အကြမ်းဖက်သမားများ၏ ပြည်သူလူထုကို ဦးတည်၍ ပစ်မှတ်ထားတိုက်ခိုက်နေမှုကို ရှုတ်ချကြောင်း OMNI FOCUS ကုမ္ပဏီက ထုတ်ပြန်

နေပြည်တော်  အောက်တိုဘာ   ၃၁


အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH ၊ NUG နှင့်  PDF အဖွဲ့များသည် စစ်ရေးပစ်မှတ်များ မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များကို ဦးတည်၍ အကြမ်းဖက်  တိုက်ခိုက်သတ်ဖြတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ  အပါအဝင်  အကြမ်းဖက် လုပ်ရပ်မျိုးစုံဖြင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု နှင့် တရားဥပဒေစိုးမိုးမှုကို ထိခိုက်ပျက်ပြားစေရန်   ဦးတည်လုပ်ဆောင်လျက်ရှိသည်။


ထိုသို့လုပ်ဆောင်လျက်ရှိရာ  ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ဆင်မလိုက်အဝေးပြေး မှတ်တိုင်အနီး၌ YBS ယာဉ် တစ်စီးအား PDF အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက် သမားတစ်ဦးက မီးလောင်ဗုံးဖြင့်  တိုက်ခိုက်ခဲ့ရာ  မော်တော်ယာဉ်   မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကာ ယာဉ်ပေါ်ပါ  ခရီးသည်များ   ထိခိုက်ဒဏ်ရာရရှိမှု  မရှိကြောင်း သိရှိရသည်။ PDF အကြမ်းဖက်အဖွဲ့များ အနေဖြင့် ယခင်ကလည်း ယခုကဲ့သို့ အများပြည်သူ စီးနင်းလိုက်ပါလျက်ရှိသော    ပုဂ္ဂလိကယာဉ်လိုင်း များကို  မိုင်းထောင်တိုက်ခိုက်ခြင်း၊  မီးရှို့ဖျက်ဆီး ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရသည်။


ယင်းသို့ အကြမ်းဖက်လုပ်ရပ်လုပ်ဆောင်ခဲ့မှုအပေါ် OMNI FOCUS ကုမ္ပဏီက အကြမ်းဖက်လုပ်ရပ်  ကျူးလွန်မှုကို  ပြင်းထန်စွာရှုတ်ချကြောင်းနှင့် ခရီးသွား ပြည်သူများ၏ အသက်ဘေးနှင့် လုံခြုံရေးကို အချိန်မီ  ကူညီဆောင်ရွက်ပေးခဲ့သည့်  ကုမ္ပဏီမှ  တာဝန်သိ ဝန်ထမ်းများနှင့်     လုံခြုံရေးတပ်ဖွဲ့ဝင်များအား မှတ်တမ်းတင်ဂုဏ်ပြုကြောင်းကို  ဖော်ပြပါအတိုင်း ထုတ်ပြန်ခဲ့သည်ဟု သတင်းရရှိသည်။ 


သတင်းစဉ်