အကြမ်းဖက်ဝါဒနှင့် လက်နက်ကိုစွန့်၍ ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်စေလို

 

သတင်းစာ၊ ဂျာနယ်များမှ  သတင်းများ ဖတ်ရှုခြင်း၊  ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်သည့်သတင်းများ   နားထောင် ကြည့်ရှုခြင်း၊ အင်တာနက်ပလက်ဖောင်းအမျိုးမျိုးတို့မှ သတင်း များ ကြည့်ရှုခြင်းတို့အပါအဝင် သတင်းအချက်အလက်များ  ရယူ ခြင်းမှာ အကြောင်းအရာတစ်ရပ်ကို  မှန်မှန်ကန်ကန်သိရှိရန်နှင့် မှန်မှန်ကန်ကန်ဆုံးဖြတ်ချက်   ချနိုင်ရန်အတွက်ဖြစ်သည်။

 

မြန်မာ နိုင်ငံတွင် ဖေ့စ်ဘုတ်လူမှုကွန်ရက်ကို သုံးစွဲမှုမြင့်မားလာချိန်၌  စာနယ်ဇင်း၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ သတင်းများ  ရယူမှု များစွာ ကျဆင်းသွားသည်။ နိုင်ငံပိုင်မီဒီယာများသာမက ပုဂ္ဂလိက မီဒီယာများသည်လည်း ထိုနည်းတူစွာပင်ဖြစ်သည်။

 


ဖေ့စ်ဘုတ်ပေါ်တွင် သတင်းတု သတင်းမှားများနှင့်  ကျင့်ဝတ် ကင်းမဲ့ပြီး    တာဝန်ယူ  တာဝန်ခံမှုမရှိသည့်  သတင်းများအပြင်  နိုင်ငံပျက်စီးရာ   ပျက်စီးကြောင်းအတွက် ဘက်ပေါင်းစုံမှ  ထိုးနှက် တိုက်ခိုက်ရေးသားဖြန့်ဝေမှုများလည်း  အချိန်နှင့်အမျှ   မြင်တွေ့ နေရသည်။ သတင်းအချက်အလက်ရယူရန်၊  သတင်းဖတ်ရှုရန် အတွက်   ဖေ့စ်ဘုတ်တစ်ခုတည်းကိုသာ    အသုံးပြုနေသူအဖို့  သတင်းအမှန်ကို အမှန်အတိုင်း  ခြုံငုံသိရှိနိုင်ရန်    ခဲယဉ်းမည် ဖြစ်သည့်အတွက် အခြားမီဒီယာများကိုပါ အသုံးပြုရန်  လိုအပ် မည့်အပြင် အသိဉာဏ်ဆင်ခြင်တုံတရားဖြင့် ဆုံးဖြတ်နိုင်ရန်လည်း လိုအပ်မည်ဖြစ်သည်။

 


မိမိတို့နိုင်ငံတွင်  CRPH နှင့်  NUG  အကြမ်းဖက်အဖွဲ့များမှ ဦးဆောင်သူများက ပြည်တွင်း၌ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာ အောင် ဝါဒဖြန့်၊  လှုံ့ဆော်သွေးထိုးမှုများကို   ပြည်ပလက်ဝေခံ အကြမ်းဖက်အားပေး မီဒီယာများနှင့်  လူမှုကွန်ရက်များပေါ်မှ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ အကြမ်းဖက်အဖွဲ့များ၏ ဝါဒ ဖြန့်မှုများအောက်မှ အကောင့်တုအမျိုးမျိုးနှင့် ထပ်ဆင့်ဖြန့်ဝေ မှုများ၊ ထောက်ခံအားပေးမှုများကို   အမှန်အဟုတ်ဟုထင်လျှင်  တက်တက်စင်အောင် လွဲမည်သာဖြစ်သည်။

 


မဲမသမာမှုကို အကြောင်းပြု၍ ဖြစ်ပေါ်လာခဲ့သည့် နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်အတွင်း အကြမ်းဖက်အုပ်စုများ၏ စည်းရုံး သိမ်းသွင်းမှု၊ ဝါဒဖြန့်ချိမှုများကို နားယောင်ကာ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး   အမည်ခံ၍   နိုင်ငံတော်ကြီး  အလုံးစုံ ပျက်သုဉ်းရေးအစီအမံတွင် ပါဝင်ခဲ့ကြသူများအနေဖြင့် မိမိတို့၏ ဘဝ နစ်သည်ထက် မနစ်မွန်းခင်  အချိန်မီပြင်ဆင်နိုင်ရန် အခွင့် အလမ်း ပေါ်လာခဲ့ပြီဖြစ်သည်။ ၎င်းတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင်    ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး  အတွက်  သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင် အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင် ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည် ဖြစ်ပါကြောင်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

 


လက်ရှိကာလသည် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက် များနှင့်အညီ    ဆောင်ရွက်နေသည့်ကာလဖြစ်ပြီး     စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက် ဖော်ဆောင်နိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းဆောင် ရွက်မှုလိုအပ်သည်။ လက်နက်ကိုင်ဆန့်ကျင်သည့်  နည်းလမ်း သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေပြီး ဒီမို ကရေစီထွန်းကားရေးကို နှောင့်နှေးစေမည်ဖြစ်ရာ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်  အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းဖြင့် မိမိတို့၏ ဒေသများ တည်ငြိမ်အေးချမ်းရေး၊ စစ်မှန်သော ပါတီစုံဒီမိုကရေစီ စနစ် ဆက်လက်ဖော်ဆောင်နိုင်ရေးတို့ကို  အကျိုးပြုနိုင်ကြပါ စေကြောင်း။              ။