အကြမ်းဖက်သူများက မြို့နယ်အချို့ရှိ ဆက်သွယ်ရေးတာဝါတိုင်များအား ဖျက်ဆီးမှုများ ပြုလုပ်

 

 

နေပြည်တော်  စက်တင်ဘာ  ၆


နိုင်ငံတော်အတွင်း နေထိုင်ကြသော ပြည်သူလူထုများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစ်စိတ် တစ်ပိုင်းအဖြစ် အထောက်အကူပြုသည့် ဆက်သွယ်ရေးကွန်ရက်များအား နိုင်ငံတစ်ဝန်းလုံး ဖြန့်ကြက်နိုင် စေရန် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်စီစဉ်ညွှန်ကြားမှုများဖြင့် ဆက်သွယ်ရေးတာဝါတိုင်များအား အမြို့မြို့၊ အနယ်နယ်တိုင်း၌ တွန်းအားပေးစိုက်ထူ ဆောင်ရွက်ထားရှိခဲ့သည်ကို အေးချမ်းစွာနေထိုင်လိုခြင်း မရှိဘဲ နိုင်ငံရေးအစွန်းရောက်  အကြမ်းဖက်သူများက အဆိုပါဆက်သွယ်ရေး  တာဝါတိုင်များအနက်  အချို့ကို မီးရှို့ဖျက်ဆီးခြင်း၊  မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများဖြင့် အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်လာ ကြသည်ကို တွေ့ရှိရသည်။
ထိုသို့    ဖျက်ဆီးခြင်းများ ဆောင်ရွက်ရာတွင် စက်တင်ဘာ ၅ ရက်    နံနက်  ၁  နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး   စဉ့်ကူး မြို့နယ်    ကျည်တောက်ပေါက် ကျေးရွာ    ဓမ္မာရုံအနီးနေ  မသန်း သန်းတိုး(၄၅ နှစ်)   (ဘ)ဦးတိုင်း အောင်၏   နေအိမ်ခြံဝင်းအတွင်း စိုက်ထူထားသည့်    Ooredoo ဆက်သွယ်ရေး    တာဝါတိုင်၏ ဆက်သွယ်ရေးစက်များ တပ်ဆင် ထားသည့်      အထိုင်စက်ပုံးကို အကြမ်းဖက်သူများက      မီးရှို့ ဖျက်ဆီးခဲ့သဖြင့်    မီးလောင်မှု ဖြစ်ပွားခဲ့ရာ   အနီးရှိပြည်သူများ က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် နံနက် ၂ နာရီခန့်တွင်    မီးငြိမ်း သွားခဲ့ပြီး     မီးလောင်မှုကြောင့် ဆက်သွယ်ရေး   စက်ပုံးအတွင်းမှ စက်ပစ္စည်းများနှင့် ကေဘယ်လ် ကြိုးများ မီးလောင်ပျက်စီး  ဆုံးရှုံး ခဲ့ကြောင်း သိရသည်။ 
မီးပုလင်းဖြင့် ပစ်ပေါက်
အလားတူ နံနက် ၃ နာရီခွဲ အချိန်တွင် မိတ္ထီလာမြို့ရှောင်လမ်း အနီး သာစည်မြို့နယ် ကျည်းကန် ကျေးရွာနေ ဦးဟန်ရှိန်(၅၂ နှစ်) (ဘ)  ဦးမြင့်မောင်  ပိုင်ဆိုင်သော တောင်ယာကွက်ထဲ၌ စိုက်ထူထား ရှိသည့် Mytel/Telenor/Ooredoo ဆက်သွယ်ရေးစက်များနှင့် ဘက် ထရီ အိုးများ   ထည့်သွင်းထားသည့် စက်ခန်းအတွင်းသို့ အကြမ်းဖက် သူများက မီးပုလင်းဖြင့် ပစ်ပေါက် ခဲ့၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ   လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ စက်ခန်းအတွင်း   တပ်ဆင်ထား သည့်     AC   ပါဝါကေဘယ်လ်ကြိုး မီတာ ၃၀၊    Singel   Bigger လေးလုံး၊  ဆိုလာပါဝါကေဘယ်လ် ကြိုး မီတာ ၂၀ ခန့်တို့အားဖျက်ဆီး ခံထားရပြီး        မီးပုလင်းပစ်ခဲ့မှု ကြောင့်  မီးလောင်ကျွမ်းမှုမရှိဘဲ စက်ခန်းအနီးမှ   ဓာတ်ဆီနံ့ရရှိ သော      ပုလင်းကွဲများ     တွေ့ရှိ သိမ်းဆည်းရရှိခဲ့ကြောင်း    သိရ သည်။
အလားတူ       စက်တင်ဘာ ၆ ရက်   နံနက် ၈ နာရီခွဲတွင် ပြင်ဦးလွင်မြို့နယ်  အနီးစခန်းနှင့် ဆင်လမ်းဆည်သို့    ဆက်သွယ် ထားသည့်       မြေသားလမ်းဘေးနေ ဒေါ်ဘောက်မိုင် (၅၆ နှစ်) (ဘ) ဦးဂွန်ဂျာ၏  နေအိမ်ခြံဝင်းအတွင်း ၌ စိုက်ထူထားသည့် Ooredoo /Telenor  ဖုန်းလိုင်းများ၏ထပ်ဆင့် ထုတ်လွှင့်ရေး   ဆက်သွယ်ရေး    တာဝါတိုင်၌ ပေါက်ကွဲမှု  ဖြစ်ပွား ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက    သွားရောက် စစ်ဆေးခဲ့ရာ Ooredoo    ဖုန်းလိုင်း  ထပ်ဆင့်   ထုတ်လွှင့်ဆက်သွယ် ရေး   စက်ပုံး၏   အောက်ခြေ၌ အကြမ်းဖက်သူများ ဖောက်ခွဲခဲ့ သည့်    လက်လုပ်မိုင်း   တစ်လုံး ပေါက်ကွဲထားသည်ကို တွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့်   Ooredoo ဆက်သွယ်ရေး စက်များထည့်ထား သည့် စက်ပုံးပျက်စီးခဲ့ပြီး အနီးရှိ Telenor    ဆက်သွယ်ရေးစက် များ      အနည်းငယ်ပျက်စီးကာ ဆက်သွယ်ရေး       ဖိုက်ဘာကြိုး ငါးချောင်း   ပြတ်တောက်ပျက်စီး ခဲ့သဖြင့်   တန်ဖိုးငွေကျပ်  ၂၀၀၅  သိန်းခန့်    ဆုံးရှုံးခဲ့ကြောင်း   သိရ သည်။
အရေးယူနိုင်ရေးဆောင်ရွက်
အထက်ပါ    ဖြစ်စဉ်များမှ အကြမ်းဖက်မှု   လုပ်ရပ်များကို ကျူးလွန်သူများအား  စုံစမ်းဖော် ထုတ်၍  ဥပဒေနှင့်အညီ ထိရောက် စွာ  အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက    ဆက်လက် ဆောင်ရွက်လျက်    ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်