတ်မှာပင်           မဟာပထဝီမြေသားပြင်သည် ဟက်တက်ကွဲ၍ မြေမျိုခံရကာ မဟာ အဝီစိငရဲသို့ ကျရောက်သွားရှာရလေတော့သည်။ 


(၂)
တပ်နှင့်ပြိုင်၍ မဖြစ်နိုင်
တပ်မတော်သည်  လူအင်အား၊   လက်နက် အင်အား အမြဲသာစမြဲဖြစ်သည်။ ခဲယမ်းမီး ကျောက် အားလုံးပြည့်စုံသည်။ သယ်ယူပို့ဆောင်ရေးမှာလည်း သူတို့ကို လိုက်၍မရနိုင်၊  တပ်အင်အားကို ရင်ဆိုင် ယှဉ်ပြိုင်မည့် ဒီမိုကရေစီဘက်တော်သားများမည်မျှ သတ္တိရှိစေကာမူ  တပ်နှင့်ပြိုင်၍  မဖြစ်နိုင်ပါ။

 


ပြောက်ကျားစစ်ဖြင့်   တိုက်ခိုက်လျှင်လည်း ဒီမိုကရေစီလုံးဝမရနိုင်ပါ။  ပြောက်ကျားစစ်သည် အဖြေမှန်မဟုတ်၊  ပြောက်ကျားစစ်ကြောင့်   ဒီမို ကရေစီဘက်တော်သားများသည် အသက်များစွာ ဆုံးရှုံးရမည်သာဖြစ်၍ ပြောက်ကျားတိုက်ပွဲများမှာ လည်း  ကြာကြာခံနိုင်မည်မဟုတ်ပါ။
ပြည်ပကယ်တင်ရှင်မျိုးကို အားကိုးခြင်းသည် လည်း   အခက်အခဲများစွာ   တွေ့ရမည့်အပြင် မည်သည့်ပြည်ပနိုင်ငံကမှ    နိုင်ငံခြားအကူအညီ ထိထိရောက်ပေးနိုင်မည်မဟုတ်ပါ။ နောက်ဆုံးတွင် လက်ရှောင်သွားမည်သာဖြစ်သည်။

 


ဖော်ပြပါ သွန်သင်ညွှန်ပြချက်မှာ လစ်ဘရယ်ဒီမို ကရေစီ   ဆရာကြီးတစ်ဦးဖြစ်သူ   အမေရိကန် ပြည်ထောင်စု    မန်ဆက်ချူးဆက်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင်  ဂုဏ်ထူးဆောင်ပါမောက္ခ “ဂျင်းရှပ်”  (Gene Sharp) ဆိုသူက    “From Dictatorship  to Democracy” အမည်ရှိ  စာအုပ် တွင်   ဒီမိုကရေစီလှုပ်ရှားသူများအား   သတိပေး လမ်းညွှန်ထားသည့် သြဝါဒဖြစ်သည်။ ဒီမိုကရေစီ သမားများကိုပင် အကြမ်းဖက်လုပ်ရပ်များကို လုံးဝ မလုပ်စေလိုလျှင်     အကြမ်းဖက်     နိုင်ငံရေးမသူ တော်များအတွက်  ဆိုစရာရှိမည်  မထင်တော့ပါ။

 


ရာဇဝတ်ဘေးပြေးမလွတ်


အကြမ်းဖက်သမားများသည်    အာဏာအဆိပ် ငယ်ထိပ်တက်နေသောကြောင့် လူစိတ်ပျောက်ကာ အဟိတ်တိရစ္ဆာန်စိတ်ထက် ဆိုးရွားသော ဒုစရိုက် ပြစ်မှုများ  ပြုလုပ်နေသည်ကို  မကြားဝံ့မနာသာ အောင် သိနေရ၊ ကြားနေရသည်။ ထိုအကြမ်းဖက် မသူတော်မှန်သမျှတို့သည်ကား  ဘယ်သူမပြုမိမိမှု၊ ရာဇဝတ်ဘေး ပြေးမလွတ်ဆိုသလို တရားဥပဒေ၏ ပြစ်ဒဏ်ကို  ခံရင်ခံရ၊    မခံရလျှင်   ကိုယ့်ကာယကံ ကိုယ့်ထံပြန်ဆိုသကဲ့သို့        ပြည်သူကပေးသော ပြစ်ဒဏ်နှင့် အကုသလဝိပတ်က လူသွားရာ အရိပ်ပါ သလို ဆိုးကျိုးအမြဲပေးမည်မှာ မြေကြီးလက်ခတ် မလွဲပါ။


