အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ် ၃၆၀ ပျက်စီးဆုံးရှုံးခဲ့ရ

 

နေပြည်တော်   ဒီဇင်ဘာ   ၃

 


CRPH နှင့် NUG အမည်ခံ  အကြမ်းဖက်အဖွဲ့များသည်  အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF  အမည်ခံ အကြမ်းဖက်အဖွဲ့ကိုဖွဲ့စည်း၍ အချို့သောဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများ အား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊  အများပြည်သူနှင့် သက်ဆိုင်သော ဆေးရုံများ၊  ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိက ပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပိုင်ပစ္စည်းများ၊  ပုဂ္ဂလိကပိုင်ပစ္စည်းများနှင့်  စက်ရုံ၊  အလုပ်ရုံများ အား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအားလုယက်ခြင်း စသည့်အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန် လျက်ရှိသည်။ထိုသို့  အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်း စသည့်     အကြမ်းဖက်လုပ်ရပ်များ  လုပ်ဆောင်ခဲ့ခြင်းကြောင့်  ၂၀၂၁  ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၀  ရက်အထိ နေအိမ် ၃၆၀ ပျက်စီးဆုံးရှုံးခဲ့ရမှုကို  ဖော်ပြပါအတိုင်း တွေ့ရှိရသည်-