
နေပြည်တော် နိုဝင်ဘာ ၂၄
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ် ဆည်းကပ်ရာ ရဟန်းသံဃာတော်များ၊ အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမ များ၊ နိုင်ငံ့ဝန်ထမ်းကောင်းများ၊ အေးချမ်းစွာနေထိုင်သော ပြည်သူ များကို ရက်စက်ယုတ်မာစွာ အကြမ်းဖက်သတ်ဖြတ်ခြင်းများဆောင် ရွက်လျက်ရှိသည့်အပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ အစိုးရရုံးဌာနများ၊ အများပြည်သူနှင့်သက်ဆိုင်သော စီးပွားရေးအဆောက်အဦများ၊ နေအိမ်အဆောက်အဦများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို ဆင်ခြေတုံတရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။
ထိုကဲ့သို့ လုပ်ဆောင်လျက်ရှိရာ CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲမှုနှင့် မီးရှို့ဖျက်ဆီးခြင်းများကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ လမ်း၊ တံတားများ စုစုပေါင်း ၃၉၇ ခု ပျက်စီးဆုံးရှုံးခဲ့မှုများကို ဖော်ပြပါအတိုင်း တွေ့ရှိရသည်-
အကြမ်းဖက်အဖွဲ့များ၏ ယခုကဲ့သို့ လမ်း၊ တံတားများ၊ အစိုးရရုံးဌာနများ၊ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများအား မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုများအပေါ် ပြည်သူလူထုတစ်ရပ်လုံး အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ် အေးချမ်းရေးတို့အတွက် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများရရှိပါက နီးစပ်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ ဆက်သွယ်သတင်း ပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင် သည်အထိ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြ ပါရန် မေတ္တာရပ်ခံ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။
သတင်းစဉ်