(၃)
အာဏာဝိသမလောဘပေါ်တွင်      အခြေခံ၍ မိမိ၏အမှားကို မှားမှန်းသိလျက်နှင့် မဟုတ်မမှန် သော  နည်းလမ်းများဖြင့်   “နိုင်ငံတော်အာဏာ” (State Power) ကို လှည့်ဖြားရယူ၍  မရသောအခါ အကြမ်းဖက်ဒေါသဗုံးပေါက်ကွဲကာ  မင်းမဲ့စရိုက် လုပ်ငန်းများကို နိုင်ငံအဝန်း လုပ်ဆောင်နေကြခြင်း ပင်ဖြစ်သည်။    ဘယ်သူသေသေ   ငတေမာလျှင် ပြီးရောဆိုသည့်  သဘောမရိုး   မနောဆိုးဖြင့် နိုင်ငံတော်အာဏာကို    မတရားရယူလိုစိတ်ဖြင့် လုပ်ကြံဖန်တီးမှု၊   ခြံဝင်လျှင်    နွားပါလျှင်ပြီးရော ဆိုသလို  တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ အရယူ အပိုင်သိမ်းယူရမည်ဟူသော မကောင်းမှု များကိုပြုလုပ်ရန်  မကြောက်ရွံ့သည့်  ကောက်ကျစ် ယုတ်မာစဉ်းလဲ စိတ်တို့ကြောင့် လူယုတ်မာတို့၏ အဆိုးသံသရာထဲတွင် တဝဲဝဲလည်နေရခြင်းပင်ဖြစ်သည်။ 

 


ရက်စက်မှုပေါင်း  သရဖူဆောင်း


နိုင်ငံတစ်ဝန်းလုံးတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက် နောက်ပိုင်းမှ အောက်တိုဘာလ  ၂၁  ရက် နေ့အထိ  အကြမ်းဖက်လူယုတ်မာတို့သည်  ဒေသ အလိုက် PDF  အမည်ခံလက်နက်ကိုင် အကြမ်းဖက် အဖွဲ့များဖွဲ့စည်း၍  ၎င်းတို့၏   အကြမ်းဖက်လုပ်ငန်း များကို မထောက်ခံကြသည့် အပြစ်မဲ့ပြည်သူတို့အား ရန်ရှာတိုက်ခိုက်သတ်ဖြတ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့်    နိုင်ငံ့ဝန်ထမ်းများကို   ရန်ရှာတိုက်ခိုက် သတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဆေးခန်းများ၊ နိုင်ငံပိုင်အဆောက်အအုံများကို မီးရှို့ ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ လမ်းတံတားများကို တိုက်ခိုက်ဖျက်ဆီးခြင်းဟူသော   လုပ်ရပ်များဖြင့် ရက်စက်မှုပေါင်း  သရဖူဆောင်းခဲ့ကြသည်။

 


