အကြမ်းဖက်သူများက မြို့နယ်အချို့ရှိ ဆက်သွယ်ရေးတာဝါတိုင်များအား ဖျက်ဆီးမှုများ ပြုလုပ်

နေပြည်တော်   စက်တင်ဘာ   ၆


နိုင်ငံတော်အတွင်း  နေထိုင်ကြသော  ပြည်သူလူထု များ၏   လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစ်စိတ်တစ်ပိုင်းအဖြစ်    အထောက်အကူပြုသည့်  ဆက်သွယ်ရေးကွန်ရက်များအား နိုင်ငံတစ်ဝန်းလုံး ဖြန့်ကြက်နိုင်စေရန် နိုင်ငံတော်အစိုးရ၏ လမ်းညွှန် စီစဉ်ညွှန်ကြားမှုများဖြင့် ဆက်သွယ်ရေးတာဝါတိုင် များအား အမြို့မြို့ အနယ်နယ်တိုင်း၌ တွန်းအားပေး စိုက်ထူ ဆောင်ရွက်ပေးထားရှိခဲ့သည်ကို  အေးချမ်းစွာ နေထိုင်လိုခြင်းမရှိဘဲ    နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သူများက    အဆိုပါဆက်သွယ်ရေး တာဝါတိုင်များအနက် အချို့အား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများဖြင့် အကြမ်း ဖက်မှုလုပ်ရပ်များ      လုပ်ဆောင်လာကြသည်ကို တွေ့ရသည်။


ထိုသို့ ဖျက်ဆီးခြင်းများ   ဆောင်ရွက်ရာတွင် စက်တင်ဘာ ၅ ရက် နံနက် ၁ နာရီခွဲတွင် မန္တလေး တိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက် ကျေးရွာ  ဓမ္မာရုံအနီးနေ  မသန်းသန်းတိုး(၄၅)နှစ်  (ဘ)ဦးတိုင်းအောင်၏ နေအိမ်ခြံဝင်းအတွင်း စိုက်ထူ ထားသည့် Ooredoo ဆက်သွယ်ရေးတာဝါတိုင်၏ ဆက်သွယ်ရေးစက်များ တပ်ဆင်ထားသည့် အထိုင် စက်ပုံးအား အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီး ခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနီးရှိပြည်သူများက  ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် နံနက် ၂ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ဆက်သွယ်ရေး စက်ပုံးအတွင်းမှ စက်ပစ္စည်းများနှင့် ကေဘယ်လ်ကြိုး များ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ 

သိမ်းဆည်းရရှိခဲ့


အလားတူ  နံနက်  ၃  နာရီခွဲတွင်   မိတ္ထီလာ မြို့ရှောင်လမ်းအနီး    သာစည်မြို့နယ်   ကျည်းကန် ကျေးရွာနေ  ဦးဟန်ရှိန်(၅၂)နှစ် (ဘ)ဦးမြင့်မောင် ပိုင်ဆိုင်သော   တောင်ယာကွက်ထဲ၌   စိုက်ထူထား ရှိသည့် Mytel/Telenor/Ooredoo ဆက်သွယ်ရေး စက်များနှင့်  ဘက်ထရီအိုးများ  ထည့်သွင်းထားသည့် စက်ခန်းအတွင်းသို့ အကြမ်းဖက်သူများက မီးပုလင်း ဖြင့် ပစ်ပေါက်ခဲ့၍  မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ  လုံခြုံရေးတပ်ဖွဲ့ဝင်များက  သွားရောက် စစ်ဆေးခဲ့ရာ စက်ခန်းအတွင်း တပ်ဆင်ထားသည့်    AC ပါဝါကေဘယ်ကြိုး မီတာ ၃၀၊  Singel  Bigger လေးလုံး၊ ဆိုလာပါဝါကေဘယ်ကြိုး မီတာ ၂၀ ခန့် တို့အား ဖျက်ဆီးခံထားရပြီး မီးပုလင်းပစ်ခဲ့မှုကြောင့် မီးလောင်ကျွမ်းမှုမရှိဘဲ စက်ခန်းအနီးမှ ဓာတ်ဆီနံ့ ရရှိသော ပုလင်းကွဲများ  တွေ့ရှိသိမ်းဆည်း  ရရှိခဲ့ ကြောင်း သိရသည်။


အလားတူ စက်တင်ဘာ  ၆ ရက် နံနက် ၈ နာရီခွဲ  တွင်  ပြင်ဦးလွင်မြို့နယ်  အနီးစခန်းနှင့်  ဆင်လမ်း ဆည်သို့ ဆက်သွယ်ထားသည့် မြေသားလမ်းဘေးနေ ဒေါ်ဘောက်မိုင် (၅၆)နှစ် (ဘ) ဦးဂွန်ဂျာ၏ နေအိမ် ခြံဝင်းအတွင်း၌   စိုက်ထူထားသည့်   Ooredoo/Telenor  ဖုန်းလိုင်းများ၏   ထပ်ဆင့်ထုတ်လွှင့်ရေး ဆက်သွယ်ရေးတာဝါတိုင်၌    ပေါက်ကွဲမှုဖြစ်ပွား ကြောင်း   သတင်းအရ   လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ Ooredoo ဖုန်းလိုင်းထပ်ဆင့် ထုတ်လွှင့်ဆက်သွယ်ရေးစက်ပုံး၏  အောက်ခြေ၌ အကြမ်းဖက်သူများ ဖောက်ခွဲခဲ့သည့်  လက်လုပ်မိုင်း တစ်လုံးပေါက်ကွဲထားသည်ကို တွေ့ရှိရပြီး  ပေါက်ကွဲ မှုကြောင့်     Ooredoo   ဆက်သွယ်ရေးစက်များ ထည့်ထားသည့် စက်ပုံးပျက်စီးခဲ့ပြီး အနီးရှိ Telenor  ဆက်သွယ်ရေးစက်များ   အနည်းငယ်ပျက်စီးကာ ဆက်သွယ်ရေးဖိုက်ဘာကြိုး ငါးချောင်း ပြတ်တောက် ပျက်စီးခဲ့သဖြင့် တန်ဖိုးငွေကျပ်သိန်းပေါင်း  ၂၀၀၅  သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။


အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ် များကို   ကျူးလွန်သူများအား   စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ     ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။      

 

  သတင်းစဉ်