
နေပြည်တော် စက်တင်ဘာ ၇
နိုင်ငံတော်အတွင်း နေထိုင်ကြသော ပြည်သူလူထုများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစ်စိတ် တစ်ပိုင်းအဖြစ် အထောက်အကူပြုသည့် ဆက်သွယ်ရေးကွန်ရက် နိုင်ငံတစ်ဝန်းလုံး ဖြန့်ကြက်နိုင်စေရန် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်စီစဉ်ညွှန်ကြားမှုများဖြင့် ဆက်သွယ်ရေးတာဝါတိုင်များအား အမြို့မြို့၊ အနယ်နယ်တိုင်း၌ တွန်းအားပေးစိုက်ထူ ဆောင်ရွက်ထားရှိခဲ့သည်ကို အေးချမ်းစွာနေထိုင်လိုခြင်းမရှိဘဲ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သူများက အဆိုပါဆက်သွယ်ရေးတာဝါတိုင်များအနက် အချို့အား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းများဖြင့် အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်လျက် ရှိသည်။
ထိုသို့ ဖျက်ဆီးခြင်းများ ဆောင်ရွက်ရာတွင် စက်တင်ဘာ ၇ ရက် နံနက် ၂ နာရီက မန္တလေး တိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ဖလံကျင်းကျေးရွာ မိတ္ထီလာ-ပင်းတလဲ ကားလမ်းဘေးရှိ Mytel ဖုန်းတာဝါတိုင်၌ ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ IPS Pruan ဖုန်းလိုင်းလွှင့်စက် နှင့် ZTT Battery Bank ၄၈ ဗို့ ခုနစ်လုံးကို မီးရှို့ဖျက်ဆီးထား သည်ကို တွေ့ရှိရကြောင်း သိရ သည်။
အလားတူ နံနက် ၂ နာရီခွဲတွင် ဝမ်းတွင်းမြို့နယ် သဲတောကျေးရွာ ၏ အနောက်တောင်ဘက် တစ်ဖာလုံခန့်အကွာရှိ Mytel တာဝါတိုင်၌ ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်စစ်ဆေးခဲ့ရာ Mytel တာဝါတိုင်ရှိ DG အမျိုးအစား မီးစက်တစ်လုံးနှင့် ပါဝါကြိုး သုံးမီတာခန့်ကို ဖျက်ဆီးထား သည်ကို တွေ့ရှိရကြောင်း သိရ သည်။
အလားတူ နံနက် ၇ နာရီခွဲ တွင် ငါးဇွန်မြို့ အမှတ်(၄)ရပ်ကွက် နေ ဦးထွန်းရီ(၅၈ နှစ်) (ဘ)ဦးစိန် ထွန်း၏ နေအိမ်ခြံဝင်းအတွင်း စိုက်ထူထားသော ဖုန်းတာဝါတိုင် အထိုင်စက်ပုံးကို ဖျက်ဆီးခံရ ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ နံနက် ၁ နာရီခွဲတွင် အကြမ်းဖက်သူ အမျိုးသား ငါးဦးက ဆက်သွယ်ရေးတာဝါ တိုင် အောက်ခြေအထိုင်စက်ပုံး ကို ဖျက်ဆီးခဲ့သဖြင့် တာဝါတိုင် အထိုင် စက်ပုံးမှ Mytel/Ooredoo/Telenor ဆက်သွယ် ရေးလိုင်း သုံးလိုင်း ပျက်စီးခဲ့ ကြောင်း သိရသည်။
အထက်ပါ ဖြစ်စဉ်များမှ အကြမ်းဖက်မှု လုပ်ရပ်များကို ကျူးလွန်သူများအား စုံစမ်း ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်