အကြမ်းဖက်သမားများက စာသင်ကျောင်းများအား လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြု၍ ဖောက်ခွဲဖျက်ဆီး

နေပြည်တော်   ဒီဇင်ဘာ    ၂


အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေး တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအတွက် ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးခြင်း၊ ပစ်ပေါက် ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။ 


ထိုသို့ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များပြုလုပ်ခဲ့ရာ ဒီဇင်ဘာ ၁ ရက် နံနက် ၈ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ် မြို့သစ်(၄)ရပ်ကွက် လမ်း ၆၀ နှင့် ၆၁ လမ်းကြား၊ ၁၁၁ လမ်း ပေါ်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှေ့၌ မသင်္ကာ ဖွယ်အထုပ်တစ်ထုပ်တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက  သွားရောက်စစ်ဆေးခဲ့ရာ PVC ပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်ရှင်းလင်းနေစဉ် အဆိုပါနေရာနှင့် ၁၅ ပေ ခန့်အကွာမှ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အအုံ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။


လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲ


အလားတူ  ဒီဇင်ဘာ ၁ ရက် ည ၈ နာရီခွဲတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ တပ်ကုန်းမြို့နယ် ညောင်လွန့်ကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်း   ဝင်ပေါက်အနီး၌   အကြမ်းဖက်သူများ ထောင်ထားသည့် PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သည်။ ထို့ပြင် ဒီဇင်ဘာ ၂ ရက် နံနက် ၆ နာရီခွဲတွင် အဆိုပါ ကျောင်းဝင်ပေါက်အနီး၌ လက်လုပ်မိုင်းတစ်လုံးတွေ့ရှိရသဖြင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျောင်းဝင်ပေါက်တံခါး အောက်၌ အကြမ်းဖက်သူများထောင်ထားသည့် PVC ပိုက်ဖြင့် ပြုလုပ် ထားသော လက်လုပ်မိုင်းတစ်လုံးအား  တွေ့ရှိရပြီး  သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်းနှင့် ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အအုံ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။


အလားတူ ဒီဇင်ဘာ ၂ ရက် နံနက် ၇ နာရီ မိနစ် ၅၀ တွင် ရန်ကုန် တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် (၇)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းရှေ့ ဝင်ပေါက်အနီး၌ မသင်္ကာဖွယ်အထုပ် တစ်ထုပ်တွေ့ရှိကြောင်း   သတင်းအရ  လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျောင်းဝင်ပေါက်အနီး ခြံစည်းရိုးအပြင်ဘက်၌ တွေ့ရသည့် အထုပ်အတွင်းမှ PVC ပိုက်ဖြင့် ပြုလုပ်ထားပြီး Keypad ဖုန်းဖြင့် ချိတ်ဆက်ထားသည့် လက်လုပ်မိုင်းတစ်လုံးကို တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်ပြီး ဆက်လက်စစ်ဆေးခဲ့ရာ ဝင်ပေါက်အနီးရှိ သစ်ပင် အောက်၌ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲထားသည့် အပိုင်းအစများ တွေ့ရှိရကြောင်း  သိရသည်။ 


အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူ များအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


သတင်းစဉ်