နိုင်ငံရေးမသမာသူ   အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်ဆိုးများကို ကြည့်မည်ဆိုလျှင် နိုင်ငံတစ်ဝန်း ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့အထိ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၉၈၆ ကြိမ်၊ ဗုံးခွဲတိုက်ခိုက်မှု ၂၃၄၄ ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၃၁၂ ကြိမ်  စုစုပေါင်း ၃၆၄၂ ကြိမ် ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။ ထိုအကြမ်းဖက်လုပ်ရပ်များကြောင့် အရပ်သား ပြည်သူလူထု ၁၁၅၅ ဦး သေဆုံးခဲ့ပြီး ၇၆၅ ဦး ဒဏ်ရာရရှိခဲ့ကြသည်။ လုံခြုံရေးတပ်ဖွဲ့ဝင် တပ်မတော်သား ၇၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၉၃ ဦးနှင့် အစိုးရဝန်ထမ်း ၁၄ ဦး စုစုပေါင်း ၁၈၂ ဦး သေဆုံးကာ ၆၀၂ ဦး ဒဏ်ရာရရှိခဲ့ကြသည်။ 
စာသင်ကျောင်းများနှင့် ပညာရေးအဆောက်အအုံ ၂၅ လုံး မီးရှို့ဗုံးခွဲခံခဲ့ရသည်။ ပြည်သူလူထု အသုံးပြု နေသည့်     ဆက်သွယ်ရေးလမ်းကြောင်းများဖြစ် သည့်  ကားလမ်း၊ ရထားလမ်းများအား ဖျက်ဆီးခဲ့မှု ၅၃၆ ကြိမ်ရှိခဲ့ပြီး တံတား ၇၆ စင်း ဖျက်ဆီးခဲ့ကြပြန် သည်။   အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများနှင့် ဘာသာရေးအဆောက်အဦများ၊  စက်ရုံအလုပ်ရုံ များနှင့်         မြို့ပြအဆောက်အဦများကိုလည်း တိုက်ခိုက်ဖျက်ဆီးမှုများ  ပြုလုပ်ခဲ့ကြသည်။ 

 


ယုတ်မာရက်စက်လာသည်ကို ကြုံတွေ့လာ


အကြမ်းဖက်သမားလူရမ်းကားများသည် လူကို လူလိုမထင်၊ ရဟန်းသံဃာတော်များကို သာသနာ့ ဝန်ထမ်းဟု မမြင် ထင်ရာစိုင်းကာ ရန်ရှာစော်ကားမှု များရှိလာသည်။ ကျေးဇူးရှင် ထေရဝါဒသံဃာတော် အရှင်သူမြတ်တို့၏    သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာ ဂုဏ်များ၊   ပရိယတ္တိသာသနာ၊  ပဋိပတ္တိ သာသနာ၊ ပဋိဝေဒသာသနာဟူသော သာသနာတော် သုံးရပ် စလုံး   ကမ္ဘာတည်သမျှ   ကြာရှည်ထာဝရ တည်တံ့ ခိုင်မြဲစွာ     ထွန်းကားနေရေးအတွက်   ဂန္ထဓုရ၊ ဝိပဿနာဓုရ   နှစ်ဖြာတို့ဖြင့်   ကျင့်ကြံအားထုတ် နေတော်မူကြသော ရဟန်းရှင် လူပုဂ္ဂိုလ်သူတော်စင် များ၊   သာသနာ့အာဇာနည်များကို   ဖရုဿဝါစာ ဟူသော     ရုန့်ရင်းကြမ်းတမ်း    ရမ်းကားယုတ်မာ ပုတ်ခတ်ဆဲရေး တိုင်းထွာနေကြရုံမျှမက အသက် ကိုပင် ရန်ရှာလာကြသည်အထိ ယုတ်မာရက်စက် လာကြသည်ကို မကြုံစဖူး  ကြုံတွေ့လာရသည်။ 

 


စစ်မှန်သည့် ထေရဝါဒဗုဒ္ဓသာသာနာတော်ကို အထိပါးမခံကြသည့် ရဟန်းရှင်လူ ပြည်သူအပေါင်း တို့သည့်    သာသနာတော်ကာကွယ်စောင့်ရှောက် ရေးသာသနာပြုစိတ်ဓာတ်အပြည့်အဝဖြင့် ညီညာ ဖြဖြ  ပေါင်းစည်းလက်တွဲ  ကာကွယ်စောင့်ရှောက် သွားကြမည်သာဖြစ်သည်။ ဤနေရာတွင် စပ်လျဉ်း ၍ မျိုးချစ်ဂီတစာဆိုကြီး ဆရာရွှေတိုင်ညွန့် ရေးစပ် ခဲ့ပြီး ခေတ်ဟောင်းတေးသံရှင် ရုပ်ရှင်မင်းသားကြီး (ဦး)ခင်မောင်ရင်  သီဆိုလှုံ့ဆော်ခဲ့သည့်  “သိကြား သာသနာ” အမည်ရှိ ဗုဒ္ဓသာသနာတော် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ဓမ္မပူဇာတေးတစ်ပုဒ်ကို အမှတ်တရ ဂုဏ်ပြုကောက်နုတ် ဖော်ပြလိုပါသည်။ 

 


    xxx ကောင်းသူကိုသာ ကယ်တင်မည်
    မကောင်းသူကို ဖယ်ရှားမယ်တဲ့
    ဘုရားတရားတော်နဲ့အညီ
    အလော်မာများ တော်ရာကို ရှား
    ဒေသနာတရား သေချာမမှား
    နေ့စဉ်ပွားမည်သိကြားသာသနာရောက်ချိန်နီးပါပြီ ........
    ဘုရားဟောထားခဲ့သည် ကျမ်းဂန်နဲ့အညီ
    လမ်းမှန်ကျင့်မည်    ကောင်းမှုကုသိုလ်ပြုကာ သေသေချာချာ
    စေတနာရွှင်ကြည်
    နတ်မင်းများက ထင်ရှားကူညီပါလိမ့်မည်
    မကောင်းမှုပြုတဲ့သူ ခုမနှေး အရေးယူလိမ့်မည်
    မိုးကြိုးလက်နက်တဲ့ တာဝတိံသာ ဘုံအာကာဆီ
    သိကြားမင်းလာတော့ ထင်လင်းတကယ် 
    ပစ်ခွင်းမယ်
    သာသနာရောင်ခြည် မညှိုးအောင် 
    စောင့်ရှောက်မည်
    မာတလိပါစုံညီ အော်-ဝိသကြုံခေါ် 
    ထိုနတ်များက
    တရားတော်နှင့်အညီ
    လူ့ပြည်ကိုလှည့်လည် အမှုတွေကြည့်မည်။
    မတော်တာကိုအတည် ရှောင်ရှားသင့်လေပြီxxx 
စသည်ဖြင့် သီဆိုသတိပေး လှုံ့ဆော်ပေးခဲ့သည်မှာ နမူနာယူ    ဆင်ခြင်နာယူလိုက်နာဖွယ်ပင်  ဖြစ်ပါသည်။ 

 


လူသွားရာ   အရိပ်ပါဆိုသကဲ့သို့   သူတော်စင် သူတော်မြတ် ပုဂ္ဂိုလ်မှန်သမျှကို ပြစ်မှားစော်ကား သည့် အကြမ်းဖက်လူရမ်းကားများ လူယုတ်မာတို့ သည့် အနန္တကျေးဇူးရှင်  ခင်ပွန်းကြီး ၁၀ ပါးအား စော်ကားရန်ပြုသမျှ  မိမိတို့၏  အကုသိုလ်ကံပေး ကံကြောင့် ကံကြီးထိုက်ကာ လောကီလောကုတ္တရာ ပြစ်ဒဏ်များနှင့် အပါယ်ငရဲ ဒုဂ္ဂတိဘုံများက အပြစ် ပေးရန် အမြဲအဆင်သင့်  စောင့်စားလျက်ရှိနေပြီဖြစ် သည်။  မိမိတို့ခံရမည့် ပြစ်ဒဏ်များမှ လွတ်မြောက် ရန် မြေလျှိုး၍ မိုးပျံပြီး ပုန်းအောင်းနေလည်း မည်သို့မျှ လွတ်မြောက်လိမ့်မည်မဟုတ်ပါ။ ဘယ်သူ မပြု  မိမိမှုသာဖြစ်သောကြောင့်   ကိုယ်ပြုသမျှ ကံသည် ကိုယ့်ကိုပင်  ပြန်လည်ဒဏ်ခတ်မည်မှာ မလွဲပေ။ လူနေမှု လောကကြီးတွင် မကောင်းမှု အကြမ်းဖက် ဒုစရိုက်လုပ်ငန်းများဖြင့် အောင်ပွဲခံ ရမှု လုံးဝမရှိနိုင်ပါ။ မင်းမဲ့တိုင်းပြည် လုံးဝမဟုတ် သောကြောင့် မင်းမဲ့ စရိုက်မှန်သမျှ မရှုမလှ ကျရှုံးရ မည်သာဖြစ်သည်။ 

 


ထေရဝါဒဗုဒ္ဓသာသနာတော်ကြီးကို လုံးဝထိပါး မခံနိုင်ကြသည့် အမျိုးသာသနာကို အသက်ပေး ကာကွယ်စောင့်ရှောက်လိုသူတိုင်းသည် အဓမ္မကို ဓမ္မဖြင့်လည်းကောင်း၊ အဆိုးကို အကောင်းဖြစ် အောင်လည်းကောင်း၊     အကြမ်းဖက်နည်းကို အနုနည်းဖြစ်သော လူထုနည်း၊ အမျိုးသားရေး လှုပ်ရှားမှုတို့ဖြင့် ညီညီဖြဖြ ကာကွယ်ရင်ဆိုင်သွား ကြမည်သာဖြစ်သည်။  ဗုဒ္ဓသာသနာတော်ဆိုင်ရာ အသင်းအဖွဲ့များ၊ ထေရဝါဒဗုဒ္ဓဘာသာဝင်အားလုံး တို့သည်   အစဉ်အမြဲ  တောင့်တင်းခိုင်မာလှသော အမျိုးသားရေးတံတိုင်းကြီးပင် ဖြစ်သည်။


(၄)
နိုင်ငံရေးသိပ္ပံပညာအရ  “အကြမ်းဖက်ဝါဒ” (Terrorism)ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ပြည်သူ များကို  ဥပဒေမဲ့  မင်းမဲ့လုပ်ရပ်များဖြင့်   အဓမ္မ ခြိမ်းခြောက်ခြင်း၊ တိုက်ခိုက်ခြင်း၊ ညှဉ်းပန်းနှိပ်စက် ခြင်း၊ သတ်ဖြတ်ခြင်းတို့ဖြစ်သည်ဟု ဖွင့်ဆိုထား သည်။  ဆက်လက်၍  အကြမ်းဖက်ဝါဒများနှင့် စပ်လျဉ်း၍


(၁) နိုင်ငံရေးအကြမ်းဖက်မှုဝါဒ၊ 
(၂) လူမှုတော်လှန်ရေးအကြမ်းဖက်ဝါဒ ၊ 
(၃) လူမျိုးသီးခြားခွဲထွက်ရေး အကြမ်းဖက်ဝါဒ ၊ 
(၄) ဘာသာရေးအစွန်းရောက် အကြမ်းဖက်ဝါဒ၊ 
(၅) ဘာသာရေးအခြေခံဝါဒီများ၏ အကြမ်းဖက်ဝါဒ၊ 
(၆) လက်ယာဝါဒီများ၏ အကြမ်းဖက်ဝါဒ၊   
(ဤအကြမ်းဖက် ဝါဒသည် ဒီမိုကရေစီနှင့် လူ့အခွင့် အရေးကို     ရေလဲသုံးကာ   အကြမ်းဖက်ဝါဒကို လိုသလို ကျင့်သုံးလျက်ရှိသည့် ဝါဒဖြစ်သည်။)


(၇) ရာဇဝတ်များကျူးလွန်သည့် အကြမ်းဖက်ဝါဒ  ဟု ခွဲခြားဖော်ပြထားသည်ကို တွေ့ရသည်။
ယခုမျက်မှောက်ပစ္စက္ခကာလတွင် ဝါရင့်ဒီမိုကရေစီနိုင်ငံကြီးအချို့၊         အဖွဲ့အစည်းအချို့တို့သည် ဒီမိုကရေစီကိုမှ အားမနာမထောက်ထားဘဲ အကြမ်း ဖက်လုပ်ရပ်များကို မသိကျိုးကျွန်ပြုကာ ဟန့်တား ခြင်းမပြုရုံသာမက   သွယ်ဝိုက်ပံ့ပိုး     ဘေးတီး သပ်လျှိုပေးနေသည်ကို မျက်ဝါးထင်ထင်တွေ့မြင် နေရသည်။    မကောင်းမှုဟူသည်   ဆိတ်ကွယ်ရာ မရှိခြင်းကို မေ့လျော့နေသလား မပြောတတ်ပါ။

 


တကယ်တော့ ဝါရင့်ဒီမိုကရေစီနိုင်ငံကြီးအချို့သည် သူတို့ကိုယ်တိုင်၊ အကြမ်းဖက် သမားများ၏ ရက်ရက်စက်စက်တိုက်ခိုက်မှုများကို မရှုမလှခံစား ခဲ့ကြရပါပြီ။ အနီးဆုံး လက်တွေ့ သာဓကကိုကြည့် မည် ဆိုလျှင် လွန်ခဲ့သည့် ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ် လက်ထက်တွင် နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ် ရေး အဆောက်အဦကြီးကို ခရီးသည်တင်လေယာဉ် များ  ပြန်ပေးဆွဲကာ   အကြမ်းဖက်ဝင်ရောက် တိုက်ခြင်းကြောင့် လူဦးရေ ၃၀၀၀ ကျော်  အသက် ဆုံးရှုံးခဲ့ကြ ရရှာသည်။  အနိဋ္ဌာရုံ ဖြစ်ရပ်ဆိုးကြီးမှာ အစ္စလာမ္မစ်အစွန်းရောက် အယ်လ်ကေဒါ အကြမ်း ဖက်အဖွဲ့မှ   အကြမ်းဖက်ခေါင်းဆောင်  အိုစမာ ဘင်လာဒင်၏ အကြံအစည်ဖြင့် ပေါ်ပေါက်ခဲ့သော ကမ္ဘာကျော် အကြမ်းဖက်တိုက်ခိုက်မှုကြီးပင်ဖြစ်သည်။  

 


အလားတူ ဗြိတိန်နိုင်ငံတွင်လည်း    မြောက် အိုင်ယာလန်နှင့်  တောင်အိုင်ယာလန်တို့   ခွဲခြား တည်ထောင်မှုနှင့် စပ်လျဉ်း၍ ဗြိတိသျှအစိုးရ၏ အစီအစဉ်ကို မကျေနပ်၍ “အိုင်အာ အေ” (Irish Republican Army) ကို ဖွဲ့စည်းကာ လက်နက်ကိုင် တိုက်ပွဲများ ဆင်နွှဲခဲ့ရာတွင် ဗြိတိသျှအာဏာပိုင် များစွာတို့သည် အကြမ်းဖက်လုပ်ရပ်များကြောင့် အသက်များစွာ   ဆုံးရှုံးခဲ့ရသည့်  လက်တွေ့သာဓက လည်း ရှိနေပါသည်။

 


ငှက်ပျောပင်တွင် အသီးသီးလာလျှင် သေရ၏။ ဝါးပင်တွင်   ဝါးသီးသီးလျှင်ဖြစ်စေ၊   ကျူပင်တွင် ကျူသီးသီးလျှင်ဖြစ်စေ    သေကျေပျက်စီးကြရပါ သည်။ အလားတူပင် အကြမ်းဖက်သမားတို့သည် လည်း မိမိပြုသော  အကုသိုလ်ကံဆိုးများကြောင့် ဘယ်သူမပြုမိမိမှု ကိုယ်ပြုသမျှကံ ကိုယ်သာခံရမည် မလွဲဟု  သုံးလောကထွတ်ထား   မြတ်ဗုဒ္ဓဘုရား ကိုယ်တော်တိုင်           ဘုရားပြိုင်လုပ်ချင်သည့် ရှင်ဒေဝဒတ်ကို ရည်ညွှန်း၍ ဟောကြားသွန်သင်တော် မူခဲ့ပါ သည်။ ရာဇာဝတ်ဘေး ပြေးမလွတ်ဆိုသည့်ပမာ မိမိပြုထားသမျှ အကုသိုလ်ကံသည် ယခုဘဝရော သံသရာတစ်လျှောက်လုံးမှာပါ  ပြေး၍မလွတ်ဘဲ ခါးစည်းခံရရုံကလွဲ၍ အခြားပြော ရန်မရှိတော့ပါဟု ရေးသားတင်ပြလိုက်ပါသည်။ 

 

အကိုးအထောက်
      ယမကဝဂ်၊ ဓမ္မပဒ (ဦးရွှေအောင် - 
    ဝဋံသကာ - သိရောမဏိ - သက္ကတ 
မဟာဝိဇ္ဇာ မြဝတီပုံနှိပ်တိုက် ၁၉၉၁ ခုနှစ်)